
ပရိသတ်တွေကြိုက်ကြတဲ့ “ပျားရည်အိုင်”ဇာတ်လမ်းတွဲမှာ မြညိုနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး မြတ်သူသူဇင်ကို ပရိသတ်တွေ သိကြမှာပါ။ မြတ်သူသူဇင်ဟာ သူမရဲ့ အမူအယာကောင်းမှု၊ ဇာတ်လမ်းအပေါ် အာရုံစူးစိုက်မှုတွေကြောင့် မြညို ဆိုတဲ့ ကာရိုက်တာက အကောင်းဆုံး အသက်ဝင်လာတာဖြစ်ပါတယ်။ ပရိသတ်တွေကလဲ မြတ်သူသူဇင်ရဲ့ သရုပ်ဆောင်ကောင်းမှုအပေါ်ကို ချီးကျူးအားပေးကြပါတယ်။
သရုပ်ဆောင် မြတ်သူသူဇင် ရဲ့ အသက် (၂၉) နှစ်ပြည့် မွေးနေ့အလှူ အဖြစ် ဒီကနေ့ ဇွန်လ (၁၄) ရက်နေ့က ရန်ကုန်၊ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များအား နေ့လည်စာ အာဟာရ ဒါန ကျွေးမွေးလှူဒါန်း ခဲ့ပါတယ်။
ပရိသတ်ကြီးအတွက် မင်းသမီးလေး မြတ်သူသူဇင်ရဲ့ မွေးနေ့အလှူပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ မြညိုလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။
Photo Source : Myanmar Celebrity