You are here
Home > Health > “တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူသုံးေထာင္ေက်ာ္ရွိၿပီး ေသဆုံးသူ ၁၂ ဦးအထိရွိလာ။”

“တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူသုံးေထာင္ေက်ာ္ရွိၿပီး ေသဆုံးသူ ၁၂ ဦးအထိရွိလာ။”

Zawgyi

တစ္နိုင္ငံလုံးအတိုင္းအတာနဲ႕ ၂၀၁၉ ခုႏွစ္ဇြန္လ ပထမပတ္အထိ ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူ ၃၁၀၀ ေက်ာ္ရွိခဲ့တဲ့အနက္

ေသဆုံးသူ ၁၂ ဦးအထိရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာန၊က်န္းမာေရး ဦးစီးဌာန ေသြးလြန္တုပ္ေကြးေရာဂါ

ကာကြယ္ေရး စီမံခ်က္မန္ေနဂ်ာ ေဒါက္တာေနရည္ရည္လင္းက

ဘီဘီစီကိုေျပာပါတယ္။ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈအမ်ားဆုံးအေနနဲ႕ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊

မြန္ျပည္ နယ္နဲ႕ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီးမွာေတာ့ ေသဆုံးသူ ၈

ဦးအထိရွိခဲ့တယ္လို႔ သိရပါတယ္။

ေဆး႐ုံကိုေရာက္လာၿပီးမွ ေသဆုံးတာေတြကိုၾကည့္ရင္ေတာ့ ကေလးေတြမွာ ေသြးလန႔္တဲ့ လကၡဏာ ေတြနဲ႕

ေသဆုံးမႈပိုမ်ားတာကိုေတာ့ေတြ႕ရတယ္။ ဒါေပမယ့္ ဒီတစ္ခ်က္ထဲေၾကာင့္ေတာ့ ေသဆုံးမႈမ်ား တာ မဟုတ္ပါဘူး ။ မႏွစ္ကနဲ႕

ဒီႏွစ္မွာ ေသြးလြန္တုပ္ေကြးျဖစ္ေစတဲ့ ဗိုင္းရပ္စ္အမ်ိဳးအစားမတူတာ၊ အမ်ိဳးအစား ၂ခု ေရာျဖစ္တာေတြရွိရင္လည္း

ကေလးေတြမွာ ေသြးလန႔္တာ ပိုၿပီးေတာ့ျပင္းထန္တဲ့ လကၡဏာေတြ လည္း ျဖစ္နိုင္ၿပီး အဲ့လိုႏွစ္ေတြမွာ ေသဆုံးတာ ပိုမ်ား

တတ္တယ္”လို႔ ေဒါက္တာေနရည္ရည္လင္းက ေသဆုံးမႈ မ်ားျပားေစတဲ့ အေျခအေနကိုရွင္းျပပါ တယ္။

ဒါ့အျပင္ ယခုကာလဟာ ေသြးလြန္တုပ္ေကြး ပိုမိုျဖစ္ပြားနိုင္တဲ့ မိုးရာသီကာကလကိုလည္း ေရာက္ရွိ ေနၿပီျဖစ္တဲ့ အတြက္

မိဘေတြအေနနဲ႕လည္း သတိျပဳေစာင့္ၾကည့္ၾကဖို႔ လိုတယ္လို႔ သူမက အႀကံျပဳ ေျပာဆိုပါတယ္။၃ရက္ဆက္တိုက္

အဖ်ားႀကီးမယ္။ ၃ရက္ၿပီးလို႔ အဖ်ားက်ၿပီး ေျခေတြလက္ေတြေအးစက္လာမယ္၊ အလြန္မွိန္းလာမယ္။

ေကာ္ဖီေရာင္ေတြအန္မယ္။ ႐ုတ္တရက္ဗိုက္ေအာင့္လာမယ္။ ကတၱရာေစးလို ဝမ္းမည္းမည္းေတြသြားမယ္ဆိုရင္ေတာ့

ေဆးခန္းကိုေသခ်ာျပန္လာျပဖို႔ လိုမယ္ဆိုတာမ်ိဳး ဆရာဝန္ေတြ အေနနဲ႕လည္း မိဘေတြကို ေျပာျပဖို႔လိုအပ္တယ္” လို႔

