
လူေတာ္ေတာ္မ်ားမ်ားဟာ ေရေအး ဒါမွမဟုတ္ ေရခဲေရကိုပဲ စြဲစြဲဲျမဲျမဲေသာက္သံုးတတ္ၾကပါတယ္။ဒါေပမယ့္ ေရေႏြးျဖဴမွာ သင္မသိတဲ့ က်န္းမာေရးဆိုင္ရာ အလွအပဆိုင္ရာ အက်ိဳးေက်းဇူးေတြ အမ်ားၾကီးရွိတယ္ဆိုတာ သင္သိပါသလား။
ကဲ ေရေႏြးျဖဴေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ေအာက္မွာေဖာ္ျပေပးလိုက္တယ္ေနာ္။ခုကစျပီး ေရေႏြးမ်ားမ်ား ေသာက္သံုးေပးၾကပါလုိ႔လည္း တိုက္တြန္းလိုက္ပါတယ္။
(၁) အဆီက်သြယ္လ်ေစတယ္
ေရေႏြးဟာ အစာေခ်စနစ္ကို ေကာငး္မြန္ေစျပီး ဝမ္းမွန္ေစပါတယ္။တကယ္လုိ႔ သင္ဟာ ဝိတ္က်ခ်င္ေနတဲ့သူ၊ ပိန္ခ်င္တဲ့သူတစ္ေယာက္ ဆိုရင္ေတာ့ အစာအစားျပီးတိုင္း ေရေႏြးျဖဴထဲကုိ သံပုယို တစ္ျခမ္းေလာက္ ညွစ္ထည့္ျပီး ေသာက္သံုးေပးျခင္းျဖင့္ အျမန္ဆံုးဝိတ္က်သြားမွာ ျဖစ္ပါတယ္။
(၂) လည္ေခ်ာင္းရွင္းေစတယ္
ေရေႏြးျဖဴဟာ အေအးမိျခငး္၊ ေခ်ာင္ဆိုးျခင္းနဲ႕ လည္ေခ်ာင္းယားယံျခငး္ေတြအတြက္ အစြမ္းထက္တဲ့ ေဆးေကာင္းတစ္လက္ျဖစ္ပါတယ္။
(၃) နာက်င္ကိုက္ခဲတာ သက္သာေစတယ္
ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲတာေတြကို ေရေႏြးျဖဴ ေသာက္သံုးေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါတယ္။
(၄) အဆိပ္အေတာက္ေတြကုိ ေျပေစတယ္
ေရေႏြးျဖဴဟာ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို ေျဖေပးႏိုင္တဲ့ သဘာဝေျဖေဆးတစ္မ်ိဳးပါ။ေရေႏြး ေသာက္လိုက္တဲ့အခါ ခႏၶာကိုယ္မွာ အပူခ်ိန္တက္လာျပီး ေခၽြးျပန္ေစ ႏိုင္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ခႏၶာကိုယ္ထဲက အဆိပ္ေတြကို ေျဖေပးလိုက္လုိ႔ျဖစ္ပါတယ္။
(၅) အရြယ္တင္ႏုပ်ိဳေစတယ္
ေရေႏြးျဖဴဟာ အေရျပား ထဲက ဆဲလ္သစ္ေတြ ျဖစ္ေပၚလာဖို႔ အကူအညီေပးသလို၊ အဆိပ္အေတာက္ေတြကို ေျဖေပးတာေၾကာင့္ အေရးေၾကာင္းေတြနဲ႔ အိုမင္းရင့္ေရာင္မႈကို တားဆီးကာကြယ္ေပးပါတယ္။
(၆) ဝက္ျခံမျဖစ္ေအာင္ကာကြယ္ေပးတယ္
ခႏၶာကိုယ္ ထဲက အညစ္အေၾကးေတြ၊ အဆိပ္အေတာက္ေတြကုိ ေျဖေပးတဲ့အတြက္ ဝက္ျခံမျဖစ္ေတာ့ပါဘူး။
(၇) ဆံပင္ကုိသန္စြမး္ေစတယ္
ေရေႏြးျဖဴေသာက္သံုးျခင္းျဖင့္ ဆံပင္ကို သန္စြမ္းက်န္းမာေစျပီး ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။ပ်က္စီးေျခာက္ေသြ႔ေနတဲ့ ဆံေကသာေတြကုိ ေကာငး္မြန္လာေစပါတယ္။ဒါ့အျပင္ ဆံပင္အရွည္လည္း ျမန္ေစပါတယ္။
(၈) စိတ္ၾကည္လင္ျပီးအာရံုေက်ာကို ေကာငး္မြန္ေစတယ္
ေရေႏြးျဖဴေသာက္သံုးျခငး္ျဖင့္ ေသြးလည္ပတ္မႈအားကိုေကာင္းမြန္ေစျပီး အာရံုေၾကာ ေတြကို ေကာင္းမြန္လာေစပါတယ္။စိတ္ၾကည္လင္လန္းဆန္းျပီး မွတ္ဥာဏ္လည္းတိုးေစပါတယ္။ကဲ…ဒီေလာက္ေကာငး္တဲ့ ေရေႏြးျဖဴ ကို ခုပဲေသာက္သံုးေပးလိုက္ၾကစို႔ေနာ္။
Credit: shwemom
Unicodeဖြင့်ဖတ်ရန်
★★★
