“သက္ႀကီးလူ႐ႊင္ေတာ္ တစ္ဦးလွ်င္ (၁၂) သိန္း ႏႈန္းနဲ႔ လႉဒါန္းေနတဲ့ ခင္လႈိင္။”

ဟာသ သ႐ုပ္ေဆာင္အျဖစ္နဲ႔ ေအာင္ျမင္မႈကို ထိန္းထားႏိုင္သူေတြထဲမွာ ခင္လႈိင္လည္း အပါအဝင္ပါ။ ခင္လႈိင္ ၊ ဒိန္းေဒါင္အျဖစ္ တြဲၿပီးျမင္ခဲ့ၾကေပမဲ့ ေနာက္ပိုင္းမွာေတာ့ ဒိန္းေဒါင္က နာမည္တျဖည္းျဖည္း ေလ်ာ့သြားပါတယ္။ခင္လႈိင္က လက္ရွိမွာေတာ့ ဇဝနေဖာင္ေဒးရွင္းကို မတည္ၿပီး သက္ႀကီးလူ႐ႊင္ေတာ္ေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနပါတယ္။သက္ႀကီး လူ႐ႊင္ေတာ္ေတြကို တစ္လလွ်င္ တစ္ဦးက် မဲႏႈိက္ေ႐ြးခ်ယ္ၿပီး လႉဒါန္းေငြ ေပးအပ္ေနတဲ့ အေၾကာင္း ခင္လႈိင္က ခုလို ေျပာျပသြားပါတယ္။

“အခုက ဦးခင္လႈိင္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္က ေလာ့ခ္က်တာလား အဟက္ခံရတာလား မသိဘူး တိုင္ပတ္ေနေတာ့ မနက္ျဖန္က်မွ မႏၲေလးမွာ လူ႐ႊင္ေတာ္ ဘယ္သူျဖစ္မလဲ မဲႏႈိက္ရင္း မႏၲေလးမွာ လႉမွာေပါ့။ဒီတစ္ေခါက္နဲ႔ဆိုရင္ ေလးေယာက္ေျမာက္ေပါ့။ ၿပီးခဲ့တဲ့ အေခါက္က ရန္ကုန္မွာ ဆယ့္သုံးသိန္းေလာက္ လႉႏိုင္တယ္။မ်ားေသာအားျဖင့္ ဆယ္သိန္းေက်ာ္ ဆယ့္တစ္သိန္း ဆယ့္ႏွစ္သိန္း စလႉတဲ့အေခါက္တည္းက ဆယ့္ႏွစ္သိန္းေက်ာ္ လႉႏိုင္ပါတယ္။ တစ္လတစ္ေယာက္ကေတာ့ (၁၂) သိန္းေက်ာ္ လႉႏိုင္ပါတယ္။

ဇဝနေဖာင္ေဒးရွင္းက မတည္ေငြ တစ္သိန္း ၊ ဦးခင္လႈိင္က တစ္သိန္း ၊ ဇဝနေဖာင္ေဒးရွင္း မတည္ေငြကလည္း ဦးခင္လႈိင္ဟာပါပဲ။အရင္တုန္းက ဇဝန မီဒီယာ ပလက္ေဖာင္းေလး လုပ္ထားတာ။ အခုမလုပ္ျဖစ္ေတာ့ဘူး။ ဒီလႉဒါန္းမႈ ေဖာင္ေဒးရွင္းပဲ က်န္ခဲ့ေတာ့ ကိုယ့္ရဲ႕ ပိုက္ဆံနဲ႔ လႉျဖစ္တာေပါ့။က်န္တဲ့မိတ္ေဆြေတြကလည္း ဝိုင္းလႉၾကတယ္။” ဆိုၿပီး ေဖာင္ေဒးရွင္းအေၾကာင္း ေျပာျပသြားပါတယ္။လႉဒါန္းမႈလုပ္ဖို႔ စိတ္ကူးရသြားတဲ့ အေၾကာင္းရင္းကိုလည္း ခင္လႈိင္က ခုလို ေျပာပါတယ္။

