.““တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကို Hazel ပုံစံအတိုင်း ဆိုပြခဲ့တဲ့ ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသူလေး။”
Zawgyi
အမည်ရပါတယ်။
Rowena
Unicode
တေးရေးဆရာကြီး ဘဘဗိုလ်ကလေးတင့်အောင်နဲ့ ဂီတလုလင်မောင်ကိုကိုတို့ရဲ့ “တစ်ကျော့နှစ်ကျော့တေးကိုသီ”
သီချင်းက အန်တီတင်တင်မြ သီဆိုစဉ်ကတည်းက ပရိသတ်တွေ ကြိုက်နှစ်သက်ပြီးးသား သီချင်ကြီး တစ်ပုဒ်ဖြစ်ပါတယ်။
အန်တီတင်တင်မြ သီဆိုပြီးတဲ့နောက်မှာတော့ အခြားသော အဆိုတော်တွေ များစွာကလည်း
“တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကို ပြန်လည်သီဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ The Voice Myanmar Season(2) ရဲ့ Final Show ကြီးမှာ Hazel ကလည်း
“တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကြီးကို Music Arrangement ပြောင်းပြီး သီဆိုခဲ့တာ ပရိသတ်တွေ
ကြက်သီးမွှေးညှင်းထစေတဲ့အထိ တော်တော်လေး လူကြိုက်များခဲ့ပါတယ်။
“တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကို Hazel ဆိုပြီးတဲ့နောက် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ်မှ ကျောင်းသူလေးကလည်း Hazel ပုံစံအတိုင်း ထိုသီချင်းကို သီဆိုခဲ့ပါတယ်။
ထိုကျောင်းသူလေးရဲ့ ဗီဒီယိုက အခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ပြီး တော်တော်လေး
လူကြိုက်များနေလျက်ရှိပါတယ်။
ထိုကျောင်းသူလေးကတော့ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် သဘင်မေဂျာ ပထမနှစ်မှ
သင်ဇာရဲဝင်းလို့ အမည်ရပါတယ်။
ရုပ်လေးရော အသံလေးပါ ချစ်စရာလေးနော်
ထိုကျောင်းသူလေးရဲ့ အသံကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။ ပရိသတ်တွေလည်း ကျောင်းသူလေးရဲ့ ဗီဒီယိုကို
သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Video Credit: Khant Zwe Nyi’s fb