မယုံနိုင်လောက်အောင်ပြောင်းလဲသွားတဲ့ ချစ်စရာကလေးလေးတစ်ယောက်ပုံစံနဲ့တွေ့မြင်ရမယ့် ထွန်းအိန္ဒြာဗိုလ်

ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို တစ်ပွေ့တစ်ပိုက်ပိုင်ဆိုင်ထားတဲ့ ဝါရင့်မင်းသမီးကြီးတစ်ယောက်ဖြစ်ပါတယ်။သူမငယ်စဉ်အချိန်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး ဇာတ်ကားပေါင်းများစွာကို တိကျပိုင်နိုင်တဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ခဲ့လို့ သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားများကို ပရိတ်သတ်တွေက နှစ်ခြိုက်သဘောကျကြပါတယ်။

ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်တာလည်း အရမ်းတော်တဲ့အပြင် သီချင်းဆိုတာလည်း အရမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမသီဆိုခဲ့တဲ့ သီချင်းချိုချိုအေးအေးလေးတွေက ပရိတ်သတ်ရဲ့ ရင်ထဲထိရောက်လို့ အဆိုပိုင်းမှာလည်း အောင်မြင်တဲ့သူတစ်ယောက်ပါ။အခုဆိုရင်တော့ မခိုင်ကြီးက ချစ်ရတဲ့ခင်ပွန်းရယ် သားလေးတစ်ယောက်ရယ်နဲ့ မိသားစုဘဝလေးကို သာယာအေးချမ်းပြီးစိုပြေတဲ့မိသားစုလေးဖြစ်အောင်တည်ဆောက်ထားပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေးက အခုဆိုရင်တော့ ဆယ်ကျော်သက်အရွယ်ကိုရောက်နေပြီး အရာအားလုံးကို နားလည်သိတတ်ပြီးထူးချွန်ထက်မြက်တဲ့ကလေးလေးဖြစ်ပါတယ်။စာပေပညာမှာလည်း ဗဟုသုတနဲ့ပြည့်စုံသလို အားကစားဆိုလည်း ကျွမ်းကျင်တဲ့သားလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်တို့ သားအမိနှစ်ယောက်က ကင်မရာ effectတွေကိုသုံးပြီး ကလေးပုံစံလေးတွေလုပ်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Mi Mi Khine