လူတော်တော်များများဟာ ရေအေး ဒါမှမဟုတ် ရေခဲရေကိုပဲ စွဲစွဲမြဲမြဲသောက်သုံးတတ်ကြပါတယ်။ဒါပေမယ့် ရေနွေးဖြူမှာ သင်မသိတဲ့ ကျန်းမာရေးဆိုင်ရာ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။
ကဲ ရေနွေးဖြူသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အောက်မှာဖော်ပြပေးလိုက်တယ်နော်။ခုကစပြီး ရေနွေးများများ သောက်သုံးပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။
(၁) အဆီကျသွယ်လျစေတယ်
ရေနွေးဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။တကယ်လို့ သင်ဟာ ဝိတ်ကျချင်နေတဲ့သူ၊ ပိန်ချင်တဲ့သူတစ်ယောက် ဆိုရင်တော့ အစာအစားပြီးတိုင်း ရေနွေးဖြူထဲကို သံပုယို တစ်ခြမ်းလောက် ညှစ်ထည့်ပြီး သောက်သုံးပေးခြင်းဖြင့် အမြန်ဆုံးဝိတ်ကျသွားမှာ ဖြစ်ပါတယ်။
(၂) လည်ချောင်းရှင်းစေတယ်
ရေနွေးဖြူဟာ အအေးမိခြင်း၊ ချောင်ဆိုးခြင်းနဲ့ လည်ချောင်းယားယံခြင်းတွေအတွက် အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။
(၃) နာကျင်ကိုက်ခဲတာ သက်သာစေတယ်
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာတွေကို ရေနွေးဖြူ သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၄) အဆိပ်အတောက်တွေကို ပြေစေတယ်
ရေနွေးဖြူဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖြေပေးနိုင်တဲ့ သဘာဝဖြေဆေးတစ်မျိုးပါ။ရေနွေး သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန်တက်လာပြီး ချွေးပြန်စေ နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖြေပေးလိုက်လို့ဖြစ်ပါတယ်။
(၅) အရွယ်တင်နုပျိုစေတယ်
ရေနွေးဖြူဟာ အရေပြား ထဲက ဆဲလ်သစ်တွေ ဖြစ်ပေါ်လာဖို့ အကူအညီပေးသလို၊ အဆိပ်အတောက်တွေကို ဖြေပေးတာကြောင့် အရေးကြောင်းတွေနဲ့ အိုမင်းရင့်ရောင်မှုကို တားဆီးကာကွယ်ပေးပါတယ်။
(၆) ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးတယ်
ခန္ဓာကိုယ် ထဲက အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဖြေပေးတဲ့အတွက် ဝက်ခြံမဖြစ်တော့ပါဘူး။
(၇) ဆံပင်ကိုသန်စွမ်းစေတယ်
ရေနွေးဖြူသောက်သုံးခြင်းဖြင့် ဆံပင်ကို သန်စွမ်းကျန်းမာစေပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ပျက်စီးခြောက်သွေ့နေတဲ့ ဆံကေသာတွေကို ကောင်းမွန်လာစေပါတယ်။ဒါ့အပြင် ဆံပင်အရှည်လည်း မြန်စေပါတယ်။
(၈) စိတ်ကြည်လင်ပြီးအာရုံကျောကို ကောင်းမွန်စေတယ်
ရေနွေးဖြူသောက်သုံးခြင်းဖြင့် သွေးလည်ပတ်မှုအားကိုကောင်းမွန်စေပြီး အာရုံကြော တွေကို ကောင်းမွန်လာစေပါတယ်။စိတ်ကြည်လင်လန်းဆန်းပြီး မှတ်ဉာဏ်လည်းတိုးစေပါတယ်။ကဲ…ဒီလောက်ကောင်းတဲ့ ရေနွေးဖြူ ကို ခုပဲသောက်သုံးပေးလိုက်ကြစို့နော်။
Credit: shwemom