Zawgyiဖြင့်ဖတ်ရန်
မြန်မာနိုင်ငံရဲ့ နာမည်ကြီးဆယ်လီ အမျိုးသားတွေ အများကြီးထဲကမှ ဒီတစ်ခါမှာတော့ ဇာတ်လမ်းတွဲတွေ နဲ့ ပရိသတ်ွေ ရဲ့ အားပေးမှုကို
ပြောခဲ့အုံးနော်။
(၁)အောင်ရေချမ်း
(၂)အောင်မင်းခန့်
အများကြီးပါ။မနေ့ကဖြစ်သည် ၂ ၊ပဉ္စလက်ရွာ၊ရတနာထဲကရတနာ၊ဝင်္ကပါစံအိမ်၊၀ိဥာဉ်ရှိုက်သံ..အစရှိတဲ့ ဇာတ်လမ်းတွဲ တွေ အများကြီးမှာ
(၃)ကောင်းမြတ်စံ
(၄)နက္ခတ်
(၅)ကျော်ထက်ဇော်
(၆)ကျော်ဆု
(၇)ရှင်မွေလ
(၈)ဟိန်းထက်
(၉)စည်သူဝင်း
(၁၀) ဖြိုးရာဇာနိုင်
Credit:Auntymay
Unicodeဖြင့်ဖတ်ရန်
MRTV-4 ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသားချော (၁၀)ယောက်
မြန်မာနိုင်ငံရဲ့ နာမည်ကြီးဆယ်လီ အမျိုးသားတွေ အများကြီးထဲကမှ ဒီတစ်ခါမှာတော့ ဇာတ်လမ်းတွဲတွေ နဲ့ ပရိသတ်ေွ ရဲ့
အားပေးမှုကို ရထားတဲ့ ဆယ်လီအမျိုးသားတွေကို ဖော်ပြပေးချင်ပါတယ်။ဘယ်သူ့ပရိသတ်လဲ..? ဘယ် တစ်ေ ယာက်ကို အကြိုက်
ဆုံး လဲ ဆိုတာကိုလဲ ပြောခဲ့အုံးနော်။
(၁)အောင်ရေချမ်း
မင်းသားအောင်ရေချမ်းက တော့ ဇာတ်လမ်းတွဲတွေကို ချစ်တဲ့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေသူပါ။ “ပျားရည်အိုင်”
ဇာတ်ကားထဲမှာ ကိုတင်ဖေဇာတ်ကောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ ရဲ့ အထူးနှ စ်ခြိုက် အားပေးခြင်းကို
ခံခဲ့ရသူပါ။ပီပြင်လွန်းပြီး အပိုအလို မရှိတဲ့ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည် ကြောင့် ပရိသတ် ချစ် ခင်မှုကို ရခဲ့တာပါ။ပျားရည်အိုင်
အပြီးမှာတော့ အောင်ရေချမ်းရဲ့ “ကျမက မဟေသီ” ဇာတ်လမ်းတွဲ ကလည်း ထပ်ပြီး နာမည်ကြီးခဲ့ပါတယ်။အဲ့ဒီကားမှာတော့
မင်းမျိုးနွယ် ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
(၂)အောင်မင်းခန့်
အောင်မင်းခန့်ကတော့ နောက်ထပ် နာမည်ကြီးတဲ့ မင်းသားချောလေးပါ။သူပါဝင် ထားတဲ့ ဇာတ်လမ်းတွဲ တွေ ကတော့
အများကြီးပါ။မနေ့ကဖြစ်သည် ၂ ၊ပဉ္စလက်ရွာ၊ရတနာထဲကရတနာ၊ဝင်္ကပါစံအိမ်၊ဝိဉာဉ်ရှိုက်သံ..အစရှိတဲ့ ဇာတ်လမ်းတွဲ တွေ
အများကြီးမှာ ပါဝင်ထားပါတယ်။မျက်လုံးမှာ အလွမ်းနှုတ်ခမ်းမှာ မာန ဇာတ်ကားမှာတော့ အောင်မှန်းဆို တဲ့ ဇာတ်ကောင်
နေရာကနေ ပါဝင်ထားပါတယ်။မိန်းကလေးပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသားချောေ လးပါ။
(၃)ကောင်းမြတ်စံ
မင်းသားချောလေး ကောင်းမြတ်စံ ကတော့ အမြဲတမ်းအပြုံးချိုချိုလေးတွေ၊ ပါးချိုင့်လှလှလေးနဲ့ ပရိသတ်တွေကို ဖမ်းစား
တတ်သူလေးပါ။ “အမုန်းမှသည်” ဆိုတဲ့ ဇာတ်လမ်းတွဲထဲက နေကိုးလ် ၊ရတနာထဲက ရတနာ ဆိုတဲ့ ဇာတ်ကားထဲမှာ အောင်သခင်
– ဂဠုန်မင်း ၊ချစ်ခြင်းတရားတို့ ရှိရာ ဇာတ်ကားထဲမှာဆိုရင်တော့ စားဖိုမှူးလေး မြတ် မိုး ဆွေ အဖြစ်နဲ့ ပရိသတ်တွေရဲ့
ချစ်ခင်အားပေးမှုကို တခဲနက်ကို ရထားသူပါ။Social ကောင်းပြီး Fan Service အရမ်း ကောင်းသူလေး ဆိုပြီး
ပရိသတ်အသိအမှတ်ပြုခံထားရသူပါ။
(၄)နက္ခတ်
“ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲမှာ ရဲအုပ် ” နေသူရိန်” အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။တည်ကြည်တဲ့ သူ့ရဲ့မျက်နှာ နဲ့
