You are here
Home > CELE > “ပိန်မှလှတယ် လို့ဘယ်သူပြောလဲ Retro Style လေး နဲ့လှနေတဲ့ ဝက်မလေးပါ လို့ ကိုယ့်ကိုကိုယ် ဆိုလာတဲ့ သက်မွန်မြင့်”

“ပိန်မှလှတယ် လို့ဘယ်သူပြောလဲ Retro Style လေး နဲ့လှနေတဲ့ ဝက်မလေးပါ လို့ ကိုယ့်ကိုကိုယ် ဆိုလာတဲ့ သက်မွန်မြင့်”

ပရိသတ် အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတွေထဲက တစ်ယောက် အပါအဝင်လို့ ပဲဆိုရမှာပါ ။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်လို့ မထင်ရအောင် ချစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။ သူကိုယ်သူ ပိန်မှလှတယ်လို့ဘယ်သူပြောလဲ Retro Style လေးနဲ့လှနေတဲ့ ဝက်မလေးပါဆိုပြီးတော့ သူရဲ့လူမူကွန်ရက်စာမျက်နှာ မှာဖော်ပြထားတာဖြစ်ပါတယ်။

“Retro Style လေး နဲ့ လှနေသော ယူတို့ရဲ့ ဝက်မ ပိန်မှ လှတယ်လို့ ဘယ်သူပြောလဲ စတာပါနောက်တာပါအတည်ပါ ” ဆိုပြီးတော့ ၀၀လေးနဲ့ ဝက်မလေးလို ချစ်စရာကောင်းနေတယ် ဆိုတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။ Retro Style ဝတ်စုံလေးကို ဒီဇိုင်နာ Ma Pont ကနေပြီးတော့

သက်မွန်အတွက် ဝတ်နေကြပုံစံ မဟုတ်သော ဆင်နေကြပုံစံက ကွဲထွက်လို့ ကိုယ့်ပွဲလေးနဲ့လိုက်ဖက်မဲ့ Retro style လေးကို KAY မှာအသစ်ရောက်တဲ့ Brocade အနက်ရောင်ကနုတ်ဆင်လေးနဲ့ ချုပ်ပေးထားတာဖြစ်ပါတယ်။ ကိုယ်လုံးလေးပိုသွယ်အောင်ဂါဝန်ကို ရှေ့တိုနောက်ရှည် အစွေအထပ်ထပ်လေးယူထားပြီး လက်မောင်းကိုအကျပ်အတိုလေးချုပ်ပေးထားတာဖြစ်ပါတယ်။ Sexy လေးပိုကျအောင် လည်ပင်းသားများများလေးဖော်ပေးထားပြီတော့း လက်အိတ် headpiece ခါးပတ် နုတ်ခမ်းနီကို အနီရောင်လေးဆင်ပေးထားတဲ့အတွက် အရမ်းကို ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ Retro Style လေးနဲ့လှနေတဲ့ ဝက်မလေး သက်မွန် အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။

crd : CeleGabar / Source : Thet Mon Myint

Top
//nossairt.net/4/3018672