ေရႊေပါကၠံက ကေလးမုဒိန္းမႈနဲ့ ပက္သတ္ျပီး သူမရဲ့ ခံစားခ်က္ကို ေျပာျပလိုက္တဲ့ ပိုပို

လြန္ခဲ့တဲ့ ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ ရန္ကုန္တိုင္းေဒသၾကီး သက္ငယ္မုဒိန္းမႈနဲ့ ပက္သတ္ျပီး တစ္နိုင္ငံလံုးက မိဘျပည္သူေတြ စိတ္မေကာင္း ျဖစ္ေနၾကတာပါ။ လူမဆန္တဲ့ လူတစ္ေယာက္ေၾကာင့္ အျပစ္မရိွတဲ့ ၁နွစ္ေက်ာ္အရြယ္ သမီးေလးကေတာ့ လက္ရိွမွာ အရြယ္နဲ့မလိုက္တဲ့ ေဝဒနာေတြကို ခံစားေနရျပီး ေဆးကုသမႈခံေနရတာ ျဖစ္ပါတယ္။ သမီးေလးရဲ့ မိဘမ်ားနဲ့ ထပ္တူ အားလံုးက စိတ္မေကာင္း ဝမ္းနည္းေနၾကျပီး မုဒိန္းသမားကို ေဒါသေတြျဖစ္ေနၾကလ်က္ရိွပါတယ္။

နိုင္ငံေက်ာ္ အဆိုေတာ္ တစ္ဦးျဖစ္တဲ့ ပိုပိုကလည္း ထုိအမႈနဲ့ ပက္သတ္ျပီး ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနတာကို ေတြ့ရပါတယ္။ ပိုပိုက ” ေအာ္ ကေလးေလးေတြ ဘဝ ဟာ ပန္းေလးကို ေခ်မြလိုက္သလိုပဲ…အ့ဲလိုပန္းေလးေတြကို ေၾကမြ ေအာင္ထပ္လုပ္ခြင့္ မျပဳၾကပါန႔ဲ 😰” ဆိုျပီး သူမရဲ့ ခံစားခ်က္ကို ေျပာထားပါတယ္။

မုဒိန္းမႈကို ရက္ရက္စက္စက္ က်ဴးလြန္သူကေတာ့ အသက္ ၃၉ ႏွစ္အရြယ္ သကၤန္းဝတ္ဘုန္းၾကီးတစ္ပါးပဲ ျဖစ္ပါတယ္။ ကေလးမေလးရဲ့ မိဘေတြက ဝမ္းေရးအတြက္ အလုပ္လုပ္ကိုင္ေနခ်ိန္ ညဘက္မွာ သမီးေလးကို ခိုးယူခံလိုက္ရတာ ျဖစ္ပါတယ္။ မိဘေတြအေနနဲ့ ကေလးေလးကို မနက္မိုးလင္းခ်ိန္မွ ကားေဘာ္ဒီရံုနားက ကိုင္းေတာထဲမွာ ျပန္ေတြ့ခဲ့လို့ ဆိုထားပါတယ္။

လက္ရိွမွာေတာ့ ေ႐ႊေပါကၠံၿမိဳ႕မရဲစခန္းက (ပ) ၅၉၇/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၆၃ အရ အမႈဖြင့္ ကာ ျပစ္မႈက်ဴးလြန္သူ ကိုရင္ႀကီး(ခ) ၪူးဥတၱရ ကိုလူဝတ္လဲ ဖမ္းဆီးကာ ဆက္လက္စစ္ေဆး လ်က္ရွိတယ္လုိ့ သိရပါတယ္။

မုဒိန္းသမားက သူ့ရဲ့အျပစ္ကို ဘယ္လိုပဲ ခံယူရပါေစ လူလားမေျမာက္ေသးတဲ့ သမီးေလးရဲ့ဘဝကေတာ့ မေတြးရဲစရာပါပဲ။ ပိုပိုေျပာသလိုပဲ ပန္းေလးေတြကို ေၾကမြ ေအာင္ထပ္လုပ္ခြင့္ မျပဳၾကပါန႔ဲေနာ္။

Rowena

Source: Po Po’s fb

Photo Credit

Unicodeဖြင့်ဖတ်ရန်
★★★

လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သက်ငယ်မုဒိန်းမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက မိဘပြည်သူတွေ စိတ်မကောင်း ဖြစ်နေကြတာပါ။ လူမဆန်တဲ့ လူတစ်ယောက်ကြောင့် အပြစ်မရှိတဲ့ ၁နှစ်ကျော်အရွယ် သမီးလေးကတော့ လက်ရှိမှာ အရွယ်နဲ့မလိုက်တဲ့ ဝေဒနာတွေကို ခံစားနေရပြီး ဆေးကုသမှုခံနေရတာ ဖြစ်ပါတယ်။ သမီးလေးရဲ့ မိဘများနဲ့ ထပ်တူ အားလုံးက စိတ်မကောင်း ဝမ်းနည်းနေကြပြီး မုဒိန်းသမားကို ဒေါသတွေဖြစ်နေကြလျက်ရှိပါတယ်။

နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ ပိုပိုကလည်း ထိုအမှုနဲ့ ပက်သတ်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ပိုပိုက ” အော် ကလေးလေးတွေ ဘဝ ဟာ ပန်းလေးကို ချေမွလိုက်သလိုပဲ…အဲ့လိုပန်းလေးတွေကို ကြေမွ အောင်ထပ်လုပ်ခွင့် မပြုကြပါနဲ့ ” ဆိုပြီး သူမရဲ့ ခံစားချက်ကို ပြောထားပါတယ်။

မုဒိန်းမှုကို ရက်ရက်စက်စက် ကျူးလွန်သူကတော့ အသက် ၃၉ နှစ်အရွယ် သင်္ကန်းဝတ်ဘုန်းကြီးတစ်ပါးပဲ ဖြစ်ပါတယ်။ ကလေးမလေးရဲ့ မိဘတွေက ဝမ်းရေးအတွက် အလုပ်လုပ်ကိုင်နေချိန် ညဘက်မှာ သမီးလေးကို ခိုးယူခံလိုက်ရတာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးလေးကို မနက်မိုးလင်းချိန်မှ ကားဘော်ဒီရုံနားက ကိုင်းတောထဲမှာ ပြန်တွေ့ခဲ့လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ရွှေပေါက္ကံမြို့မရဲစခန်းက (ပ) ၅၉၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဉူးဥတ္တရ ကိုလူဝတ်လဲ ဖမ်းဆီးကာ ဆက်လက်စစ်ဆေး လျက်ရှိတယ်လို့ သိရပါတယ်။

မုဒိန်းသမားက သူ့ရဲ့အပြစ်ကို ဘယ်လိုပဲ ခံယူရပါစေ လူလားမမြောက်သေးတဲ့ သမီးလေးရဲ့ဘဝကတော့ မတွေးရဲစရာပါပဲ။ ပိုပိုပြောသလိုပဲ ပန်းလေးတွေကို ကြေမွ အောင်ထပ်လုပ်ခွင့် မပြုကြပါနဲ့နော်။

Rowena

Source: Po Po’s fb

Photo Credit