ဇာတ်သိမ်းမယ့်နေ့မှာ မမလေးနှင်းနွေနဲ့ ပုံလေးတွေကို အမှတ်တရ မျှဝေပေးလိုက်တဲ့ မောင်မြင့်

ညစဉ်ညတိုင်း ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုနေရတဲ့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲကတော့ ဒီကနေ့မှာ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဇာတ်သိမ်းပိုင်းမှာတော့ ကိုအောင်မှန်းရဲ့ ရင်ထဲက ခံစားချက် အစစ်အမှန်တွေကို ကြားသိရတော့မှာ ဖြစ်ပါတယ်။ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲကြီး ဇာတ်သိမ်းတော့မှာမို့ ပရိသတ်တွေနဲ့အတူတူ သရုပ်ဆောင်တွေကလည်း စိတ်မကောင်း ဝမ်းနည်းနေကြတာကို တွေ့ရပ့ါတယ်။

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲမှာ မောင်မြင့်ဆိုတဲ့ အလုပ်သမားလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ဖြိုးရာဇာနိုင်ကလည်း သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲမှာ မောင်မြင့်အဖြစ် သရုပ်ဆောင်ထားတဲ့ ဖြိုးရာဇာနိုင်က ဇာတ်လမ်းတွဲကြီး ဇာတ်မသိမ်းခင် မမလေး နှင်းနွေနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို အမှတ်တရ အဖြစ် မျှဝေပေးထားပါတယ်။

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲမှာ နေခြည်ရွှန်းလက်ကလည်း နှင်းနွေအဖြစ် တာဝန်ကျေပွန်ခဲ့သလို ဖြိုးရာဇာနိုင်ကလည်း မောင်မြင့်အဖြစ် တော်တော်လေး အသက်ဝင်ခဲ့တာကို တွေ့ရပါတယ်။

“မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲကတော့ စိတ်မကောင်းစွာနဲ့ပဲ ဇာတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲကို ကြည့်တဲ့အချိန်တိုအတွင်းမှာ ဘဝအမောတွေ ပြေပျောက်ပြီး ကျေနပ်ခဲ့ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Phyoyarzar Naing’s fb