အဖေများနေ့ ကို အချစ်ဆုံးနှစ်ယောက်ဘေး မှာထားပြီး ဂုဏ်ပြုဖြတ်သန်းခဲ့တဲ့ ရွှေထူး

မင်းသမီးလေးရွှေမှုန်ရတီ နဲ့ အဆိုတော် ရွှေထူးတို့ဟာဆိုရင် နေ နဲ့လ ရွှေနဲ့မြဆိုတဲ့ စကားအတိုင်း အရမ်းကိုကြည်နူးအားကျဖို့ကောင်းတဲ့ စုံတွဲလေးဖြစ်ပါတယ်…။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခင်မြတ်နိုး တာဖြစ်ပြီး အရိပ်အောက်က ပျောက်မခံနိုင်သူတွေပါနော်….။ သူတို့နှစ်ယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ချစ်ခင်ဝန်းရံမှုတွေ အရင်ကထက်ပိုမို ရရှိလာပြီး အနုပညာ အလုပ်တွေကို တစ်ယောက်ကို တစ်ယောက် ဖေးမလုပ်ကိုင်ပေးလျက်ရှိတာဖြစ်ပါတယ်…။

နှစ်ကိုယ်တော် တေးသီချင်း ဗီဒီယိုဖြစ်တဲ့ “အမှား” ဟာဆိုရင် social media လောကမှာ လူကြိုက်များရေပန်းစားလျက်ရှိပြီး အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာရရှိထားတာပါ…။ အနုပညာအလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားလုပ်ကိုင်မှုတွေကြောင့် “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတွဲညီညီ ဇနီးမောင်နှံ
အဖေများနေ့ကို အချစ်ဆုံးနှစ်ယောက်ဘေးမှာထားပြီး ဂုဏ်ပြုဖြတ်သန်းခဲ့တဲ့ ရွှေထူး

ရွှေထူးတို့ ဇနီးမောင်နှံ ဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ ရှိပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း ဒီနေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ ဖခင်ဖြစ်သူ နဲ့အတူ၊ ချစ်ဇနီးရွှေမှုန်နဲ့ပါ ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးကို တင်ဆက်ပြသပေး လိုက်တာပါနော်….။ Let Pan ပရိသတ်ကြီးလည်း ဆက်လက် အားပေးသွားကြပါဦးနော်…။

crd : myanmarload