မိဘနှစ်ပါးရင်ခွင် ကိုနေရာတိုင်း အချိန်တိုင်းမှာ လွမ်းဆွတ်တမ်းတနေကြောင်း မိသားစု ပုံလေးနဲ့အတူဖော်ပြလိုက်တဲ့ ဝင့်ယမုံလှိုင်

ပရိသတ်ကြီးရေ MRTV-4 ရုပ်သံလိုင်းကနေ ပထမဆုံး ရိုက်ကူးတင်ဆက်လိုက်တဲ့ “The Sign Of Love” မြန်မာဇာတ်လမ်းတွဲမှာ “မာယာ”ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံလှိုင်ကို ထိုရုပ်ရှင် ဇာတ်ကားမှတဆင့် စတင်သိမြင်ခဲ့ကြမှာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်ကြီးရင်ထဲ အချစ်တွေ ပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး ဝင့်ယမုံလှိုင်ဟာ သူမရဲ့ကြိုးစား အားထုတ်မှုတွေကြောင့်ပဲ “ကျမကမဟေသီ” ဇာတ်လမ်းတွဲမှာ ထပ်မံပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။သူမဟာ ပရိသတ်ကြီးနဲ့ဝေးကွာမှုမရှိရလေအောင် အနုပညာအလုပ်တွေကို စဉ်ဆက် မပြတ်ဆက်လက်လုပ်ကိုင်နေတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

အချို့သောရုပ်ရှင်ဇာတ်ကားတွေကို နယ်မြို့လေးအချို့မှာ သွားရောက်ရိုက်ကူးခဲ့ကြရတာဖြစ်ပါတယ်။မိဘအိမ်နှင့်ဝေးကွာပြီး အနုပညာလုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်ခဲ့စဉ်မှာလဲ မိဘနှစ်ပါးရင်ခွင်ကိုအမြဲလွမ်းဆွတ်တမ်းတနေကြောင်း သူမ ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မိသားစုဓာတ်ပုံလေးတင်ကာ အလွမ်းပိုနေတာလေးကို ကြည်နူးစရာတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။၎င်းပုံရိပ်လေးကို ပရိသတ်ကြီးမြင်တွေ့ခံစားနိုင်အောင် မျှဝေပေးလိုက်ရပါတယ်နော်။

crd : myanmarload
Share From letpan