.“႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး။”

Zawgyi
႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး

လူ၊ နတ္၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္ သူတစ္ပါးထက္ ႐ုပ္အဆင္း လွပ လိုသူတို႔သည္ ေကာင္းမႈ ( ၄ ) ပါး ကိုျပဳၾကရမည္ ဟု

က်မ္းဂန္တို႔ ၌ ဆိုၾက၏ ။ ထိုေကာင္းမႈ ( ၄ ) ခုသည္ကား……

၁။ အဝတ္အစား , သကၤန္း လႉဒါန္းျခင္း

၂။ အစာအဟာရ လႉဒါန္းျခင္း

၃။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း

၄။ တံျမတ္လွည္းျခင္း

ဤ( ၄)ပါးသည္ ႐ုပ္အဆင္းလွပျခင္း၏အေၾကာင္းရင္း ျဖစ္ေလ၏ ။ ထိုကုသိုလ္( ၄ )ပါးကိုျပဳပါက ႐ုပ္အဆင္းလွပျခင္းအျပင္

သက္ဆိုင္ရာေကာင္းက်ိဳးမ်ားကိုလဲ ထပ္မံရေသး၏….

ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ကို ျဖစ္ေလရာ ဘဝတိုင္း သူတစ္ပါးထက္ ႐ုပ္အဆင္းလွလိုသူတို႔သည္ မလြဲ မေသြ

ျပဳၾကရေပမည္….

တစ္ခ်ိဳ႕လူေတြက ႐ုပ္လွတယ္ စိတ္မလွဘူး ။ *ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ဘယ္ေလာက္ပဲလွလွ သူမ်ားေတြရဲ႕ ေမတၱာေတြကို ရသင့္သေလာက္

မရၾကေတာ့ဘူး…..

တစ္ခ်ိဳ႕လူေတြက ႐ုပ္ဆိုးတယ္ စိတ္ထားျဖဴတယ္ ။

*ဒီစိတ္ေတြေၾကာင့္ပဲ ဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုး သူတစ္ခုခု လိုအပ္လာရင္ ကူညီမယ့္သူေတြ အဆင္သင့္နဲ႔ သူ႔အနားမွာ ဝန္းရံသူေတြ

ေပါမ်ားတတ္တယ္……

တစ္ခ်ိဳ႕လူေတြက ႐ုပ္လည္းမလွဘူး စိတ္လည္းမလွဘူး ။ *ဒါေၾကာင့္ပဲ ဘယ္သူနဲ႔မွ အဆင္မေျပပဲ တေလာကလုံးကို အျပစ္ျမင္ၿပီး

ပူေလာင္ေနရတယ္…..

*႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာကလည္း ဘဝေပးကုသိုလ္ကံ ေကာင္းေလး ေကာင္းခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။ *ဒါေပမယ့္ အရင္ဘဝက

ဘာေကာင္းခဲ့ ေကာင္းခဲ့ မေကာင္းခဲ့ မေကာင္းခဲ့….

*ဒီဘဝမွာ ရသင့္ရထိုက္တဲ့ ႐ုပ္ရည္ကေတာ့ ျပဳျပင္လို႔မရရင္ စိတ္ကေလးကိုေတာ့ ေကာင္းတာ မလုပ္ႏိုင္ေသးရင္ သူမ်ားကို

ဒုကၡမေပးမိေအာင္ေန……

*လူ႔တန္ဖိုးဆိုတာ ႐ုပ္ရည္ ေငြေၾကးအေပၚကေန အေပၚယံရွပ္ၾကည့္လို႔ မသိရဘူး ။ *တန္ဖိုးတက္ေအာင္ မေနႏိုင္ေသးရင္ေတာင္

ကိုယ္က်င့္တရား အပိုင္းမွာ တန္ဖိုးက်ေအာင္ မေနနဲ႔…..

*စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။ စိတ္ေကာင္းရွိရင္ ကံေကာင္းတယ္ ။ စိတ္မေကာင္းႏိုင္ေသးရင္ေတာင္ စိတ္မယုတ္ညံ့နဲ႔ ။

*ကိုယ္ေဒါသထြက္ခ်ိန္ အၿငိဳးေတးႀကီးခ်ိန္ တုန္းကလည္း ,တအားကို ပူေလာင္ၿပီး ႐ုပ္က်ခဲ့ရတဲ့ အခ်ိန္အခိုက္တန႔္ ရွိခဲ့ဖူးတယ္…..

*အဓိကကေတာ့ စိတ္ထား ေပါ့ပါးသြားရင္ အရာအားလုံးက ေပါ့ေပါ့ပါးပါး ျဖစ္သြားမွာပါ…

Credit – Original Writer & Uploader

Unicode

ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး

လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင် သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့သည် ကောင်းမှု ( ၄ ) ပါး ကိုပြုကြရမည် ဟု

ကျမ်းဂန်တို့ ၌ ဆိုကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား……

၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း

၂။ အစာအဟာရ လှူဒါန်းခြင်း

၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း

၄။ တံမြတ်လှည်းခြင်း

ဤ( ၄)ပါးသည် ရုပ်အဆင်းလှပခြင်း၏အကြောင်းရင်း ဖြစ်လေ၏ ။ ထိုကုသိုလ်( ၄ )ပါးကိုပြုပါက ရုပ်အဆင်းလှပခြင်းအပြင်

သက်ဆိုင်ရာကောင်းကျိုးများကိုလဲ ထပ်မံရသေး၏….

ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာ ဘဝတိုင်း သူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည် မလွဲ မသွေ

ပြုကြရပေမည်….

တစ်ချို့လူတွေက ရုပ်လှတယ် စိတ်မလှဘူး ။ *ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှ သူများတွေရဲ့ မေတ္တာတွေကို

ရသင့်သလောက် မရကြတော့ဘူး…..

တစ်ချို့လူတွေက ရုပ်ဆိုးတယ် စိတ်ထားဖြူတယ် ။

*ဒီစိတ်တွေကြောင့်ပဲ ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး သူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေ အဆင်သင့်နဲ့ သူ့အနားမှာ

ဝန်းရံသူတွေ ပေါများတတ်တယ်……

တစ်ချို့လူတွေက ရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။ *ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲ တလောကလုံးကို အပြစ်မြင်ပြီး

ပူလောင်နေရတယ်…..

*ရုပ်လှပြီး စိတ်လှဖို့ ဆိုတာကလည်း ဘဝပေးကုသိုလ်ကံ ကောင်းလေး ကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။ *ဒါပေမယ့်

အရင်ဘဝက ဘာကောင်းခဲ့ ကောင်းခဲ့ မကောင်းခဲ့ မကောင်းခဲ့….

*ဒီဘဝမှာ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကတော့ ပြုပြင်လို့မရရင် စိတ်ကလေးကိုတော့ ကောင်းတာ မလုပ်နိုင်သေးရင် သူများကို

ဒုက္ခမပေးမိအောင်နေ……

*လူ့တန်ဖိုးဆိုတာ ရုပ်ရည် ငွေကြေးအပေါ်ကနေ အပေါ်ယံရှပ်ကြည့်လို့ မသိရဘူး ။ *တန်ဖိုးတက်အောင် မနေနိုင်သေးရင်တောင်

ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုးကျအောင် မနေနဲ့…..

*စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။ စိတ်ကောင်းရှိရင် ကံကောင်းတယ် ။ စိတ်မကောင်းနိုင်သေးရင်တောင် စိတ်မယုတ်ညံ့နဲ့ ။

*ကိုယ်ဒေါသထွက်ချိန် အငြိုးတေးကြီးချိန် တုန်းကလည်း ,တအားကို ပူလောင်ပြီး ရုပ်ကျခဲ့ရတဲ့ အချိန်အခိုက်တန့် ရှိခဲ့ဖူးတယ်…..

*အဓိကကတော့ စိတ်ထား ပေါ့ပါးသွားရင် အရာအားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာပါ…

Credit – Original Writer & Uploader