အဖေများနေ့မှာ သူများတွေလို အဖေ့အကြောင်းတွေကြွားချင်ပေမယ့် အဖေမှမရှိတာ ဆိုပြီးရင်ဖွင့်ပြောပြလာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။

ဒီနေ့အဖေများနေ့မှာတော့ အိန္ဒြာကျော်ဇင်က “သူများတွေလို
အဖေ့အကြောင်းတွေကြွားချင်လိုက်တာ
ဒါပေမဲ့ အဖေမှမရှိတာ

သူများတွေလို
အဖေ့မေတ္တာတွေဖွဲ့ချင်လိုက်တာ
ဒါပေမဲ့ အဖေမှမရှိတာ

သူများတွေလို
အဖေ့ကို အမိုးအကာကြီးတစ်ခုလို ရှိစေချင်လိုက်တာ
ဒါပေမဲ့ အဖေမှမရှိတာ

သူများတွေလို
အဖေ့ရဲ့ခွန်အားတွေရချင်လိုက်တာ
ဒါပေမဲ့ အဖေမှမရှိတာ

သူများတွေလို
“အဖေ”လို့ အားရပါးရခေါ်ချင်လိုက်တာ
ဒါပေမဲ့ အဖေမှမရှိတာ

အဖေရှိတဲ့သူများအားလုံးကို အားကျလျှက်

“အဖေများနေ့” အတွက်အမှတ်တရ
ဖေဖေဦးကျော်ဇင် ရဲ့
သမီး
အိန္ဒြာကျော်ဇင်” ဆိုပြီး ဖခင်မရှိတော့တဲ့ သမီးတစ်ယောက်ရဲ့ခံစားချက်တွေ ကိုရင်ဖွင့်ပြောပြလာတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် အိန္ဒြာကျော်ဇင်ရဲ့ ခံစားချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ အိန္ဒြာကျော်ဇင်ကို ချစ်ရင် Share ပေးကြပါဦးနော်။