
Zawgyi
ဓာတ္စာ ဟူသည္မွာ ေန႔စဥ္ စားေသာက္ ေနၾကေသာ ဟင္းလ်ာ (သို႔မဟုတ္) အစားအစာ ကိုပင္ ေဆးဖက္ ဝင္ေအာင္ စီမံ၍
စားသုံးျခင္း ပင္ျဖစ္သည္။ အထူးသျဖင့္ လူငယ္မ်ားတြင္ ဓာတ္စာ မလိုေသာ္လည္း
လူႀကီးမ်ားတြင္ အသက္အ႐ြယ္အရ ကိုယ္ခံအင္အား ခ်ိဳ႕ယြင္းလာျခင္း၊ ေရာဂါေဝဒနာ တစ္ခုခု ကပ္ၿငိလာျခင္း အတြက္
သက္သာ ေစမည့္ မိမိေရာဂါႏွင့္ တည့္မည့္ ဓာတ္စာစားရန္ လိုအပ္ေပသည္။
အသက္ႀကီးလာလွ်င္ အားႏွစ္မ်ိဳး လိုသည္ဟု ဆိုသည္။ ထိုအား ႏွစ္မ်ိဳးမွာ ေသြးအား ႏွင့္ ေလအား ျဖစ္သည္။ ေသြးအား
ဆိုသည္မွာ အေနာက္တိုင္း နည္းအားျဖင့္ ေသြးေပါင္ခ်ိန္ ေသာအခါ
အေပၚေသြး ဖိအား၊ ေအာက္ေသြးအား ၁၂ဝ-၈ဝ မီလီမီတာ (ျပဒါး) ရွိေနေသာ အားကို ရည္ၫႊန္းျပလွ်င္အလြယ္တကူ
သိႏိုင္သည္။ အေနာက္တိုင္း ေဆးပညာျဖင့္ ေဖာ္ျပ၍ မရေသာ အားတစ္မ်ိဳးမွာ ေလအားပင္ ျဖစ္သည္။
ေရွးက ဆရာႀကီး မ်ားက”ေလမဆက္၊ ေသဘက္သို႔ နီးလာၿပီ” ဟု ဆို႐ိုးစကား ရွိခဲ့သည္။ ခႏၶာကိုယ္ႀကီးကို ထမ္းေဆာင္
ထားေသာ ႂကြက္သား၊ အေၾကာ၊ အ႐ိုး၊ အဆစ္၊ ဆိုင္ေၾကာ၊ စုေၾကာ မ်ားသည္ ေလတြန္းအား၊ ကန္အား၊ ေထာက္အား
မေကာင္းေတာ့ျခင္း ေၾကာင့္
သြားလာ ထိုင္ထ ရာတြင္ မေကာင္းေတာ့ျခင္း၊ မဟန္ႏိုင္ျခင္း မိမိကိုယ္ မိမိ မသယ္ႏိုင္ျခင္း တို႔ ျဖစ္လာသည္။ ခႏၶာကိုယ္တြင္
လွည့္ပတ္ေနေသာ ေသြးသည္ပင္ ေလတြန္းအားျဖင့္ လွည့္ပတ္ ေနသည္ဟု ယူဆခဲ့ ၾကသည္။
အသက္ႀကီးလာလွ်င္ အားယုတ္သည္မွာ ယုတ္စြအဆုံး ဆီးသြား လွ်င္ပင္ တြန္းအား မရွိသျဖင့္ ဆီးကုန္ေအာင္ အခ်ိဳ႕
အၾကာႀကီး သြားရသည္။ ဆီးသြားၿပီး လွ်င္လည္း ဆီးက်န္ ေနသျဖင့္ ျပန္သြား ခ်င္စိတ္ ျဖစ္ရသည္။
ဆီးကုန္ေအာင္မ သြားသည့္ေ ရာဂါ၊ ဆီးမထိန္း ႏိုင္သည့္ ေရာဂါ၊ ဆီးက်ိတ္ ေရာဂါတို႔မွာ အသက္ႀကီး လာသည့္ ေယာက္်ား
မ်ားတြင္ အျဖစ္မ်ားေသာ ေရာဂါမ်ား ျဖစ္သည္။