ေဆး႐ုံကို ေစာင့္ၾကည့္ကုသဖို႔ လိုအပ္တဲ့ ျပင္းထန္ လကၡဏာေတြနဲ႕ပတ္သက္ၿပီး ေဒါက္တာေနရည္ရည္လင္းက ရွင္းျပပါတယ္။

ျမန္မာနိုင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ေသြးလြန္တုပ္ေကြးေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ၂၀၁၇ ခုႏွစ္မွာ ၁၅၀

ေက်ာ္ရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ၁၁၂ဦး ရွိခဲ့ပါတယ္။ေသြးလြန္တုပ္ေကြးေၾကာင့္ ေသဆုံးမႈေတြကို ေလွ်ာ့ခ်ဖိဳ႕အတြက္ ဒီႏွစ္မွာ

ကေလးဆရာဝန္ေတြကတဆင့္ ၿမိဳ႕နယ္ တိုက္နယ္ဆရာဝန္ေတြမွာ လမ္းၫြန္ခ်က္အနဲ႕အညီ

ထိထိေရာက္ေရာက္ကုသမႈေပးနိုင္ဖို႔နဲ႕ ေသြးလြန္တုပ္ ေကြး လကၡဏာျဖစ္ပြားေနၿပီ၊ျပင္းထန္လကၡဏာေတြျပတယ္ဆိုရင္

ေဆး႐ုံကို ခ်က္ျခင္းလႊဲပို႔ဖို႔ေတြကိုလည္း ဒီႏွစ္မွာ တိုးျမႇင့္ေဆာင္႐ြက္ထားတယ္လို႔လည္း သိရပါတယ္။

‘ ‘ အခုကေတာ့ ေဆး႐ုံမွာလည္း ေသြးလြန္တုပ္ေကြးျဖစ္မျဖစ္ကို စစ္တဲ့ကိရိယာေတြလည္းရွိေနၿပီ။ စစ္ လိုက္ရင္လည္း

ရာသီတုပ္ေကြးျဖစ္တာေတြေတာ့ပိုမ်ားတယ္။ ေသြးလြန္တုပ္ေကြး ျဖစ္တာေတြေတာ့ ရွိေတာ့ရွိေပမယ့္ ဒီမွာေတာ့

သိပ္ေတာ့မမ်ားေသးဘူး။” ေသးလြန္တုပ္ေကြးျဖစ္ပြားတဲ့အခါအခ်ိန္မီကုသနိုင္ဖို႔ စစ္ေဆးေဆာင္႐ြက္ေနတဲ့အေျခအေနေတြကို

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ေဆး႐ုံအုပ္ျဖစ္သူ ေဒါက္တာ မူယာ ေက်ာ္က ရွင္းျပပါတယ္။ျမန္မာနိုင္ငံမွာ ေသြးလြန္တုပ္ေကြးေၾကာင့္

ေသဆုံးမႈအမ်ားဆုံးအေနနဲ႕ ၁၉၉၆ခုႏွစ္မွာ တစ္နိုင္ငံလုံး အတိုင္း အတာနဲ႕ ေသဆုံးသူ ဦးေရ ၄၀၀ ေက်ာ္နဲ႕

အမ်ားဆုံးျဖစ္ခဲ့တယ္လို႔လည္း ျပည္သူ႕က်န္းမာေရး ဦးစီး ဌာနက ေနသိရပါတယ္။

Credit BBC Burmese

Unicode

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၉ ခုနှစ်ဇွန်လ ပထမပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၁၀၀

ကျော်ရှိခဲ့တဲ့အနက် သေဆုံးသူ ၁၂ ဦးအထိရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ကျန်းမာရေး ဦးစီးဌာန

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက

ဘီဘီစီကိုပြောပါတယ်။သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

မွန်ပြည် နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာတော့ သေဆုံးသူ ၈

ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံကိုရောက်လာပြီးမှ သေဆုံးတာတွေကိုကြည့်ရင်တော့ ကလေးတွေမှာ သွေးလန့်တဲ့ လက္ခဏာ တွေနဲ့

သေဆုံးမှုပိုများတာကိုတော့တွေ့ရတယ်။ ဒါပေမယ့် ဒီတစ်ချက်ထဲကြောင့်တော့ သေဆုံးမှုများ တာ မဟုတ်ပါဘူး ။

မနှစ်ကနဲ့ ဒီနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားမတူတာ၊ အမျိုးအစား ၂ခု

