
(Zawgyi)
ကေလး ခြၽဲက်ပ္ေနလို႔ ဘာလုပ္ရမလဲ? ကေလးႏွာေခါင္းပိတ္ေနလို႔ ဘာလုပ္ရမလဲ?
မိဘေတြ အလြန္ အေမးမ်ားတဲ့ ေမးခြန္းေလးေတြပါ။ အေျခခံမွ စၿပီး ရွင္းျပလိုပါတယ္။
(၁) ႏွာေခါင္း သို႔မဟုတ္ လည္ေခ်ာင္းထဲက ခြၽဲသလိပ္ဆိုတာ ဘာလဲ?
– ႏွာေခါင္း, လည္ေခ်ာင္း, အသက္ရွဴႁပြန္ထဲမွာ အၿမဲ စိုစြတ္ေနေအာင္ ခႏၶာကိုယ္ရဲ႕ သဘာဝ အရည္အိတ္ေလးေတြက သန႔္ရွင္းတဲ့ အရည္တစ္မ်ိဳး အၿမဲထုတ္ေပးပါတယ္။
– စက္႐ုံ, ကား, ေဆးလိပ္နဲ႔ အျခားေလာင္စာမွ ထြက္ေသာ မီးခိုးေငြ႕မ်ား, ဖုန္မ်ား, အႏၲရာယ္မႀကီးေသာ virus ဗိုင္းရပ္စ္ ပိုးမႊားေလးမ်ားႏွင့္ အႏၲရာယ္ရွိေသာ ဘက္တီးရီးယားမ်ားက ႏွာေခါင္းမွတဆင့္ လည္ေခ်ာင္းႏွင့္ အသက္ရွဴလမ္းေၾကာင္းထဲ ဝင္ေရာက္လာေသာအခါ ခႏၶာကိုယ္က ထုတ္ေနက် အရည္ၾကည္ကို တိုးထုတ္ပါတယ္။ ညစ္ညမ္းမႈကိုေဆးေၾကာေပးခ်င္လို႔ပါ။
– ကိုယ္ခံအားလို႔ အၿမဲေျပာတဲ့ ခႏၶာကိုယ္တြင္းက ေသြးျဖဴဥေလးမ်ားက ႏွာေခါင္းလည္ေခ်ာင္းထဲ ရန္သူဝင္လာတာနဲ႔ စတင္တိုက္ခိုက္ပါတယ္။ ရန္သူဘက္က ပိုးမႊားမ်ားေရာ ေသြးျဖဴဥမ်ားေရာ အတုံးအ႐ုံး ေသဆုံးၾကပါတယ္။
– ေနာက္ဆုံးေတာ့ ဝင္လာတဲ့ ဖုန္, မီးခိုးေငြ႕, ပိုးမႊားအေသမ်ား, က်ဆုံးသြားေသာ ေသြးျဖဴဥေလးမ်ားဟာ တိုးထုတ္ထားေသာ အရည္ၾကည္နဲ႔ ေပါင္းစည္းၿပီး ခြၽဲသလိပ္အေနနဲ႔ ထြက္လာပါတယ္။
(၂) ခြၽဲသလိပ္ မထြက္ေအာင္ ကာကြယ္ဖို႔က ဘာအေရးႀကီးလဲ။
ပတ္ဝန္းက်င္ေလထု သန႔္ရွင္းေရးနဲ႔ တစ္ကိုယ္ေရ သန႔္ရွင္းေရးပါ။ လူႀကီးမ်ား ေခ်ာင္းဆိုးႏွာေခ်လွ်င္ တစ္ရွဴးႏွင့္ကာပါ။ ကေလးကို မကိုင္တြယ္ခင္ လက္မွန္မွန္ေဆးပါ။ ကေလး ပတ္ဝန္းက်င္ မီးခိုးေငြ႕ကင္းေဝးပါေစ။
