မူရင္းအဆိုေတာ္ေတြထက္ ျပိဳင္ပြဲဝင္ေတြက ပိုက္ဆံပိုရေနတယ္ဆိုတဲ့ ျမင့္မိုးေအာင္

ျမင့္မိုးေအာင္ဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက သီခ်င္းေကာင္းေပါင္းမ်ားစြာကုိေရးျပီး ျမန္မာနိုင္ငံရဲ႕ထိပ္တန္းသီခ်င္းေရးဆရာတစ္ေယာက္အေနနဲ႔ အနုပညာေလာကထဲမွာရပ္တည္ေနခဲ့သူတစ္ဦးျဖစ္ပါတယ္။ ျမင့္မိုးေအာင္ဟာ သီခ်င္းဆိုျပိဳင္ပြဲေတာ္ေတာ္မ်ားမ်ားမွာလည္း ဒုိင္အျဖစ္ကူညီေဆာင္ရြက္ေပးေနသူတစ္ဦးျဖစ္ျပီး အနာဂတ္ရဲ႕အဆိုေတာ္ေလာင္းရြက္ပုန္းသီးေလးေတြကုိ စင္ေပၚကုိလက္တြဲေခၚေပးခဲ့သူဆိုရင္လည္းမမွားပါဘူး။ ျမင့္မိုးေအာင္က မၾကာေသးမီက Akonthi Media နဲ႔အင္တာဗ်ဴးမွာ ျပိဳင္ပြဲဝင္အဆုိေတာ္ေတြက မူရင္းအဆိုေတာ္ေတြထက္ပိုက္ဆံပုိရေနတဲ့ကိစၥေတြနဲ႔ ျပိဳင္ပဲြေတြကေနတက္လာတဲ့အဆိုေတာ္ေတြသိထားရမယ့္အခ်က္ေတြကုိ ေျပာျပသြားခဲ့ပါတယ္။

ျပိဳင္ပြဲဝင္အဆိုေတာ္ေတြက ဂီတေလာကကိုအျမန္ေရာက္သြားေၾကာင္းနဲ႔ ဂီတေလာကထဲေရာက္ရင္ သိရမွာေတြရွိတယ္ဆိုတဲ့အေၾကာင္း “ျပိဳင္ပြဲျပီးသြားျပီဆိုရင္္ ဂီေတေလာကထဲကုိ အလ်င္အျမန္ေရာက္သြားတာေပါ့ေနာ္။ အဲဒီအခ်ိန္မွာေတာ့ သိသင့္သိထုိက္တာေလးေတြသိဖို႔ၾကိဳးစားဖို႔လိုသြားျပီေပါ့။ အခ်ိဳ႕ကေတာ့ ျပိဳင္ပြဲမွာသာ ေအာင္ျမင္ရင္ေအာင္ျမင္လာမယ္တကယ့္ ဂီတေလာကထဲကုိေတ့ေတ့ဆိုင္ဆိုင္ေရာက္တဲ့အခါက်ေတာ့ အမွားေလးေတြလုပ္မိတာမ်ဳိးလည္းျဖစ္သြားနုိင္တယ္။ အဲ့ေတာ့ ျပိဳင္ပြဲမွာေအာင္ျမင္တာက ေအာင္မွတ္ရတဲ့သေဘာပါပဲ။ ျပီးလို႔ရွိရင္ ဂုဏ္ထူးထြက္ဖို႔က ၾကိဳးစားဖို႔အမ်ားၾကီးလိုေသးတယ္လို႔ ေျပာခ်င္ပါတယ္”လို႔ ေျပာျပထားပါတယ္။

ျပိဳင္ပြဲဝင္အဆိုေတာ္ေတြက မူရင္းအဆိုေတာ္ေတြထက္ ပုိက္ဆံပုိရတဲ့ကိစၥကုိလည္း ျမင့္မိုးေအာင္က “ေနာက္တစ္ခုက ျပိဳင္ပြဲမွာဆိုတာ သီခ်င္းအေဟာင္းေတြနဲ႔ပဲျပိဳင္တာေလ။ အဲ့ေတာ့ ကုိယ့္ကုိယ့္ပုိင္သီခ်င္းနဲ႔ ေသေသခ်ာခ်ာေအာင္ျမင္ဖို႔အတြက္ ထပ္ၾကိဳးစားဖို႔လိုပါတယ္။ ကုိယ္ပုိင္သီခ်င္းနဲ႔မေအာင္ျမင္ရင္ ကုိယ္က အျခားလူေတြရဲ႕သီခ်င္းေတြ မူရင္းသီခ်င္းေတြကုိ လုပ္စားတယ္ဆိုတာမ်ိဳးလည္းအေျပာခံရတတ္တယ္။ ေနာက္တစ္ခုက မူရင္းအဆိုေတာ္ေတြထက္ေတာင္ တစ္ခါတစ္ေလ အခေၾကးေငြပုိရတ့ဲအဆိုေတာ္ေတြလည္းျဖစ္သြားတာေပါ့ေနာ္။ တစ္ခါတစ္ေလ အခ်ိဳ႕မူရင္းအဆိုေတာ္ေတြစိတ္ထဲမွာပုိုျပီးေတာ့ခံစားရတာမ်ိဳးလည္း ရွိတာေပါ့ေနာ္။ အဲဒါေၾကာင့္ပုိုျပီးေတာ့ ေက်းဇူးတရားေတြသိတတ္ဖို႔လည္းလိုပါတယ္”လို႔ ေျပာျပထားပါတယ္။