“ကိုယ္လည္း လူ႐ႊင္ေတာ္ တစ္ေယာက္ပဲေလ။ လူ႐ႊင္ေတာ္ေတြ အသက္ႀကီးလာတဲ့အခ်ိန္မွာ အလုပ္အကိုင္မလုပ္ႏိုင္ဘဲ အသက္အ႐ြယ္ႀကီးလို႔ အနားယူတဲ့အခ်ိန္မွာ ခ်ိဳ႕တဲ့တဲ့သူ မ်ားတယ္။ခ်မ္းသာတဲ့သူေတြလည္း ရွိပါတယ္။ ေဖာင္ေဒးရွင္း လုပ္တယ္ဆိုတာကေတာ့ ခ်မ္းသာသူ ခ်ိဳ႕တဲ့သူခြဲလို႔ မရဘူးေပါ့။ မဲႏႈိက္တဲ့အခါ ကံထူးတဲ့သူက ရတာေပါ့။” လို႔ ဆိုပါတယ္။

လစဥ္ လူ႐ႊင္ေတာ္ တစ္ေယာက္ပဲ လႉရတဲ့ အေၾကာင္းကိုလည္း ဦးခင္လႈိင္က ခုလို ရွင္းျပပါတယ္။“လူ႐ႊင္ေတာ္ႀကီးေတြက သဘင္အစည္းအ႐ုံး ဝင္ထားတဲ့သူ ရွိသလို မဝင္ထားတဲ့သူလည္း ရွိတယ္။ တစ္ခ်ိဳ႕လည္း သဘင္အစည္းအ႐ုံးနဲ႔ လက္လွမ္းေဝးေနသူေတြလည္း ရွိတယ္။လူ႐ႊင္ေတာ္ႀကီးေတြ အသက္ႀကီးသြားလို႔ ပင္စည္အေနနဲ႔ ေပးတဲ့ အစည္းအ႐ုံးမရွိဘူး။ အမွန္ေတာ့ ရွိသင့္တာ။ သူတို႔ေတြ အတြက္ ဘဝအာမခံခ်က္လိုတယ္ေလ။လစဥ္လႉဖို႔က မေသခ်ာတဲ့အတြက္ မလုပ္ေပးႏိုင္လို႔ လစဥ္ တစ္ေယာက္တစ္ေယာက္ကို လႉျဖစ္ေအာင္ေတာ့ အေကာင္းဆုံး ႀကိဳးစားၿပီး အတတ္ႏိုင္ဆုံး လုပ္သြားမွာ။” ဆိုၿပီး ေျပာျပသြားပါတယ္။

ခရက္ဒစ္

Unicode

ဟာသ သရုပ်ဆောင်အဖြစ်နဲ့ အောင်မြင်မှုကို ထိန်းထားနိုင်သူတွေထဲမှာ ခင်လှိုင်လည်း အပါအဝင်ပါ။ ခင်လှိုင် ၊ ဒိန်းဒေါင်အဖြစ် တွဲပြီးမြင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဒိန်းဒေါင်က နာမည်တဖြည်းဖြည်း လျော့သွားပါတယ်။ခင်လှိုင်က လက်ရှိမှာတော့ ဇဝနဖောင်ဒေးရှင်းကို မတည်ပြီး သက်ကြီးလူရွှင်တော်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။သက်ကြီး လူရွှင်တော်တွေကို တစ်လလျှင် တစ်ဦးကျ မဲနှိုက်ရွေးချယ်ပြီး လှူဒါန်းငွေ ပေးအပ်နေတဲ့ အကြောင်း ခင်လှိုင်က ခုလို ပြောပြသွားပါတယ်။