အသက္ႀကီးသည့္ မိန္းမမ်ား တြင္လည္း ဆီးေရာဂါ မရွိသည္ မဟုတ္၊ ေယာက္်ားမ်ား ကဲ့သို႔ ဆီးက်ိတ္ႀကီးသည့္ ေရာဂါ
မရွိေသာ္လည္း သားအိမ္ ေလွ်ာၿပီး ဆီးအိတ္ကို ဖိမိသည့္ ေရာဂါသည္
ေလအား မေကာင္း ေသာၾကာင့္ ေထာက္ကန္ ဝါေယာ မေကာင္း ေသာေၾကာင့္ ျဖစ္ေသာ ေရာဂါျဖစ္သည္။ေလဆက္ ေစေသာ
ဓာတ္စာတစ္မ်ိဳးကို တင္ျပရလွ်င္ ရဲယို႐ြက္ ႏွင့္ ငါးခူ တြဲ၍ခ်က္ေသာ ဟင္းလ်ာကို တင္ျပလို ပါသည္။
ထို ဓာတ္စာသည္ လူႀကီးမ်ား အတြက္ ေလအား ျဖစ္ေစေသာ ဓာတ္စာ ျဖစ္သည့္အျပင္ ေသြးအား ကိုလည္း အသင့္အတင့္
ျဖစ္ေစေသာ ဓာတ္စာမ်ိဳး ျဖစ္သည္။ လူငယ္မ်ား အတြက္လည္း ခါးသက္ၿပီး ဆိမ့္ေသာ အရသာ ရွိသျဖင့္ ႏွစ္သက္ ေစႏိုင္သည္။
ငါးခူႏွင့္ ရဲယို႐ြက္ ခ်က္ေသာ နည္း ႏွစ္နည္းရွိသည္။ ပထမနည္းမွာ ငါးခူကို ဆီျပန္ခ်က္ၿပီး ရဲယို႐ြက္ကို ကတ္ေၾကးျဖင့္
ပါးပါးကိုက္ကာ အုပ္ခ်က္သည့္ နည္းျဖစ္သည္။
ဒုတိယ နည္းမွာ ငါးခူကို ခ်င္း၊ ၾကက္သြန္ျဖဴ ျဖင့္ ျပဳတ္ၿပီးကာ အ႐ိုးဖယ္ၿပီး အသားခ်ည္း မႊယူပါသည္။ ထိုအသား ကို
မညႇီေအာင္ င႐ုတ္ေကာင္း အနည္းငယ္၊ ၾကက္သြန္ျဖဴ ေထာင္း၊ ငံျပာရည္ျဖင့္ နယ္ၿပီး ရဲယို႐ြက္ျဖင့္ ဖက္ထုပ္ ျပဳလုပ္ကာ
ဝါးႏွီး စတုတ္တံ ကေလးထိုးၿပီး ေရေႏြးေငြ႕ျဖင့္ ေပါင္းစားေသာနည္းျဖစ္သည္။ ရဲယို ႐ြက္ ကို ဝါးမစား လွ်င္လည္း ေပါင္းသည့္
အေငြ႕ေၾကာင့္ ငါးခူအသား အတြင္းသို႔ ရဲယို႐ြက္၏ ဝါေယာေဆာင္ေသာ ခါးသက္သက္ အရသာသည္ ေရာက္ၿပီး
ျဖစ္ေနပါသည္။
ရဲယို႐ြက္ ႏွင့္ ငါးခူခ်က္ ဓာတ္စာ စားျခင္းျဖင့္ အေၾကာ ေလေလွ်ာက္ အားနည္းသူမ်ား၊ ေလျဖတ္ ေလငန္း ေဝဒနာသည္မ်ား၊ ဆီး
ႏွင့္ ေက်ာက္ကပ္ ေရာဂါရွိသူမ်ား၊
အ႐ိုးအဆစ္ အားနည္းၿပီးက်ီးေပါင္းတက္ ေရာဂါ ရွိသူမ်ား ေဝဒနာ သက္သာ ေပ်ာက္ကင္းေစရန္ အေထာက္ အကူျပဳ
ႏိုင္ေၾကာင္း တင္ျပလိုက္ရေပသည္။
Unicode
