“ပြေဇင်နဲ့ အောင်မြင့်မြတ်တို့ရဲ့အဖေအခန်း နဲ့ သရုပ်ဆောင်ဖို့ လာငှားလို့ ကြေကွဲနေတဲ့ သားညီ။”
Zawgyi
Myint Myat
Unicode
အနုပညာကို ချစ်မြတ်နိုးလွန်းလို့ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေကို အကောင်းဆုံး ပေးဆပ်ခဲ့တဲ့ သားညီကတော့
လက်ရှိမှာ သရုပ်ဆောင်အလုပ်ကို ခဏနားထားပြီး ဒါရိုက်တာတစ်ဦးအနေနဲ့ ရုပ်ရှင်တွေ ရိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သားညီက သူ့ကို အဖေအခန်းက သရုပ်ဆောင်ဖို့ လာငှားတာကြောင့် ပျော်နေတုန်း
သားအဖြစ်သရုပ်ဆောင်မယ့်သူတွေက ပြေဇင်နဲ့ အောင်မြင့်မြတ်ဖြစ်နေတာကြောင့် ကြေကွဲနေတဲ့အကြောင်း
လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူငယ်ချင်းတွေလိုပေါင်းတဲ့သူတွေနဲ့ သားအဖအခန်းရိုက်ရမှာမို့
သားညီတစ်ယောက် ရယ်ရခက် ငိုရခက်ဖြစ်နေတာပါနော်။မိုမိုလေးချစ်ပရိသတ်တွေအတွက် သူငယ်ချင်းတွေဖြစ်တဲ့
ပြေဇင်နဲ့ အောင်မြင့်မြတ်တို့ရဲ့အဖေနေရာမှ သရုပ်ဆောင်ရမှာကြောင့် ကြေကွဲနေတဲ့ သားညီရဲ့အကြောင်းကို
ဖော်ပြပေးလိုက်ပါတယ်နော်။သားညီကတော့ “အဖေများနေ့ အမှတ်တရ …သတိတရနဲ့ သရုပ်ဆောင်လာငှားတော့
ပျော်တယ်လေ အဖေခန်းက သရုပ်ဆောင်ရမှာတဲ့ ရတယ် အိုကေ ပြဿနာမရှိဘူးလေ …အဲ့နေရာက
အူးလေးနဲ့မှဖြစ်မှာဗျတဲ့ အို ပိုကြိုက်ပြီလေ …မင်းသားနှစ်ယောက်ရဲ့အဖေတဲ့ အမူအယာ အမိုက်စားလုပ်ရမယ်တဲ့
ငယ်ဘဝ ကြီးဘဝ နှစ်မျိုးတဲ့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်တယ် …သွေးတွေ ပွက်ပွက်ဆူလာတယ် လုပ်ပြီလေ
အကြမ်းစားတွေ …မင်းသားတွေက ဘယ်သူလဲလို့မေးလိုက်တယ် ငလူးးးးးးးးးးအောင်မြင့်မြတ် နဲ့ ပြေဇင် တဲ့ လိဒေဖြစ်ကုန်ပြီ
။သားညီ …” ဆိုပြီး ဟာသနှောကာ ရေးသားထားတာပါ။အောင်မြင့်မြတ်နဲ့ ပြေဇင်ကလည်း စိတ်တိုနေတဲ့ သားညီကို
ပြန်လည်စနောက်နေကြတာ တွေ့ရပါတယ်။ ပြေဇင်ဆိုရင် သားညီကို အဖေလို့တောင် စနောက်ပြီး
ခေါ်နေတာပါ။ဒါရိုက်တာအလုပ်တွေချည်း လုပ်နေတဲ့ သားညီကတော့ သရုပ်ဆောင်ဘဝကို လွမ်းဆွတ်နေတဲ့အကြောင်း
မကြာခဏပြောနေသူတစ်ဦးမို့ သရုပ်ဆောင်ပြန်လုပ်ဖို့ ပျော်ရွှင်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း
သူငယ်ချင်းသုံးယောက်ကို သားအဖတွေအဖြစ် တွေ့မြင်ရမယ့် ဇာတ်ကားလေးထွက်လာရင် အားပေးကြဖို့
မမေ့ပါနဲ့နော်။
Myint Myat
Source;Thar Nyi’s Facebook
Share From momolay
Leave a Reply
Your email address will not be published.