You are here
Home > KNOWLEDGE > ရည်းစားဟောင်းကို မပြောသင့်တဲ့ အချက် ၆ ချက်

ရည်းစားဟောင်းကို မပြောသင့်တဲ့ အချက် ၆ ချက်

ရည်းစားဟောင်းကို မပြောသင့်တဲ့ အချက် ၆ ချက်

လမ်းခွဲခြင်းဆိုတာ ကြားတော့သာလွယ်မယောင်ထင်ရပေမယ့် တကယ်တမ်းကြုံလာရင်ကျ လွယ်လွယ်နဲ့ဖြေမဆည်နိုင်တတ်ကြပါဘူး။အမှားတွေကနေသင်ယူနိုင်သလို သင့်ဒဏ်ရာတွေကျက်ဖို့ အချိန်ကအကောင်းဆုံးသမားတော်ပါပဲ။လမ်ခွဲခြင်းနဲ့ပတ်သက်ပြီး ချစ်လွန်းလို့လမ်းခွဲလိုက်ရတယ်ဆိုတာမျိုးလည်းရှိသလို ဒေါသအမုန်းပွားစရာတွေနဲ့ လမ်းခွဲလိုက်ရတာမျိုးအစရှိသဖြင့် အကြောင်းပြချက်မျိုးစုံရှိပါတယ်။ဒါပေမယ့် သင်တို့နှစ်ယောက်လမ်းခွဲပြီးလို့ သင်နောက်အချစ်နဲ့တွဲနေချိန်(သို့)သူ အခြားတစ်ယောက်နဲ့တွဲနေချိန်မျိုးမှာ အခြေခံအားဖြင့် မပြောသင့်တဲ့အရာများကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.”ငါနင့်ကိုအမြဲလွမ်းနေမှာပါ”

တကယ်လို့ သူဟာ သင့်ကိုစွန့်ပစ်သွားသူတစ်ယောက်ဆိုရင် သင်ဒီလိုပြောခြင်းအားဖြင့် သင့်ခံစားချက်တွေနဲ့ကစားဖို့ သူ့ကိုထပ်အခွင့်အရေးပေးလိုက်သလိုပါပဲ။ဒါမှမဟုတ် သင်ကသူ့ကိုထားခဲ့တဲ့သူဆိုရင်လည်း သင်ဒီလိုပြောခြင်းအားဖြင့် သူနောက်အချစ်သစ်နဲ့တွဲဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမှာပါ။

2.”အခု နင်မရှိတော့ ငါပိုပျော်တယ်”

တချိန်တုန်းက သင့်အတွက်ကမ္ဘာကြီးတမျှအဓိပ္ပာယ်ရှိခဲ့တဲ့သူနဲ့သူမရှိရင် မပြည့်စုံသလိုခံစားခဲ့ရတဲ့သင်ဟာ အခုတော့ပျော်နေနိုင်ပြီလား?

3.”ငါနင့်ကိုမုန်းတယ်၊အမြဲမုန်းနေမယ်”

လမ်းခွဲပြီးခါစမှာ စိတ်အခြေအနေတွေ ဂယောက်ဂယက်နဲ့ပြင်းထန်နေတတ်တာ သဘာဝကျပါတယ်။ဒါပေမယ့် ဒီလိုပြောခြင်းအားဖြင့် သင့်ဒဏ်ရာကိုမနှစ်သိမ့်ပေးနိုင်ပါဘူး။

4.”နင်ဟာ ငါနဲ့အတူနေခဲ့တဲ့အမှိုက်သက်သက်ပဲ”

လူတိုင်းကိုစိတ်နာစေမှာကျိန်းသေတဲ့ အထက်ပါစိတ်နာစရာစကားကိုလည်း မပြောသင့်ပါဘူး။ဒီလိုစကားလုံးနဲ့ထိုးနှက်တတ်တဲ့အမူအကျင့်ဟာ ပျော့ညံ့တဲ့သူတွေမှာပဲ ရှိတတ်ပါတယ်။

5.”နင်ဟာ ငါနဲ့မတန်တဲ့သူ၊ငါ့ကိုပိုင်ဆိုင်ခွင့်ရဖူးတယ်ဆိုတာ နင်သိပ်ကံကောင်းလို့ပဲ”

ဒီလိုဆို သင့်ကိုဘယ်တော့မှမပျော်ရွင်စေတဲ့သူနဲ့လက်တွဲဖို့ ရွေးချယ်ခဲ့တာက သင့်ရဲ့ကံဆိုးမှားယွင်းမှုပေါ့။

6.”နင့်သူငယ်ချင်းက ငါ့အပေါ်နင့်ထက်ကောင်းတယ်”

သင့်ရဲ့ရည်းစားဟောင်းကို ရက်ရက်စက်စက်ကလဲ့စားချေဖို့နဲ့နာကျင်စေဖို့ မဆိုင်တဲ့ သူ့သူငယ်ချင်းတွေကို အသုံးပြုမလို့လား?ဒါဟာ အနာဂတ်မှာ ပိုမိုရှုပ်ထွေးစေနိုင်တဲ့အချက်ဖြစ်လို့ပါ။

Share From Lovely Myanmar

Top
//itespurrom.com/4/3018672