ဓာတ်စာ ဟူသည်မှာ နေ့စဉ် စားသောက် နေကြသော ဟင်းလျာ (သို့မဟုတ်) အစားအစာ ကိုပင် ဆေးဖက် ဝင်အောင်
စီမံ၍ စားသုံးခြင်း ပင်ဖြစ်သည်။ အထူးသဖြင့် လူငယ်များတွင် ဓာတ်စာ မလိုသော်လည်း
လူကြီးများတွင် အသက်အရွယ်အရ ကိုယ်ခံအင်အား ချို့ယွင်းလာခြင်း၊ ရောဂါဝေဒနာ တစ်ခုခု ကပ်ငြိလာခြင်း အတွက်
သက်သာ စေမည့် မိမိရောဂါနှင့် တည့်မည့် ဓာတ်စာစားရန် လိုအပ်ပေသည်။
အသက်ကြီးလာလျှင် အားနှစ်မျိုး လိုသည်ဟု ဆိုသည်။ ထိုအား နှစ်မျိုးမှာ သွေးအား နှင့် လေအား ဖြစ်သည်။
သွေးအား ဆိုသည်မှာ အနောက်တိုင်း နည်းအားဖြင့် သွေးပေါင်ချိန် သောအခါ
အပေါ်သွေး ဖိအား၊ အောက်သွေးအား ၁၂ဝ-၈ဝ မီလီမီတာ (ပြဒါး) ရှိနေသော အားကို ရည်ညွှန်းပြလျှင်အလွယ်တကူ
သိနိုင်သည်။ အနောက်တိုင်း ဆေးပညာဖြင့် ဖော်ပြ၍ မရသော အားတစ်မျိုးမှာ လေအားပင် ဖြစ်သည်။
ရှေးက ဆရာကြီး များက”လေမဆက်၊ သေဘက်သို့ နီးလာပြီ” ဟု ဆိုရိုးစကား ရှိခဲ့သည်။ ခန္ဓာကိုယ်ကြီးကို ထမ်းဆောင်
ထားသော ကြွက်သား၊ အကြော၊ အရိုး၊ အဆစ်၊ ဆိုင်ကြော၊ စုကြော များသည် လေတွန်းအား၊ ကန်အား၊ ထောက်အား
မကောင်းတော့ခြင်း ကြောင့်
သွားလာ ထိုင်ထ ရာတွင် မကောင်းတော့ခြင်း၊ မဟန်နိုင်ခြင်း မိမိကိုယ် မိမိ မသယ်နိုင်ခြင်း တို့ ဖြစ်လာသည်။
ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော သွေးသည်ပင် လေတွန်းအားဖြင့် လှည့်ပတ် နေသည်ဟု ယူဆခဲ့ ကြသည်။
အသက်ကြီးလာလျှင် အားယုတ်သည်မှာ ယုတ်စွအဆုံး ဆီးသွား လျှင်ပင် တွန်းအား မရှိသဖြင့် ဆီးကုန်အောင် အချို့
အကြာကြီး သွားရသည်။ ဆီးသွားပြီး လျှင်လည်း ဆီးကျန် နေသဖြင့် ပြန်သွား ချင်စိတ် ဖြစ်ရသည်။
ဆီးကုန်အောင်မ သွားသည့်ေ ရာဂါ၊ ဆီးမထိန်း နိုင်သည့် ရောဂါ၊ ဆီးကျိတ် ရောဂါတို့မှာ အသက်ကြီး လာသည့် ယောက်ျား
များတွင် အဖြစ်များသော ရောဂါများ ဖြစ်သည်။
