စိုင်းစိုင်း ရဲ့ Birthday Show လက်ပတ်ကြောင့် လက်မှာ အရေကြည်ဖူးတွေပေါက်ပြီး အနာဖြစ် ခဲ့ရတဲ့ မိန်းကလေး ….

ပရိသတ်ကြီးရေ စိုင်းစိုင်း ကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး အဆိုတော် တစ်ဦးလို့ ပြောရလောက်အောင် နာမည်ကြီးအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းက Hip Hop ,Pop , Rap ဂီတအမျိုးအစားတွေကို ကိုယ်ပိုင် သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းက ထူးချွန်ထက်မြက်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

မကြာခင် လပိုင်းကပဲ အသက် (၄၀) ပြည့် ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ birthday Show ပွဲတွေကို ရန်ကုန်နဲ့ မန်းလေးမြို့ကြီးတွေများ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ Birthday Show ပွဲကြီးကတော့ လူငယ်ပရိသတ်တွေနဲ့ အရမ်းကို စည်ကားခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ Birthday Show လက်ပတ်လေးကတော့ စိုင်းစိုင်း ပရိသတ်ကို အနာတရဖြစ်စေခဲ့ပါတယ်။

စိုင်းစိုင်းရဲ့ Birthday show လက်ပတ် ပတ် ခဲ့တဲ့ကောင်မလေးက “Showပွဲလက်​မှတ်​က30000​ဆေးဖိုးက30000မက​တော့ဘူး ┣▇▇▇═─(╯︵╰,) so sad…

 

ဦးစိုင်း​နောက်​တခါဒီလိုလက်​ပတ်​မလုပ်​ပါနဲ့” ဆိုပြီး စိုင်းစိုင်း ကိုပြောထားတာပဲဖြစ်ပါတယ်။ ကောင်မလေးကတော့ စိုင်းစိုင်း Birthdat Show လက်ပတ်နဲ့ ဓာတ်မထည့် လို့ လက်မှာ အရေကြည်ဖူးတွေ ပေါက်နေတာပဲဖြစ်ပါတယ်။

crd : celefamily