



khinCeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” အင်တာဗျူးမှာ သီချင်းဆိုပြခဲ့တဲ့ ထိပ်ထားလေး ”

ထိပ်ထားသခင်လို့ပြောလိုက်တာနဲ့ ပရိသတ်တွေရင်ကို လှုပ်ခတ်စေနိုင်တဲ့ ကလေးသရုပ်ဆောင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက လည်း သည်းသည်းလှုပ်ချစ်ခင်အားပေးကြပြီး ထိပ်ထား လေးရဲ့ အသံလေးကအစ အပြုအမူသရုပ်ဆောင်ချက်များဟာ ပရိသတ်ရင် ကို တစ်ခုမဟုတ်တစ်ခုစွဲကျန်အောင် ပြောဆိုတတ်သူလေးပဲဖြစ်ပါတယ်။ ထိပ်ထားလေးဟာ သူရဲ့ပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးရဲ့သဲသဲလှုပ်ချစ်ရတဲ့ထိပ်ထားလေးရဲ့ အပြောလေးတွေဟာ Tik Tok မှာ အမြဲ ရေပန်းစားလေ့ရှိပါတယ်။

လတ်တလောမှာလည်း ထိပ်ထားလေးရဲ့” မွတ်နွတ်ကွတ်ကျွတ် ” ဆိုတဲ့စကားလေးကပရိသတ်တွေ ကြားမှာရေးပန်းစားနေတာပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့အပြောလေးတွေကြောင့် ပရိသတ်တွေ အမြဲအချစ်ပိုရတဲ့ထိပ်ထားလေးကတော့ ဒီတစ်ခါမှာလည်း အင်တာဗျူးရင်းပရိသတ်တွေကို သီချင်းဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။ ဂျူ ဝယ်လ်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ” Message ”(စာ)ဆိုတဲ့သီချင်းကို အင်တာဗျူးမှာ ချစ်စရာကောင်းအောင်သီဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးအသေးစားလေးဆိုပြီးပရိသတ်တွေချစ်တဲ့ထိပ်ထားလေးကတော့ အသံစူးစူးလေးနဲ့ အပီအပြင်ကိုသီဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။အင်တာဗျူ းအဆုံးမှာလည်း မွတ်နွတ်ကွတ်ကျွတ်လို့နှုတ်ဆက်ပြီး မွတ်နွတ်ကွတ်ကျွတ်ရဲ့အဓိပ္ပါယ်က အချစ်တုံးလေဆိုပြီး ပြောပြခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရော ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထားလေးကိုချစ်ရင် တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Exclusive On CeleGabar
khinCeleGabar
Share From CeleGabar