(၃) ကေလးငယ္မ်ား ခြၽဲက်ပ္ခဲ့ေသာ္
-ဆား လက္ဖက္ရည္တစ္ဇြန္းကို ဆူေအာင္တည္ထားေသာ ေရေႏြး ၅၀၀ ml ႏွင့္ေရာၿပီး အေအးခံၿပီးလွ်င္ ႏွာေခါင္းေပါက္မ်ားထဲ ၁စက္ ၂စက္စီ ၂-၃ နာရီျခားထည့္ေပးလို႔ရပါသည္။
-ေရေႏြးေႏြးႏွင့္ ေရမၾကာခဏ ခ်ိဳးေပးျခင္း
-ကေလးငယ္ အိပ္ေသာ အနီးအနားတြင္ ေရေႏြးဇလုံ ခ်ထားျခင္းျဖင့္ ေရေႏြးေငြ႕ျဖင့္ ခြၽဲေပ်ာ္ႏိုင္ေစပါသည္။
-ဖြံ႕ၿဖိဳးေသာ ႏိုင္ငံႀကီးမ်ားမွာ ေရေႏြးေငြ႕ ထုတ္ေပးေသာ စက္ေသးေသးကေလးမ်ားကို ခြၽဲက်ပ္ေသာကေလးမ်ားအတြက္ သုံးရန္ထုတ္ပါသည္။
-ကေလးႀကီးမ်ား ခြၽဲက်ပ္ခဲ့ေသာ္ ေရေႏြး မၾကာခဏ ေသာက္ျခင္း, ဆားရည္ႏွင့္ ပလုပ္က်င္းျခင္းျဖင့္ ခြၽဲ ေပ်ာ္ႏိုင္ေစႏိုင္ပါမည္။
* ႏွာေခါင္းပိတ္ ခြၽဲက်ပ္ျခင္း ၄ ပတ္ေက်ာ္လွ်င္ အဖ်ား ၁၀၂ ထက္ႀကီးလွ်င္, နားျပည္ယိုလွ်င္, အသက္ရွဴ အလြန္ျမန္လွ်င္, အစာမစားလွ်င္ ဆရာဝန္ႏွင့္ျပပါ။
* ေမြးရာပါ အဆုတ္ေလႁပြန္မ်ားေရာဂါရွိလွ်င္ ခြၽဲပိတ္ဆိုးလြန္းသည္။ ကိုယ္အေလးခ်ိန္ က်သည္။ ကေလးအထူးကုႏွင့္ အခ်ိန္မီ ျပဖို႔လိုသည္။ အလြန္ရွားပါသည္။
Credit – ေနေနမိုးေဆြ (Child Health Myanmar)
naynaymoeswe
(Unicode)
ကလေး ချွဲကျပ်နေလို့ ဘာလုပ်ရမလဲ? ကလေးနှာခေါင်းပိတ်နေလို့ ဘာလုပ်ရမလဲ?
မိဘတွေ အလွန် အမေးများတဲ့ မေးခွန်းလေးတွေပါ။ အခြေခံမှ စပြီး ရှင်းပြလိုပါတယ်။
(၁) နှာခေါင်း သို့မဟုတ် လည်ချောင်းထဲက ချွဲသလိပ်ဆိုတာ ဘာလဲ?
