နိုင်ငံကျော် အကယ်ဒမီရ မင်းသမီးများဖြစ်ကြတဲ့ ခိုင်သင်းကြည်နဲ့ ခင်ဇာခြည်ကျော်တို့ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ စံထိပ်ထားဦးတို့ကလည်း မိခင်တွေရဲ့ ခြေရာကို နင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဘုန်းမင်းနေလနဲ့ စံထိပ်ထားဦးက ကျောင်းသား၊ ကျောင်းသူအရွယ်လေးတွေ ဖြစ်ကြလို့ ရုပ်ရှင်၊ ဗီဒီယိုတွေကို မရိုက်ကူးသေးပေမယ့်လည်း ကြော်ငြာတွေနဲ့ ဓာတ်ပုံတွေကိုတော့ ရိုက်ကူးပေးနေလျက်ရှိပါတယ်။
မနေ့က ဇွန်လ(၁၄) ရက်နေ့ကတော့ ဘုန်းမင်းနေလနဲ့ စံထိပ်ထားဦးတို့ သူငယ်ချင်းနှစ်ယောက်က တီဗီကြော်ငြာတစ်ခုကို အတူတူ ရိုက်ကူးနေလျက်ရှိပါတယ်။ ရိုက်ကူးရေးနားချိန်မှာတော့ သူတို့နှစ်ယောက်က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောရအောင် Live တွေ လွှင့်ရင်း စကားပြောခဲ့ကြပါတယ်။
ဘုန်းမင်းနေလနဲ့ စံထိပ်ထားဦးတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ Live ဗီဒီယိုလေးကိုကြည့်ရင်း သူတို့နှစ်ဦး ဘာတွေပြောထားကြမလဲဆိုတာ မိုမိုလေးနဲ့ အတူတူ ကြည့်ကြရအောင်နော်။
Live လွှင့်ပြီး စကားတွေပြောခဲ့ကြတဲ့ ဘုန်းမင်းနေလနဲ့ စံထိပ်ထားဦး
ချစ်စရာကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ စံထိပ်ထားဦးတို့ကတော့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းမင်းနဲ့ ထိပ်ထိပ်တို့ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source; San Htate Htar Oo’s fb
Share From momolay