ပရိသတ္ေတြ စိတ္ဝင္တစားနဲ့ ေစာင့္ၾကည့္ေနတဲ့ The Voice Myanmar Season (2) ျပိဳင္ပြဲၾကီးရဲ့ Final Show ၾကီးကေတာ့ ေအာင္ျမင္စြာ က်င္းပျပီးစီးခဲ့ျပီ ျဖစ္ပါတယ္။ Top (4) ေလးေယာက္ျဖစ္တဲ့ Hazel, Novem Htoo, Paul Austin နဲ့ Melody Khong တို့ကေတာ့ သူတို့ရဲ့ အစြမ္းအစေတြကုိ အကုန္ထုတ္သံုးျပီး ယွဥ္ျပိဳင္သြားတာကို ေတြ့ရပါတယ္။ ပရိသတ္ေတြလည္း သူတို့ေလးေယာက္စလံုးရဲ့ သီဆိုယွဥ္ျပိုင္မႈကို ေက်နပ္ၾကမယ္ ထင္ပါတယ္။
ေနာက္ဆံုးမွာေတာ့ က်ားေပါက္ရဲ့ Team KP မွ Novem Htoo ကေတာ့ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ Voting အမ်ားဆံုးနဲ့ The Voice Myanmar Season (2) ရဲ့ Winner ျဖစ္လို့ သြားခဲ့ပါတယ္။
Novem Htoo က Final Show ၾကီးမွာ ေရမြန္ရဲ့ ” ေနာက္ေက်ာ” ဆိုတဲ့ သီခ်င္းနဲ့ ယွဥ္ျပိဳင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ က်ားေပါက္နဲ့အတူတူ Telepunk သီခ်င္းနဲ့ ေဖ်ာ္ေျဖခဲ့တာ ပရိသတ္ေတြအၾကိဳက္ျဖစ္ခဲ့ပါတယ္။
The Voice Myanmar Season(2) ရဲ့ Winner ျဖစ္သြားခဲ့တဲ့ Novem Htoo ကေတာ့ ဆုေငြသိန္း(၂၀၀) တိတိ၊ Ford All-New Everest ကားအသစ္ၾကီးကို ပိုင္ဆိုင္ခဲ့ျပီး စီးရီးတစ္ေခြကို ထုတ္လုပ္ခြင့္ရရိွခဲ့တာ ျဖစ္ပါတယ္။
ပရိသတ္ေတြကေတာ့ Novem Htoo အတြက္ ေတာ္ေတာ္ေလး ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ Novem ေရာ က်ားေပါက္ေရာ အခုခ်ိန္မွာ ေျပာမျပတတ္ေအာင္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္။ မုိမုိေလးပရိသတ္ေတြလည္း Novem Htoo အတြက္ ဝမ္းသာစကားေလး ေျပာေပးခဲ့ပါဦးေနာ္။
Rowena
The Voice Myanmar
Unicode
ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ The Voice Myanmar Season (2) ပြိုင်ပွဲကြီးရဲ့ Final Show ကြီးကတော့
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ Top (4) လေးယောက်ဖြစ်တဲ့ Hazel, Novem Htoo, Paul Austin နဲ့ Melody
Khong တို့ကတော့ သူတို့ရဲ့ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်သွားတာကို တွေ့ရပါတယ်။ ပရိသတ်တွေလည်း
သူတို့လေးယောက်စလုံးရဲ့ သီဆိုယှဉ်ပြိုင်မှုကို ကျေနပ်ကြမယ် ထင်ပါတယ်။
နောက်ဆုံးမှာတော့ ကျားပေါက်ရဲ့ Team KP မှ Novem Htoo ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ Voting
အများဆုံးနဲ့ The Voice Myanmar Season (2) ရဲ့ Winner ဖြစ်လို့ သွားခဲ့ပါတယ်။
Novem Htoo က Final Show ကြီးမှာ ရေမွန်ရဲ့ ” နောက်ကျော” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်
ကျားပေါက်နဲ့အတူတူ Telepunk သီချင်းနဲ့ ဖျော်ဖြေခဲ့တာ ပရိသတ်တွေအကြိုက်ဖြစ်ခဲ့ပါတယ်။
The Voice Myanmar Season(2) ရဲ့ Winner ဖြစ်သွားခဲ့တဲ့ Novem Htoo ကတော့ ဆုငွေသိန်း(၂၀၀) တိတိ၊ Ford All-
New Everest ကားအသစ်ကြီးကို ပိုင်ဆိုင်ခဲ့ပြီး စီးရီးတစ်ခွေကို ထုတ်လုပ်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ Novem Htoo အတွက် တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ Novem ရော
ကျားပေါက်ရော အခုချိန်မှာ ပြောမပြတတ်အောင် ဝမ်းသာနေကြမယ် ထင်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း Novem
Htoo အတွက် ဝမ်းသာစကားလေး ပြောပေးခဲ့ပါဦးနော်။