– နှာခေါင်း, လည်ချောင်း, အသက်ရှူပြွန်ထဲမှာ အမြဲ စိုစွတ်နေအောင် ခန္ဓာကိုယ်ရဲ့ သဘာဝ အရည်အိတ်လေးတွေက သန့်ရှင်းတဲ့ အရည်တစ်မျိုး အမြဲထုတ်ပေးပါတယ်။
– စက်ရုံ, ကား, ဆေးလိပ်နဲ့ အခြားလောင်စာမှ ထွက်သော မီးခိုးငွေ့များ, ဖုန်များ, အန္တရာယ်မကြီးသော virus ဗိုင်းရပ်စ် ပိုးမွှားလေးများနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများက နှာခေါင်းမှတဆင့် လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာသောအခါ ခန္ဓာကိုယ်က ထုတ်နေကျ အရည်ကြည်ကို တိုးထုတ်ပါတယ်။ ညစ်ညမ်းမှုကိုဆေးကြောပေးချင်လို့ပါ။
– ကိုယ်ခံအားလို့ အမြဲပြောတဲ့ ခန္ဓာကိုယ်တွင်းက သွေးဖြူဥလေးများက နှာခေါင်းလည်ချောင်းထဲ ရန်သူဝင်လာတာနဲ့ စတင်တိုက်ခိုက်ပါတယ်။ ရန်သူဘက်က ပိုးမွှားများရော သွေးဖြူဥများရော အတုံးအရုံး သေဆုံးကြပါတယ်။
– နောက်ဆုံးတော့ ဝင်လာတဲ့ ဖုန်, မီးခိုးငွေ့, ပိုးမွှားအသေများ, ကျဆုံးသွားသော သွေးဖြူဥလေးများဟာ တိုးထုတ်ထားသော အရည်ကြည်နဲ့ ပေါင်းစည်းပြီး ချွဲသလိပ်အနေနဲ့ ထွက်လာပါတယ်။
(၂) ချွဲသလိပ် မထွက်အောင် ကာကွယ်ဖို့က ဘာအရေးကြီးလဲ။
ပတ်ဝန်းကျင်လေထု သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပါ။ လူကြီးများ ချောင်းဆိုးနှာချေလျှင် တစ်ရှူးနှင့်ကာပါ။ ကလေးကို မကိုင်တွယ်ခင် လက်မှန်မှန်ဆေးပါ။ ကလေး ပတ်ဝန်းကျင် မီးခိုးငွေ့ကင်းဝေးပါစေ။
(၃) ကလေးငယ်များ ချွဲကျပ်ခဲ့သော်
-ဆား လက်ဖက်ရည်တစ်ဇွန်းကို ဆူအောင်တည်ထားသော ရေနွေး ၅၀၀ ml နှင့်ရောပြီး အအေးခံပြီးလျှင် နှာခေါင်းပေါက်များထဲ ၁စက် ၂စက်စီ ၂-၃ နာရီခြားထည့်ပေးလို့ရပါသည်။
-ရေနွေးနွေးနှင့် ရေမကြာခဏ ချိုးပေးခြင်း
-ကလေးငယ် အိပ်သော အနီးအနားတွင် ရေနွေးဇလုံ ချထားခြင်းဖြင့် ရေနွေးငွေ့ဖြင့် ချွဲပျော်နိုင်စေပါသည်။
-ဖွံ့ဖြိုးသော နိုင်ငံကြီးများမှာ ရေနွေးငွေ့ ထုတ်ပေးသော စက်သေးသေးကလေးများကို ချွဲကျပ်သောကလေးများအတွက် သုံးရန် ထုတ်ပါသည်။
-ကလေးကြီးများ ချွဲကျပ်ခဲ့သော် ရေနွေး မကြာခဏ သောက်ခြင်း, ဆားရည်နှင့် ပလုပ်ကျင်းခြင်းဖြင့် ချွဲ ပျော်နိုင်စေနိုင်ပါမည်။
* နှာခေါင်းပိတ် ချွဲကျပ်ခြင်း ၄ ပတ်ကျော်လျှင် အဖျား ၁၀၂ ထက်ကြီးလျှင်, နားပြည်ယိုလျှင်, အသက်ရှူ အလွန်မြန်လျှင်, အစာမစားလျှင် ဆရာဝန်နှင့်ပြပါ။
* မွေးရာပါ အဆုတ်လေပြွန်များရောဂါရှိလျှင် ချွဲပိတ်ဆိုးလွန်းသည်။ ကိုယ်အလေးချိန် ကျသည်။ ကလေးအထူးကုနှင့် အချိန်မီ ပြဖို့လိုသည်။ အလွန်ရှားပါသည်။
Credit – နေနေမိုးဆွေ (Child Health Myanmar)
naynaymoeswe