“အခုက ဦးခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်က လော့ခ်ကျတာလား အဟက်ခံရတာလား မသိဘူး တိုင်ပတ်နေတော့ မနက်ဖြန်ကျမှ မန္တလေးမှာ လူရွှင်တော် ဘယ်သူဖြစ်မလဲ မဲနှိုက်ရင်း မန္တလေးမှာ လှူမှာပေါ့။ဒီတစ်ခေါက်နဲ့ဆိုရင် လေးယောက်မြောက်ပေါ့။ ပြီးခဲ့တဲ့ အခေါက်က ရန်ကုန်မှာ ဆယ့်သုံးသိန်းလောက် လှူနိုင်တယ်။များသောအားဖြင့် ဆယ်သိန်းကျော် ဆယ့်တစ်သိန်း ဆယ့်နှစ်သိန်း စလှူတဲ့အခေါက်တည်းက ဆယ့်နှစ်သိန်းကျော် လှူနိုင်ပါတယ်။ တစ်လတစ်ယောက်ကတော့ (၁၂) သိန်းကျော် လှူနိုင်ပါတယ်။

ဇဝနဖောင်ဒေးရှင်းက မတည်ငွေ တစ်သိန်း ၊ ဦးခင်လှိုင်က တစ်သိန်း ၊ ဇဝနဖောင်ဒေးရှင်း မတည်ငွေကလည်း ဦးခင်လှိုင်ဟာပါပဲ။အရင်တုန်းက ဇဝန မီဒီယာ ပလက်ဖောင်းလေး လုပ်ထားတာ။ အခုမလုပ်ဖြစ်တော့ဘူး။ ဒီလှူဒါန်းမှု ဖောင်ဒေးရှင်းပဲ ကျန်ခဲ့တော့ ကိုယ့်ရဲ့ ပိုက်ဆံနဲ့ လှူဖြစ်တာပေါ့။ကျန်တဲ့မိတ်ဆွေတွေကလည်း ဝိုင်းလှူကြတယ်။” ဆိုပြီး ဖောင်ဒေးရှင်းအကြောင်း ပြောပြသွားပါတယ်။လှူဒါန်းမှုလုပ်ဖို့ စိတ်ကူးရသွားတဲ့ အကြောင်းရင်းကိုလည်း ခင်လှိုင်က ခုလို ပြောပါတယ်။

“ကိုယ်လည်း လူရွှင်တော် တစ်ယောက်ပဲလေ။ လူရွှင်တော်တွေ အသက်ကြီးလာတဲ့အချိန်မှာ အလုပ်အကိုင်မလုပ်နိုင်ဘဲ အသက်အရွယ်ကြီးလို့ အနားယူတဲ့အချိန်မှာ ချို့တဲ့တဲ့သူ များတယ်။ချမ်းသာတဲ့သူတွေလည်း ရှိပါတယ်။ ဖောင်ဒေးရှင်း လုပ်တယ်ဆိုတာကတော့ ချမ်းသာသူ ချို့တဲ့သူခွဲလို့ မရဘူးပေါ့။ မဲနှိုက်တဲ့အခါ ကံထူးတဲ့သူက ရတာပေါ့။” လို့ ဆိုပါတယ်။လစဉ် လူရွှင်တော် တစ်ယောက်ပဲ လှူရတဲ့ အကြောင်းကိုလည်း ဦးခင်လှိုင်က ခုလို ရှင်းပြပါတယ်။

“လူရွှင်တော်ကြီးတွေက သဘင်အစည်းအရုံး ဝင်ထားတဲ့သူ ရှိသလို မဝင်ထားတဲ့သူလည်း ရှိတယ်။ တစ်ချို့လည်း သဘင်အစည်းအရုံးနဲ့ လက်လှမ်းဝေးနေသူတွေလည်း ရှိတယ်။လူရွှင်တော်ကြီးတွေ အသက်ကြီးသွားလို့ ပင်စည်အနေနဲ့ ပေးတဲ့ အစည်းအရုံးမရှိဘူး။ အမှန်တော့ ရှိသင့်တာ။ သူတို့တွေ အတွက် ဘဝအာမခံချက်လိုတယ်လေ။လစဉ်လှူဖို့က မသေချာတဲ့အတွက် မလုပ်ပေးနိုင်လို့ လစဉ် တစ်ယောက်တစ်ယောက်ကို လှူဖြစ်အောင်တော့ အကောင်းဆုံး ကြိုးစားပြီး အတတ်နိုင်ဆုံး လုပ်သွားမှာ။” ဆိုပြီး ပြောပြသွားပါတယ်။

Credit:Cantwait2say

Leave a Reply

Your email address will not be published.