ဂျူနီယာမြင့်မြတ်လေးဆီ အလည်သွားခဲ့တဲ့ တီတီ အေးသောင်းရဲ့ ပုံရိပ်တွေ

ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ သဘာဝမင်းသားတစ်ဦးဖြစ်တဲ့ မြင့်မြတ်ကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးပါ။ အဖေနဲ့ အရမ်းတူတဲ့ မြင့်မြတ်ရဲ့သားလေးကိုတော့ အနုပညာရှင်တွေသာမက ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာပါ။ လတ်တလောမှာတော့ မင်းသမီးချောလေး မအေးသောင်းက ဂျူနီယာမြင့်မြတ်လေးဆီ အလည်သွားခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဖေတူသားလေး ဂျူနီယာမြင့်မြတ်လေးကတော့အိုက်တင်အပြည့်နဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဂျူနီယာမြင့်မြတ်လေးဆီ သွားလည်ခဲ့တဲ့ တီတီအေးသောင်းရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “တီတီပေါက်နဲ့ ဂျူနီယာမြင့်မြတ်လေး။ကြီးလာလေ အဖေတူလာလေပဲ။” ဆိုပြီး ဂျူနီယာမြင့်မြတ်လေးဆီ အလည်သွားခဲ့တဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

ကင်မရာလည်း ကြည့်တတ်နေပြီနော်😍😍😍

သရုပ်ဆောင် မြင့်မြတ်ရဲ့ တစ်ဦးတည်းသော သားသားလေးကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ ဂျူနီယာမြင့်မြတ်လေးကို သွားတွေ့ခဲ့တဲ့ မအေးသောင်းကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Aye Thaung’s Facebook