ရုပ်ရှင်ရိုက်ကူးရာ ပြင်ဦးလွင်မြို့မှ မိသားစုတွေကို သတိရနေတဲ့ ခိုင်သင်းကြည်

နိုင်ငံကျော်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်လို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိမှာကတော့ ဟန်ချက်ညီညီနဲ့ သရုပ်ဆောင်ကောင်းလွန်းတဲ့ သူမရဲ့ အမူအရာလေးတွေပါ။ အရမ်းကိုသွက်လက်ပြီး ချစ်စရာကောင်းလွန်းတဲ့ သူမကတော့ ချစ်သမီးလေး ထိပ်ထားနဲ့ အရွယ်တူညီအစ်မအလား ထင်ရလောက်အောင် နုပျိုလှပလွန်းတဲ့ သူလေးတစ်ယောက်ပါ။ ခင်ပွန်းရဲ့ ဂရုစိုက်မှု ချစ်ခင်မှုကိုရရှိထားခဲ့တဲ့ သူမကတော့ မိသားစုရေးမှာ အများက လေးစားအားကျရလောက်တဲ့ မိသားစုလေးကို ရယူပိုင်ဆိုင်ထားခဲ့ရတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းတဲ့ သူမကတော့ အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် အနုပညာအလုပ်ကို မနားဘဲ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ပေးနေတဲ့ သူကမတော့ လတ်တလောမှာ ရုပ်ရှင်ကားကြီးရိုက်ကူးရန် ပြင်ဦးလွမြို့ကို ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

မိသားစုတွေနဲ့ခွဲခွာပြီး အလုပ်ရှိရာနေရာကို သွားရောက်နေရတဲ့သူမကတော့ ဒီနေ့လေးမှာ မိသားစုကို လွမ်းကြောင်း ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစုကို လွမ်းကြောင်း ရင်ဖွင့်လာခဲ့တဲ့ မခိုင်လေးရဲ့ စာသားလေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်သင်းကြည်ကတော့ ” ပျော်ရာမှာမနေရတော်ရာမှာနေတယ်တဲ့ ,ဘာရယ်မဟုတ်ပါဘူး တယောက်ထဲဖြစ်နေတဲ့အချိန်လေးမှာ လွမ်းမိတဲ့အခိုက်အတန့် လေးပေါ့😞 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အလုပ်ရှိရာနေရာကိုသွားရင်း မိသားစုတွေနဲ့ဝေးကွာနေရလို့ လွမ်းကြောင်း ရင်ဖွင့်လာခဲ့တဲ့ မခိုင်လေးကို စာနာမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ မခိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Lazumnawsan

Ref: Khine Thin Kyi’s Facebook