ယောက်ျားပီသတဲ့ ပုံစံ ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးပါတယ်။နက္ခတ် ပါဝင် သရုပ်ဆောင် ထားတဲ့
ဇာတ်ကားကောင်းတွေ ကတော့ အများကြီးဖြစ်ပြီး နေသူရိန် ဇာတ်ကောင် ကတေ့ ပရိသတ် တွေ အထူးနှစ်ခြိုက်
ခဲ့တာကိုတွေ့ရပါတယ်။စာရေးဆရာမ မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုဖြစ်တဲ့ အရိပ် ဇာတ်လမ်း တွဲ မှာတော့ ကျော်ထွန်းညို ဆိုတဲ့
ဇာတ်ကောင်ကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
(၅)ကျော်ထက်ဇော်
မိန်းကလေး fan တွေ အများကြီး ကို ပိုင်ဆိုင်ထားတဲ့ နောက်တစ်ယောက်ကတော့ ကျော်ထက်ဇော်ပါ။ “အမုန်းမှ သည်” ဆိုတဲ့
ဇာတ်လမ်းတွဲ ကတော့ ကျော်ထက်ဇော်ကို အရမ်းကို အောင်မြင်စေခဲ့ပါတယ်။ “စိတ်၏ခြေရာ” ဆိုတဲ့ ဇာတ်ကားမှာတော့ ဝေလွင်
အဖြစ် နဲ့ သရုပ်ဆောင်ထားပါတယ်။”အမုန်းမှ သည် ” ဆိုတဲ့ ဇာတ်လမ်းတွဲ ထဲက စိုင်း နေရောင် ဇာတ်ကောင်နဲ့ အရမ်းကို
နာမည်ကြီးလာတဲ့ ကျော်ထက်ဇော်ကတော့ လက်ရှိမှာလည်း ပရိသတ် အားပေး မှု ရထားတဲ့ မင်းသားတစ်ယောက် အဖြစ်
ရပ်တည်နေပါတယ်။
(၆)ကျော်ဆု
သဘာဝကျကျသရုပ်ဆောင်ချက်တွေ ကြောင့် သဘာ၀ မင်းသားဆိုပြီးတော့တောင် ပရိသတ်အသိအမှတ်ပြု ခံထား ရသူပါ။
“ဥယျာဉ်မှူးဖြစ်ဖူးချင်သည်”၊ “ချစ်သူထွင်းတဲ့ အက္ခရာ” ..အစရှိတဲ့ ဇာတ်လမ်းတွဲတွေ အများကြီးမှာ ပါဝင်
သရုပ်ဆောင်ခဲ့သူပါ။အဆိုတော် လွှမ်းပိုင်ရဲ့ အစ်ကိုပါ။
(၇)ရှင်မွေလ
ပျားရည်အိုင် ဇာတ်လမ်းတွဲ ထဲက ဖေမြိုင် အဖြစ် သရုပ်ဆောင်ခဲ့သူပါ။“ကျိန်စာပြယ် ဒဏ္ဏာရီ” ဇာတ်ကားထဲမှာ သော်ေ သာ်စစ်
ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့သူပါ။မင်းသားမြင့်မြတ်နဲ့ ရုပ်ချင်းတူလို့ ပရိသတ်တွေ ကြားမှာ
လူပြောများခဲ့သူပါ။မိန်းကလေးပရိသတ် အခိုင်အမာ ရထားတဲ့ မင်းသားတွေထဲက တစ်ယောက်ပါ။
(၈)ဟိန်းထက်
နောက်ထပ် မင်းသားတစ်ယောက်ကတော့ ဟိန်းထက် ပါ။အရိပ်ဇာတ်ကားထဲမှာ ညီလင်း အဖြစ် နဲ့ သရုပ်ဆောင် ခဲ့ပါတယ်။
ပရိသတ်တွေလည်း သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အရမ်းနှစ်သက်အားပေးခဲ့ပါတယ်။“တတိယမြောက် ဆုံမှတ်”
ဇာတ်ကားမှာတော့ ခန့်ညားတဲ့ ရဲတစ်ယောက် အဖြစ်နဲ့ ထပ်ပြီး တွေ့ရအုံးမှာပါ။
(၉)စည်သူဝင်း
စည်သူဝင်းကတော့ “မိုးကောင်းကင် အိပ်မက်” ဇာတ်ကားထဲမှာ ဆိုင်းမိုင်(ပိုးကြာဖြူခင်) နဲ့ အရမ်းကို အတွဲညီခဲ့သူပါ။ အဲ့
ဒီဇာတ်ကားထဲမှာတော့ ရဲသွေး အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ဝင်္ကပါရှင်းတမ်း ဇာတ်ကားထဲမှာတော့ အချစ်ကြီး သလောက်
အမျက်ကြီးတဲ့ တိမ်ယံထွန်း အဖြစ်နဲ့ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သူပါ။
(၁၀) ဖြိုးရာဇာနိုင်
ဖြိုးရာဇာနိုင် ကတော့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်း မှာမာန” ဇာတ်လမ်းတွဲ နဲ့ ပရိသတ်ကြား ရေပန်းစား နေပါတယ်။
အဲ့ဒီဇာတ်ကားမှာတော့ ဒရိုင်ဘာ မောင်မြင့်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။အပိုအလိုမရှိပဲ ကျရာ ဇာတ်ရုပ်မှာ အကောင်း ဆုံး
သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ်ခင်အားပေးမှုကို ရခဲ့သူပါ။
Credit:Auntymay
Photos from အနုပညာရှင်များရဲ့ fb