အျပင္က ပြဲေတြမွာ ျပိဳင္ပြဲမွာလို သူမ်ားသီခ်င္းကုိ လြပ္လြပ္လပ္လပ္သြားဆိုလို႔မရဘူးလို႔လည္း “ျပိဳင္ပြဲမွာက်ေတာ့ ပြဲက စီစဥ္ေပးထားတာဆိုေတာ့ သူတိို႔လြပ္လြပ္လပ္လပ္ဆိုလို႔ရတာေပ့ါ မူရင္းသီခ်င္းကို။ဒါေပမယ့္အဲဒီလိုမ်ိဳးအျပင္က စီးပြားျဖစ္ပြဲေတြမွာ အခေၾကးေငြနဲ႔သြားျပီးေတာ့ဆိုစားတဲ့အခါက်ရင္ေတာ့ သီခ်င္းကုိ ခြင့္ျပဳခ်က္ေတာင္းဖို႔လိုတာေပါ့ေနာ္။ သူတို႔ကခြင့္ျပဳခ်က္ေတာင္းစရာမလိုဘူး။ ျပိဳင္ပြဲလိုပဲငါတို႔လြပ္လြပ္လပ္လပ္ဆိုစားလို႔ရတယ္လို႔ေတြးရင္ေတာ့ မွားသြားမွာေပါ့။ ျပိဳင္ပြဲမွာေတာ့ ျပိဳင္ပြဲတာဝန္ရွိသူေတြက စီစဥ္ေပးတာ။အျပင္မွာက်ေတာ့ ကုိယ္ကုိယ္တုိင္စီစဥ္ရျပီ။ အဲဒီအခါက်ေတာ့ ခြင့္ျပဳခ်က္ၾကိဳယူဖို႔လည္းလိုပါတယ္။ မူပုိင္ခြင့္ကုိေလးစားဖို႔လည္းလိုပါတယ္”လို႔ ရွင္းျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျမင့္မုိးေအာင္ကိုအားေပးၾကလား။ ျမင့္မိုးေအာင္ေရးတဲ့သီခ်င္းေတြထဲမွာအၾကိဳက္ဆံုးသီခ်င္းေတြရွိရင္လည္းေျပာျပခဲ့ပါဦး။

Can’t Wait To Say

Unicode

မြင့်မိုးအောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သီချင်းကောင်းပေါင်းများစွာကိုရေးပြီး

မြန်မာနိုင်ငံရဲ့ထိပ်တန်းသီချင်းရေးဆရာတစ်ယောက်အနေနဲ့ အနုပညာလောကထဲမှာရပ်တည်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။

မြင့်မိုးအောင်ဟာ သီချင်းဆိုပြိုင်ပွဲတော်တော်များများမှာလည်း ဒိုင်အဖြစ်ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး

အနာဂတ်ရဲ့အဆိုတော်လောင်းရွက်ပုန်းသီးလေးတွေကို စင်ပေါ်ကိုလက်တွဲခေါ်ပေးခဲ့သူဆိုရင်လည်းမမှားပါဘူး။

မြင့်မိုးအောင်က မကြာသေးမီက Akonthi Media နဲ့အင်တာဗျူးမှာ ပြိုင်ပွဲဝင်အဆိုတော်တွေက

မူရင်းအဆိုတော်တွေထက်ပိုက်ဆံပိုရနေတဲ့ကိစ္စတွေနဲ့

ပြိုင်ပွဲတွေကနေတက်လာတဲ့အဆိုတော်တွေသိထားရမယ့်အချက်တွေကို ပြောပြသွားခဲ့ပါတယ်။

ပြိုင်ပွဲဝင်အဆိုတော်တွေက ဂီတလောကကိုအမြန်ရောက်သွားကြောင်းနဲ့ ဂီတလောကထဲရောက်ရင်

သိရမှာတွေရှိတယ်ဆိုတဲ့အကြောင်း “ပြိုင်ပွဲပြီးသွားပြီဆိုရင် ဂီတေလောကထဲကို အလျင်အမြန်ရောက်သွားတာပေါ့နော်။