အသက်ကြီးသည့် မိန်းမများ တွင်လည်း ဆီးရောဂါ မရှိသည် မဟုတ်၊ ယောက်ျားများ ကဲ့သို့ ဆီးကျိတ်ကြီးသည့် ရောဂါ
မရှိသော်လည်း သားအိမ် လျှောပြီး ဆီးအိတ်ကို ဖိမိသည့် ရောဂါသည်
လေအား မကောင်း သောကြာင့် ထောက်ကန် ဝါယော မကောင်း သောကြောင့် ဖြစ်သော ရောဂါဖြစ်သည်။လေဆက်
စေသော ဓာတ်စာတစ်မျိုးကို တင်ပြရလျှင် ရဲယိုရွက် နှင့် ငါးခူ တွဲ၍ချက်သော ဟင်းလျာကို တင်ပြလို ပါသည်။
ထို ဓာတ်စာသည် လူကြီးများ အတွက် လေအား ဖြစ်စေသော ဓာတ်စာ ဖြစ်သည့်အပြင် သွေးအား ကိုလည်း အသင့်အတင့်
ဖြစ်စေသော ဓာတ်စာမျိုး ဖြစ်သည်။ လူငယ်များ အတွက်လည်း ခါးသက်ပြီး ဆိမ့်သော အရသာ ရှိသဖြင့် နှစ်သက်
စေနိုင်သည်။
ငါးခူနှင့် ရဲယိုရွက် ချက်သော နည်း နှစ်နည်းရှိသည်။ ပထမနည်းမှာ ငါးခူကို ဆီပြန်ချက်ပြီး ရဲယိုရွက်ကို ကတ်ကြေးဖြင့်
ပါးပါးကိုက်ကာ အုပ်ချက်သည့် နည်းဖြစ်သည်။
ဒုတိယ နည်းမှာ ငါးခူကို ချင်း၊ ကြက်သွန်ဖြူ ဖြင့် ပြုတ်ပြီးကာ အရိုးဖယ်ပြီး အသားချည်း မွှယူပါသည်။ ထိုအသား ကို
မညှီအောင် ငရုတ်ကောင်း အနည်းငယ်၊ ကြက်သွန်ဖြူ ထောင်း၊ ငံပြာရည်ဖြင့် နယ်ပြီး ရဲယိုရွက်ဖြင့် ဖက်ထုပ် ပြုလုပ်ကာ
ဝါးနှီး စတုတ်တံ ကလေးထိုးပြီး ရေနွေးငွေ့ဖြင့် ပေါင်းစားသောနည်းဖြစ်သည်။ ရဲယို ရွက် ကို ဝါးမစား လျှင်လည်း
ပေါင်းသည့် အငွေ့ကြောင့် ငါးခူအသား အတွင်းသို့ ရဲယိုရွက်၏ ဝါယောဆောင်သော ခါးသက်သက် အရသာသည် ရောက်ပြီး
ဖြစ်နေပါသည်။
ရဲယိုရွက် နှင့် ငါးခူချက် ဓာတ်စာ စားခြင်းဖြင့် အကြော လေလျှောက် အားနည်းသူများ၊ လေဖြတ် လေငန်း
ဝေဒနာသည်များ၊ ဆီး နှင့် ကျောက်ကပ် ရောဂါရှိသူများ၊
အရိုးအဆစ် အားနည်းပြီးကျီးပေါင်းတက် ရောဂါ ရှိသူများ ဝေဒနာ သက်သာ ပျောက်ကင်းစေရန် အထောက် အကူပြု
နိုင်ကြောင်း တင်ပြလိုက်ရပေသည်။