






ယူနီကုတ်ဖြင့်ဖတ်ရန်

သားသားမီးမီးတွေအတွက် လိုအပ်တဲ့ အသိပညာတွေ မျှဝေနိုင်ဖို့ “”Mother and Baby care””MBC by PHSH” အဖွဲ့လေးကို ပါဝင်ဖို့ မေမေတွေအားလုံးကို ဖိတ်ခေါ်လိုက်တဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ထူးချွန်ထက်မြတ်တဲ့ဆရာဝန် ကောင်းတစ်ယောက်လည်းဖြစ်တာမို့ နိုင်ငံတော်ကိုယ်စားလှယ် တစ်ယောက်အဖြစ်သတ်မှတ်ခံနေရတာလည်းဖြစ်ပါတယ်။ခုအခါမှာတော့ သားသားမီးမီးတွေအတွက် လိုအပ်ချက်တွေ အသိပညာတွေ မျှဝေနိုင်ဖို့ “”Mother and Baby Care””MBC by PHSH” အဖွဲ့လေးကို ပါဝင်ဖို့ မေမေတွေအားလုံးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

“မေမေ,,ဖေဖေ,,ဖိုးဖိုး,,ဖွားဖွား,,ဦးဦး,,တီတီ အားလုံး သားသားမီးမီးတွေအတွက် သိချင်တာတွေ, လိုအပ်တာတွေ,အတွေ့အကြုံတွေ,အသိပညာတွေ မျှဝေနိုင်ဖို့ “”Mother and Baby Care””MBC by PHSH” ဆိုတဲ့closed groupလေးကို “Treza” နဲ့ “Pun Hlaing Siloam Hospital” တို့ ပူးပေါင်းပြီး ဖွင့်လိုက်ပါတယ်။

အထူးကုဆရာဝန်ကြီးများပါဝင်အကြံပေးဆွေးနွေးဖြေကြားပေးမှာမို့ မှန်ကန်တဲ့အကြံဉာဏ်တွေ ဗဟုသုတတွေရရှိနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်” ဆိုပြီးတော့ သားသားမီးမီးတွေအတွက် လိုအပ်တဲ့ အသိပညာတွေကို မျှဝေနိုင်ဖို့ “”Mother and Baby Care”””Mother and Baby Care”ဆိုတဲ့ အဖွဲ့လေးကို ဖွဲ့စည်းလိုက်တာဖြစ်တယ်ဆိုတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။

“ကိုယ်ဝန်ဆောင်မေမေတွေ မီးဖွားပြီးစမေမေတွေ ချစ်စရာသားသားမီးမီးတွေကိုဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးတဲ့ မိသားစုဝင်အားလုံးအတွက် မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုလွယ်ကူစွာရရှိနိုင်ဖို့ရည်ရွယ်ပါတယ်နော် အားလုံးပဲ ဒီgroupလေးကနွေးထွေးစွာကြိုဆိုလိုက်ပါတယ်” ဆိုပြီးတော့

မေမေတွေအတွက် ကိုယ့်သားသမီးလေးတွေကို စောက်ရှောက်ဖို့ နည်းလမ်းကောင်းတွေကို ရရှစေမှာမို့ ဆက်သွယ်လိုက်ကြပါဆိုပြီးတော့ ဆက်ပြီးတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကျန်မာရေးဆိုင်ရာ အချက်အလက်တွေကို ပြောပြပေးနေတဲ့ ချစ်သုဝေအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source : Chit Thu Wai

Share From CeleGabar