“ဦးတီနဲ႔တီအူဝဲတို႔ အကူအညီနဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့တယ္ဆိုတဲ့ ေမတိုးခိုင္။”

Zawgyi

ေမတိုးခုိင္က ပရိသတ္အေရွ႕ကုိ ေရာက္ရွိလာတဲ့ ‘’ၿငိ’’ ဇာတ္လမ္းတုိ ေလးမွာ ပါဝင္ပ့ံပုိးေပးသူေတြကုိ ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

ဒီအထဲမွာမွ တီအူဝဲ နဲ႔ ဦးတီ ကုိလည္း ေက်းဇူးတင္စကားေျပာထားပါေသးတယ္။

ေမတုိးခုိင္ကေတာ့ အခုဆုိရင္ ‘’ၿငိ’’ ဆုိတဲ့ ဇာတ္လမ္းတိုေလးနဲ႔ သူမရဲ႕ သရုပ္ေဆာင္အရည္အခ်င္းေတြကုိ ျမင္ေတြ႔ရေတာ့မွာျဖစ္ပါတယ္။

ဒီဇာတ္လမ္းတုိေလးအတြက္ အေဒၚျဖစ္သူ အိျႏၵာေက်ာ္ဇင္နဲ႔ ဦးေလးျဖစ္သူ ေျပတီဦးတုိ႔ဆီက အကူအညီေတြလည္း ရခဲ့တယ္လုိ႔

ဆုိပါတယ္။“ၿငိ”is out ႀကိဳးစားထားပါတယ္။ လိုအပ္ခ်က္ေလးေတြ ရွိေနပါေသးတယ္။ ၾကည့္ၿပီး ေဝဖန္ အားေပးၾကပါဦး။

အၿမဲလည္းႀကိဳးစားေနဦးမွာပါ။ အဖက္ဖက္က ကူညီေပးၾကတဲ့သူမ်ား အမ်ားႀကီးပါ။ ႐ိုက္ကြင္းအစကေန editအဆံုး ထိလုပ္ေပးၿပီး

ဒီကားေလးကို အႀကိမ္ႀကိမ္ၾကည့္ၿပီးလိုအပ္တာေတြ လုပ္ေပးဒီတူမေလးကို ကူညီေပးတဲ့အတြက္ေက်းဇူးပါ ဦးတီ၊ တီဝဲ ။

ရင္ဘတ္ခ်င္းနီးၿပီး ကူညီေပးတဲ့ ဖူးတို႔ဒါ႐ိုက္တာႀကီး မပြင့္ ေက်းဇူးပါ အစ္မ။ အသစ္တစ္ေယာက္ကို လက္တဲြေခၚၿပီး စိတ္ရွည္ေပးတဲ့

ကိုေဒါင္းလည္းေက်းဇူးပါ’’ ဆုိၿပီးေတာ့ ဇြန္လ ၁၃ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

ေမတုိးခုိင္ကုိေတာ့ တီဗီေၾကာ္ျငာေတြမွာ သရုပ္ေဆာင္တာကုိသာ အေတြ႔မ်ားတတ္တာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတုိကေတာ့ သူမအတြက္

ပထမဦးဆုံးဇာတ္လမ္းတုိေလးျဖစ္ပါတယ္။‘’ဒီဇာတ္လမ္းေလး အစအဆံုး စိတ္တိုင္းက်မွ လႊတ္ေပးခဲ့တဲ့ မေခ်ာ (ေငြတီဦး), ကိုဉာဏ္

ေက်းဇူးအထူးပါ။ အသံပိုင္းဆိုင္ရာ အတြက္ ဦးေမာင္ေမာင္ေအး၊ ကိုေဆြလင္းေမာင္တို႔ကိုလည္းအထူးေက်းဇူးပါ။ ဖူးကို

စိတ္ကူးေလးယဥ္ၿပီး ဇာတ္လမ္းေလးေတြတစ္ပုဒ္ၿပီးတစ္ပုဒ္မ႐ိုးေအာင္ ေရးေပးတဲ့ ခ်စ္ရတဲ့ ဘြား႐ိုး thank you mummy။ Dear

