You are here
Home > အနုပညာ > ချစ်သူနဲ့လမ်းခွဲလိုက်လို့ စိတ်ပူနေကြတဲ့ သူမရဲ့ပရိသတ်တွေကို နှစ်သိမ့်စကားပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

ချစ်သူနဲ့လမ်းခွဲလိုက်လို့ စိတ်ပူနေကြတဲ့ သူမရဲ့ပရိသတ်တွေကို နှစ်သိမ့်စကားပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ လှပတဲ့ရုပ်​ရည်​နဲ့ ချစ်​စရာ​ကောင်းတဲ့ စိတ်​ထားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ ချစ်​စရာ​ကောင်းတဲ့ သင်​ဇာ​လေးက​တော့ လတ်​တ​လောမှာ သူမလက်​ရှိတွဲ​နေတဲ့ ချစ်​သူနဲ့ လမ်းခွဲလိုက်​ပြီလို့ သူမရဲ့ အင်​စတာဂရမ်​​ပေါ်မှာ တရားဝင်​ထုတ်​​ပြောလာတာကြောင့် သူမရဲ့ပရိသတ်တွေ အရမ်းကို စိတ်မကောင်းဖြစ်နေကြတာ ​တွေ့ရပါတယ်​။ သင်​ဇာနဲ့ သူမရဲ့ ချစ်​သူ​ကောင်​​လေးတို့က​တော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​နဲ့ ​အေး​အေး​ဆေး​ဆေးပဲ လမ်းခွဲလိုက်​ကြတာမို့ သင်ဇာက သူမကို စိတ်မပူဖို့လည်း ပြောထားပါသေးတယ်။

ချစ်ပရိသတ်တွေအတွက် သူမကို စိတ်ပူနေကြတဲ့ ပရိသတ်တွေကို အပြုံးလေးတွေနဲ့ နှစ်သိမ့်ပေးလိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာလေးကတော့ “An Ocean breeze puts a mind at ease ” ဆိုပြီး အေးချမ်းလှတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

သူမကိုစိတ်ပူနေကြတဲ့ ပရိသတ်တွေကိုလည်း သင်ဇာက “အရင် rs တုန်းကလိုပါပဲ အဆင်မပြေတော့လို့ လမ်းခွဲလိုက်တာပါ… ဆက်သွားရင် အချိန်ကုန်မယ် … သူနဲ့သွားတွေ့ရင်အလုပ်တွေဖျက်ရတော့ ငွေကြေးအရဆုံးရှုံးနစ်နာမယ် … ရေရှည်အတွက်ကြည့်ပြီး အမြန်ဆုံးဖြတ်လိုက်ရတာဆိုပေမဲ့… အခုအဆင်ပြေသွားပြီလေ … ဝမ်းမနည်းပါဘူး ချစ်တုံးတွေရယ် … သင်ဇာ့အတွက် စိတ်မကောင်းဖြစ်ပေးလို့ စိတ်ပူပေးကြလို့ အားလုံးကိုကျေးဇူးပါ ” ဆိုပြီး သူအဆင်ပြေတဲ့အကြောင်း ပြောထားပါသေးတယ်။

သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ချစ်ရတဲ့ မိသားစုရယ်၊ ပရိသတ်တွေရယ်အတွက်ကိုပဲ ဦးစားပေးပြီး အလုပ်တွေလုပ်တော့မယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း သင်ဇာတစ်ယောက် အပြုံးလေးတွေ အမြဲရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source:Thinzar Wint Kyaw’s Facebook

Top
//whoursie.com/4/3018672