အဲဒီအချိန်မှာတော့ သိသင့်သိထိုက်တာလေးတွေသိဖို့ကြိုးစားဖို့လိုသွားပြီပေါ့။ အချို့ကတော့ ပြိုင်ပွဲမှာသာ

အောင်မြင်ရင်အောင်မြင်လာမယ်တကယ့် ဂီတလောကထဲကိုတေ့တေ့ဆိုင်ဆိုင်ရောက်တဲ့အခါကျတော့

အမှားလေးတွေလုပ်မိတာမျိုးလည်းဖြစ်သွားနိုင်တယ်။ အဲ့တော့ ပြိုင်ပွဲမှာအောင်မြင်တာက အောင်မှတ်ရတဲ့သဘောပါပဲ။

ပြီးလို့ရှိရင် ဂုဏ်ထူးထွက်ဖို့က ကြိုးစားဖို့အများကြီးလိုသေးတယ်လို့ ပြောချင်ပါတယ်”လို့ ပြောပြထားပါတယ်။

ပြိုင်ပွဲဝင်အဆိုတော်တွေက မူရင်းအဆိုတော်တွေထက် ပိုက်ဆံပိုရတဲ့ကိစ္စကိုလည်း မြင့်မိုးအောင်က “နောက်တစ်ခုက

ပြိုင်ပွဲမှာဆိုတာ သီချင်းအဟောင်းတွေနဲ့ပဲပြိုင်တာလေ။ အဲ့တော့ ကိုယ့်ကိုယ့်ပိုင်သီချင်းနဲ့

သေသေချာချာအောင်မြင်ဖို့အတွက် ထပ်ကြိုးစားဖို့လိုပါတယ်။ ကိုယ်ပိုင်သီချင်းနဲ့မအောင်မြင်ရင် ကိုယ်က

အခြားလူတွေရဲ့သီချင်းတွေ မူရင်းသီချင်းတွေကို လုပ်စားတယ်ဆိုတာမျိုးလည်းအပြောခံရတတ်တယ်။ နောက်တစ်ခုက

မူရင်းအဆိုတော်တွေထက်တောင် တစ်ခါတစ်လေ အခကြေးငွေပိုရတဲ့အဆိုတော်တွေလည်းဖြစ်သွားတာပေါ့နော်။

တစ်ခါတစ်လေ အချို့မူရင်းအဆိုတော်တွေစိတ်ထဲမှာပိုပြီးတော့ခံစားရတာမျိုးလည်း ရှိတာပေါ့နော်။ အဲဒါကြောင့်ပိုပြီးတော့

ကျေးဇူးတရားတွေသိတတ်ဖို့လည်းလိုပါတယ်”လို့ ပြောပြထားပါတယ်။

အပြင်က ပွဲတွေမှာ ပြိုင်ပွဲမှာလို သူများသီချင်းကို လွပ်လွပ်လပ်လပ်သွားဆိုလို့မရဘူးလို့လည်း “ပြိုင်ပွဲမှာကျတော့ ပွဲက

စီစဉ်ပေးထားတာဆိုတော့ သူတို့လွပ်လွပ်လပ်လပ်ဆိုလို့ရတာပေ့ါ မူရင်းသီချင်းကို။ဒါပေမယ့်အဲဒီလိုမျိုးအပြင်က

စီးပွားဖြစ်ပွဲတွေမှာ အခကြေးငွေနဲ့သွားပြီးတော့ဆိုစားတဲ့အခါကျရင်တော့ သီချင်းကို ခွင့်ပြုချက်တောင်းဖို့လိုတာပေါ့နော်။

သူတို့ကခွင့်ပြုချက်တောင်းစရာမလိုဘူး။ ပြိုင်ပွဲလိုပဲငါတို့လွပ်လွပ်လပ်လပ်ဆိုစားလို့ရတယ်လို့တွေးရင်တော့

မှားသွားမှာပေါ့။ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲတာဝန်ရှိသူတွေက စီစဉ်ပေးတာ။အပြင်မှာကျတော့ ကိုယ်ကိုယ်တိုင်စီစဉ်ရပြီ။

အဲဒီအခါကျတော့ ခွင့်ပြုချက်ကြိုယူဖို့လည်းလိုပါတယ်။ မူပိုင်ခွင့်ကိုလေးစားဖို့လည်းလိုပါတယ်”လို့ ရှင်းပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြင့်မိုးအောင်ကိုအားပေးကြလား။

မြင့်မိုးအောင်ရေးတဲ့သီချင်းတွေထဲမှာအကြိုက်ဆုံးသီချင်းတွေရှိရင်လည်းပြောပြခဲ့ပါဦး။

Can’t Wait To Say