“ဂျူဝယ်လ်နဲ့ အိမ့်ချစ်တို့ သီချင်းဆိုနေတုန်း ရုပ်တည်ကြီးနဲ့ နောက်လိုက်တဲ့ ဦးအောင်ရင်ရဲ့ဗီဒီယို။”
Zawgyi
Myint Myat
Unicode
အဆိုတော် ဦးအောင်ရင်၊ ဇွဲပြည့်၊ အိမ့်ချစ်နဲ့ ဂျူဝယ်လ်တို့ကတော့ လတ်တလောမှာ ဖျော်ဖြေရေးတစ်ခုအတွက် Los
Angeles သို့ အတူရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ မိသားစုတွေလို ပျော်ပျော်ပါးပါးနဲ့ ပရိသတ်တွေကို ဖျော်ဖြေဖို့
ခရီးထွက်နေကြတဲ့ ဦးအောင်ရင်တို့ အဆိုတော်အဖွဲ့တွေရဲ့ပုံရိပ်တွေကတော့ အရမ်းကို ပျော်ဖို့ ကောင်းလှပါတယ်နော်။
လတ်တလောမှာတော့ အိမ့်ချစ်က သူနဲ့ ဂျူဝယ်လ်တို့ သီချင်းဆိုနေတုန်း အနောက်ကနေ ရုပ်တည်ကြီးနဲ့ စနောက်လိုက်တဲ့
ဦးအောင်ရင်ရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပျော်ပျော်နေတတ်တဲ့ အိမ့်ချစ်တို့နဲ့
ဦးအောင်ရင်တို့ရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် လူငယ်တစ်ယောက်လို ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်နေတဲ့
ဦးအောင်ရင်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိမ့်ချစ်ကတော့ “ဟင်းဟင်းဟင်ဟင်း ဆိုသဘောပေါက်
” ဆိုပြီး ဂျူဝယ်လ်နဲ့ သီချင်းဆိုကောင်းတုန်း
ဝင်နှောက်လိုက်တဲ့ ဦးအောင်ရင်ရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
အိမ့်ချစ်နဲ့ ဂျူဝယ်တို့ကို စနောက်နေတဲ့ ဦးအောင်ရင်ရဲ့ဗီဒီယို
ဦးအောင်ရင်တို့ အဖွဲ့သားတွေကတော့ လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ San Franciso မှာ ဖျော်ဖြေကြမှာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းလှတဲ့ ဦးအောင်ရင်တို့ရဲ့ဗီဒီယိုလေးကို သဘောကျရင် Share
သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Eaint Chit’s Facebook
Share From momolay
Leave a Reply
Your email address will not be published.