“နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ခဲ့တဲ့ ပြေတီဦးရဲ့ ပုံရိပ်များ

ပရိသတ်တွေ ချစ်တဲ့ မင်းသားချောပြေတီဦးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် စိတ်ရော ကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပြေတီဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို မအားမချက်အောင် လုပ်ကိုင်နေရင်း သူ့ရဲ့မိသားစုလေးကို သာယာအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ ပြေတီဦးက မင်းသမီးချောလေး အိန္ဒြာကျော်ဇင်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသမီး (၂) ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့ကတော့ ပြေတီဦးက ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်တဲ့ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ခဲ့ပါတယ်။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးမှ ပြေတီဦးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ မောင်မျိုးမင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ပြေတီဦး၊ ရဲအောင်၊ မင်းဦး၊ ကျော်ကျော်ဗိုလ်၊ ဝတ်မှုံရွှေရည်၊ အေးမြတ်သူ၊ မျိုးသန္တာထွန်း၊ ချိုပြုံးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

“နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးက ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ပထမဆုံး ကိုယ်တိုင်ရေးသားသော နှစ်ပတ်အလို လုံးချင်းဝတ္တုသစ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ချစ်ရတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ခဲ့တဲ့ ပြေတီဦး

ပြေတီဦးကတော့ ဘယ်အချိန်ကြည့်ကြည့် စတိုင်လ်ကျကျနဲ့ ခန့်ညားနေတာပဲ ဖြစ်ပါတယ်။ နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ(၂၀) ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ သွားရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Pyay Ti Oo’s fb

Share From Lovely Myanmar