ရောဖြစ်တာတွေရှိရင်လည်း ကလေးတွေမှာ သွေးလန့်တာ ပိုပြီးတော့ပြင်းထန်တဲ့ လက္ခဏာတွေ လည်း ဖြစ်နိုင်ပြီး

အဲ့လိုနှစ်တွေမှာ သေဆုံးတာ ပိုများ တတ်တယ်”လို့ ဒေါက်တာနေရည်ရည်လင်းက သေဆုံးမှု များပြားစေတဲ့

အခြေအနေကိုရှင်းပြပါ တယ်။

ဒါ့အပြင် ယခုကာလဟာ သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်တဲ့ မိုးရာသီကာကလကိုလည်း ရောက်ရှိ နေပြီဖြစ်တဲ့ အတွက်

မိဘတွေအနေနဲ့လည်း သတိပြုစောင့်ကြည့်ကြဖို့ လိုတယ်လို့ သူမက အကြံပြု ပြောဆိုပါတယ်။၃ရက်ဆက်တိုက်

အဖျားကြီးမယ်။ ၃ရက်ပြီးလို့ အဖျားကျပြီး ခြေတွေလက်တွေအေးစက်လာမယ်၊ အလွန်မှိန်းလာမယ်။

ကော်ဖီရောင်တွေအန်မယ်။ ရုတ်တရက်ဗိုက်အောင့်လာမယ်။ ကတ္တရာစေးလို ဝမ်းမည်းမည်းတွေသွားမယ်ဆိုရင်တော့

ဆေးခန်းကိုသေချာပြန်လာပြဖို့ လိုမယ်ဆိုတာမျိုး ဆရာဝန်တွေ အနေနဲ့လည်း မိဘတွေကို ပြောပြဖို့လိုအပ်တယ်” လို့

ဆေးရုံကို စောင့်ကြည့်ကုသဖို့ လိုအပ်တဲ့ ပြင်းထန် လက္ခဏာတွေနဲ့ပတ်သက်ပြီး ဒေါက်တာနေရည်ရည်လင်းက

ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၁၅၀

ကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၁၁၂ဦး ရှိခဲ့ပါတယ်။သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုတွေကို

လျှော့ချဖို့အတွက် ဒီနှစ်မှာ ကလေးဆရာဝန်တွေကတဆင့် မြို့နယ် တိုက်နယ်ဆရာဝန်တွေမှာ

လမ်းညွန်ချက်အနဲ့အညီ ထိထိရောက်ရောက်ကုသမှုပေးနိုင်ဖို့နဲ့ သွေးလွန်တုပ် ကွေး

လက္ခဏာဖြစ်ပွားနေပြီ၊ပြင်းထန်လက္ခဏာတွေပြတယ်ဆိုရင် ဆေးရုံကို ချက်ခြင်းလွှဲပို့ဖို့တွေကိုလည်း ဒီနှစ်မှာ

တိုးမြှင့်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

‘ ‘ အခုကတော့ ဆေးရုံမှာလည်း သွေးလွန်တုပ်ကွေးဖြစ်မဖြစ်ကို စစ်တဲ့ကိရိယာတွေလည်းရှိနေပြီ။ စစ် လိုက်ရင်လည်း

ရာသီတုပ်ကွေးဖြစ်တာတွေတော့ပိုများတယ်။ သွေးလွန်တုပ်ကွေး ဖြစ်တာတွေတော့ ရှိတော့ရှိပေမယ့် ဒီမှာတော့

သိပ်တော့မများသေးဘူး။” သေးလွန်တုပ်ကွေးဖြစ်ပွားတဲ့အခါအချိန်မီကုသနိုင်ဖို့

စစ်ဆေးဆောင်ရွက်နေတဲ့အခြေအနေတွေကို ဒဂုံဆိပ်ကမ်းမြို့နယ် ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာ မူယာ ကျော်က

ရှင်းပြပါတယ်။မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအများဆုံးအနေနဲ့ ၁၉၉၆ခုနှစ်မှာ တစ်နိုင်ငံလုံး

အတိုင်း အတာနဲ့ သေဆုံးသူ ဦးရေ ၄၀၀ ကျော်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနက

နေသိရပါတယ်။

Credit BBC Burmese

Top
//vaikijie.net/4/3018672