You are here
Home > အနုပညာ > “ကျွန်တော့်ကောင်မလေးက ကျွန်တော့်သမီးအကြီးနဲ့အသက် အတူတူပဲ ဆိုပြီး ” ချစ်​​သူ​ကောင်​မ​လေး အ​ကြောင်း​ကို​ပြောပြလာတဲ့ ​ကျော်​ဇင်​ထွဋ်

“ကျွန်တော့်ကောင်မလေးက ကျွန်တော့်သမီးအကြီးနဲ့အသက် အတူတူပဲ ဆိုပြီး ” ချစ်​​သူ​ကောင်​မ​လေး အ​ကြောင်း​ကို​ပြောပြလာတဲ့ ​ကျော်​ဇင်​ထွဋ်

နိုင်ငံကျော် ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ ကျော်ဇင်ထွဋ်က သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။
ကျော်ဇင်ထွဋ် ကတော့ မိန်မဖြစ်သူနဲ့တရားဝင်ကွာရှင်းထားတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျော်ဇင်ထွဋ်ဟာ ချစ်သူကောင်မလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။ ကျော်ဇင်ထွဋ် က “ချစ်သူသစ်နဲ့ပျော်နေတယ်ဆိုတာထက် အချစ်သစ်နဲ့ဆိုတာက နားလည်ပေးသူပေါ့ လူစိတ်ရှိသောသူပေါ့။ ပြိုလဲပျက်ဆီးပြီးတော်တော်စိတ်ဓာတ်ကျနေတာ အခု ၁၅ ပေါင်လောက်တက်လာတယ်။ ပထမ တော်တော်ကြီးကိုပိန်ချုံးနေတာ။ အဲ့ဒါနဲ့ပြန်လည်ပြုစုပျိုးထောင်ပေါ့။

ပျိုးထောင်တာ အောင်မြင်တယိပြောရမှာပေါ့ အခုနှစ်လလောက်အတွင်းမှာတော့ စိတ်တော်တော်သက်သာသွားပါပြီ အေးဆေးပဲနေတတ်သွားပါပြီ။ ချစ်သူလေးကိုလူသိမခံတာက သူကိုတိုင်ကလဲ မထုတ်ဖော်ပါနဲ့ ကို့ဘက်ကိုလဲ ရှင်းရှင်းပြောရရင် သူကကြည့်ပေးသလို သူ့ဘက်ကြည့်ကို့ဘက်ကြည့်ပေါ့ ။ ဟုတ်တော့လဲ ဟုတ်ပါတယ် သူပြောပြတာလဲ reason အမှန်ဖြစ်ပါတယ်။အခုတော့ထုတ်ဖော်ပြလိုက်ပြီ။ အရင်တုန်းကလဲမိသားစုကို အကိုဒီလောက်ချစ်ပြီးပြခဲ့တာပဲတဲ့။ ဒါပေမယ့် အဲ့မိသားစုကြီးကခိုင်မှ မခိုင်မြဲတာတဲ့။ အဲ့တော့ခုမှရည်းစားကိုသွားပြပြီးမှပြတ်သွားရင် သူ့အတွက်လဲမကောင်းဘူး ကို့အတွက်လဲမကောင်းဘူး ” ဆိုပြီးပြောခဲ့ပါတယ်။

ကျွန်​​တော်​က ​အ​ပြောခံချင်​လွန်းလို့ကို ​ကောင်​မ​လေးနဲ့ပုံ​တွေတင်​လိုက်​တာပါ ´ဆိုပြီးလဲပြောခဲ့ပါသေးတယ်။ ​ကျော်​ဇင်​ထွဋ်​ ရဲ့ကောင်မလေးကတော့ သူ့သမီးကြီးနဲ့ အသက်အတူတူပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ​ကျော်​ဇင်​ထွဋ်​ ရဲ့ interview ဗီဒီယိုဖိုင်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလဲ ဗီဒီယိုလေးတွေကြည့်ပြီးထင်မြင်ချက်လေးကိုပြောပေးခဲ့ကြပါဦးနော်။

Video ကြည့်ရန်

Video Source : Cele Yatkwat

Top
//sotchoum.com/4/3018672