Crush သီခ်င္းေလးက္ိုုသံုးခြင့္ ေပးတဲ့အတြက္ အစ္ကိုတို႔ ေက်းဇူးပါရွင္’’လုိ႔လည္း သူကဆုိပါတယ္။အဲဒီေနာက္ ေမတုိးခုိင္ဟာ ‘’ၿငိ’’

ဇာတ္လမ္းတုိေလးမွာ အေကာင္းဆုံး သရုပ္ေဆာင္ႏုိင္ဖုိ႔အတြက္ မိတ္ကပ္၊ ဆံပင္၊ အလွဓာတ္ပုံေတြမွာအလွဆုံး ျဖစ္ေအာင္

ပ့ံပုိးေပးခဲ့ၾကသူေတြကုိလည္း ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

‘’႐ွဳတင္မွအၿမဲရွိၿပီး လိုအပ္တဲ့ဓာတ္ပံုေတြလည္း႐ိုက္ေပးၿပီးေတာ့ စိတ္ပိုင္းဆိုင္ရာ support ေပးတဲ့ Snow Miley i love u

သဘာဝအက်ဆံုးျဖစ္ခ်င္တဲ့ ဖူးအႀကိမ္ႀကိမ္ဂ်ီက်တာကို မၿငီးမျငဴလိမ္းေပးတဲ့ မိတ္ကပ္ အန္တီ ေမသန္း။ ေနာက္ဆံုးအေနနဲ႔

ဖူးကိုယံုၾကည္ၿပီး အေနာက္ကေနအမ်ားႀကီး ပံ့ပိုးေပးတဲ့ ေမႀကီး။ အားလံုးက္ို ေက်းဇူးတင္ပါတယ္ ပိုၿပီးလည္းၾကဳိးစားသြားမယ္လို႔

ကတိေပးပါတယ္’’ လုိ႔ ဆက္လက္ေရးသားထားပါတယ္။

ၿငိ ဇာတ္လမ္းတုိေလးထဲမွာေတာ့ ေမတုိးခုိင္က အထီးက်န္ဆန္လြန္းတဲ့ေကာင္မေလး

တစ္ေယာက္အျဖစ္ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ေမတုိးခုိင္(May Toe Khine) ကုိ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ရဲ႕

တူမေလးအျဖစ္ ပရိသတ္ေတြ စတင္သတိထားမိခဲ့တာပါ။ သူမကေတာ့ အခုလက္ရွိမွာ တီဗီေၾကာ္ျငာေတြနဲ႔ မဂၢဇင္းအလွဓာတ္ပုံေတြ

ရုိက္ကူးေနရတယ္လုိ႔ သိရပါတယ္။ သူ႔အေနနဲ႔ အႏုပညာ အလုပ္ေတြ လုပ္တဲ့အခါအေဒၚျဖစ္သူ အိျႏၵာေက်ာ္ဇင္ရဲ႕ ၁၀၀

ရာခုိင္ႏႈန္းပ့ံပုိးမႈေတြရွိတယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။ လက္ရွိ မွာ လည္း

ပရိသတ္အခုိင္အမာရရွိပုိင္ဆုိင္ထားသူေလးျဖစ္ပါတယ္။

Credit-Duwun

Unicode

မေတိုးခိုင်က ပရိသတ်အရှေ့ကို ရောက်ရှိလာတဲ့ ‘’ငြိ’’ ဇာတ်လမ်းတို လေးမှာ ပါဝင်ပံ့ပိုးပေးသူတွေကို

ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီအထဲမှာမှ တီအူဝဲ နဲ့ ဦးတီ ကိုလည်း ကျေးဇူးတင်စကားပြောထားပါသေးတယ်။

မေတိုးခိုင်ကတော့ အခုဆိုရင် ‘’ငြိ’’ ဆိုတဲ့ ဇာတ်လမ်းတိုလေးနဲ့ သူမရဲ့ သရုပ်ဆောင်အရည်အချင်းတွေကို

မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုလေးအတွက် အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ ဦးလေးဖြစ်သူ ပြေတီဦးတို့ဆီက

အကူအညီတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။“ငြိ”is out ကြိုးစားထားပါတယ်။ လိုအပ်ချက်လေးတွေ ရှိနေပါသေးတယ်။

ကြည့်ပြီး ဝေဖန် အားပေးကြပါဦး။ အမြဲလည်းကြိုးစားနေဦးမှာပါ။ အဖက်ဖက်က ကူညီပေးကြတဲ့သူများ အများကြီးပါ။

ရိုက်ကွင်းအစကနေ

editအဆုံး ထိလုပ်ပေးပြီး ဒီကားလေးကို အကြိမ်ကြိမ်ကြည့်ပြီးလိုအပ်တာတွေ လုပ်ပေးဒီတူမလေးကို ကူညီပေးတဲ့အတွက်ကျေးဇူးပါ

ဦးတီ၊ တီဝဲ ။ ရင်ဘတ်ချင်းနီးပြီး ကူညီပေးတဲ့ ဖူးတို့ဒါရိုက်တာကြီး မပွင့် ကျေးဇူးပါ အစ်မ။ အသစ်တစ်ယောက်ကို လက်တွဲခေါ်ပြီး

စိတ်ရှည်ပေးတဲ့ ကိုဒေါင်းလည်းကျေးဇူးပါ’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ

ရေးသားခဲ့ပါတယ်။

မေတိုးခိုင်ကိုတော့ တီဗီကြော်ငြာတွေမှာ သရုပ်ဆောင်တာကိုသာ အတွေ့များတတ်တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုကတော့

သူမအတွက် ပထမဦးဆုံးဇာတ်လမ်းတိုလေးဖြစ်ပါတယ်။‘’ဒီဇာတ်လမ်းလေး အစအဆုံး စိတ်တိုင်းကျမှ လွှတ်ပေးခဲ့တဲ့ မချော

(ငွေတီဦး), ကိုဉာဏ် ကျေးဇူးအထူးပါ။ အသံပိုင်းဆိုင်ရာ အတွက် ဦးမောင်မောင်အေး၊ ကိုဆွေလင်းမောင်တို့ကိုလည်းအထူးကျေးဇူးပါ။

ဖူးကို စိတ်ကူးလေးယဉ်ပြီး ဇာတ်လမ်းလေးတွေတစ်ပုဒ်ပြီးတစ်ပုဒ်မရိုးအောင် ရေးပေးတဲ့ ချစ်ရတဲ့ ဘွားရိုး thank you mummy။

Dear Crush သီချင်းလေးကိုသုံးခွင့် ပေးတဲ့အတွက် အစ်ကိုတို့ ကျေးဇူးပါရှင်’’လို့လည်း သူကဆိုပါတယ်။အဲဒီနောက် မေတိုးခိုင်ဟာ

‘’ငြိ’’ ဇာတ်လမ်းတိုလေးမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့အတွက် မိတ်ကပ်၊ ဆံပင်၊ အလှဓာတ်ပုံတွေမှာအလှဆုံး

ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’ရှုတင်မှအမြဲရှိပြီး လိုအပ်တဲ့ဓာတ်ပုံတွေလည်းရိုက်ပေးပြီးတော့ စိတ်ပိုင်းဆိုင်ရာ support ပေးတဲ့ Snow Miley i love u

သဘာဝအကျဆုံးဖြစ်ချင်တဲ့ ဖူးအကြိမ်ကြိမ်ဂျီကျတာကို မငြီးမငြူလိမ်းပေးတဲ့ မိတ်ကပ် အန်တီ မေသန်း။ နောက်ဆုံးအနေနဲ့

ဖူးကိုယုံကြည်ပြီး အနောက်ကနေအများကြီး ပံ့ပိုးပေးတဲ့ မေကြီး။ အားလုံးကို ကျေးဇူးတင်ပါတယ် ပိုပြီးလည်းကြိုးစားသွားမယ်လို့

ကတိပေးပါတယ်’’ လို့ ဆက်လက်ရေးသားထားပါတယ်။

ငြိ ဇာတ်လမ်းတိုလေးထဲမှာတော့ မေတိုးခိုင်က အထီးကျန်ဆန်လွန်းတဲ့ကောင်မလေး

တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မေတိုးခိုင်(May Toe Khine) ကို အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့

တူမလေးအဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့တာပါ။ သူမကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့

မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါအဒေါ်ဖြစ်သူ

အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ လက်ရှိ မှာ လည်း

ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

Credit-Duwun

Leave a Reply

Your email address will not be published.