အေမစုဆီသြားရင္း တာဝန္မေက်တဲ့ သမီးတစ္ေယာက္လို ခံစားခဲ့ရတယ္ဆိုတဲ့ ခ်စ္သုေဝ

ဒီေန႔ ဇြန္လ ၁၉ ရက္ေန႔ကေတာ့ ျမန္မာႏိုင္ငံရဲ႕တန္ဖိုးအထားရဆံုးေသာ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ၾကီး အေမ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕(၇၄) နွစ္ျပည့္ ေမြးေန႔မဂၤလာေန႔ရက္ေလးပဲ ျဖစ္ပါတယ္။ အေမစုကို အရမ္းခ်စ္ၾကတဲ့ လင္းလင္းတို႔ မိသားစုေတြကေတာ့ အေမစုရဲ႕ေမြးေန႔ေလးမွာ ေနျပည္ေတာ္အထိသြားျပီး ေဒၚေအာင္ဆန္းစုၾကည္ကို သြားေတြ႔ျပီး ဂါရဝျပဳခဲ့ၾကတာ ေတြ႔ရပါတယ္။ ခ်စ္သုေဝကေတာ့ အေမစုဆီသြားရင္း သူမကိုယ္သူမ တာဝန္မေက် အားမကိုးရတဲ့ သမီးတစ္ေယာက္လို ခံစားမိတဲ့အေၾကာင္းေျပာရင္း အေမစုရဲ႕ေမြးေန႔အတြက္ ဆုေတာင္းေပးခဲ့ပါေသးတယ္။

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ေခတ္ေလး သစ္ေလးတို႔နဲ႔အတူ အေမစုကိုသြားေတြ႔ခဲ့တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္နွံရဲ႕ပံုရိပ္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

ခ်စ္သုေဝကေတာ့ “ေပ်ာ္ရႊင္စရာေမြးေန႔ပါ အေမစုဒီတစ္ခါအေမ့ဆီသြားေတာ့ တာဝန္မေက်အားမကိုးရတဲ့သမီး တစ္ေယာက္လို စိတ္ထဲအေတာ္ခံစားခဲ့ရတယ္..ဟုတ္တယ္ ..သမီးေလးေတြေမြးၿပီးကတည္းက သမီး၂ေယာက္အေပၚတာဝန္ေတြေက်ဖို႔ႀကိဳးစားရင္း မိသားစုအတြက္ အတၱေတြသိပ္ႀကီးလာခဲ့တဲ့ကိုယ္ဟာ အေမ့ေရွ႕မွာ အားတံု႔အားနာမႈေတြခံစားရတာမဆန္းပါဘူး..ဘာလို႔ဆို ဒီတိုင္းသူျပည္သားေတြနဲ႔ ဒီေျမအတြက္ မိန္းမတစ္ေယာက္,မိခင္တစ္ေယာက္ မစြန္႔ႏိုင္ေသာအရာေတြကို သူစြန္႔ခဲ့ရတာကိုး..

ကိုယ္ဆို စိတ္ကေလးေတာင္ေယာင္ရမ္းမေတြးၾကည့္ႏိုင္ဘူး..အေမဟာ ေမတၱာႀကီးတယ္ ရဲရင့္တယ္ ျပတ္သားတယ္ သမာဓိအားႀကီးတယ္ တိုင္းျပည္လူမ်ိဳးကို ကိုယ္က်ိဳးစြန္႔ခ်စ္တယ္..တကယ့္ကို တစ္ေယာက္တည္းသာရွိတဲ့ စံျပႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္ပဲ..သမီးႏိုင္တဲ့ဘက္ကေနေတာ့ အေမ့ရဲ႕ေနာက္လိုက္သားသမီးေကာင္းျဖစ္ေအာင္ေတာ့ ႀကိဳးစားသြားပါ့မယ္အေမ…ခ်စ္ခင္ေလးစားလ်က္ သမီးtreza” ဆိုျပီး ဒီေျမအတြက္ မိန္းမတစ္ေယာက္,မိခင္တစ္ေယာက္ မစြန္႔ႏိုင္ေသာအရာေတြကို စြန္႔ခဲ့ရတဲ့ အေမစုကို အရမ္းေလးစားတဲ့အေၾကာင္းနဲ႔ သူမသာဆို ေတြးေတာင္ မေတြးရဲတဲ့အေၾကာင္းကို ေရးသားထားတာပါ။

ေခတ္ေလးနဲ႔ သစ္ေလးတို႔ကေတာ့ မၾကာခဏဆိုသလို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိုလ္ၾကီး ေဒၚေအာင္ဆန္းစုၾကည္ကို သြားေရာက္ဂါရဝျပဳေလ့ရွိတဲ့ သမီးလိမၼာေလးေတြပဲ ျဖစ္ပါတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔အတြက္ ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။

Myint Myat
Source;Chit Thu Wai’s Facebook

Unicodeဖြင့်ဖတ်ရန်
★★★

ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့တန်ဖိုးအထားရဆုံးသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၄) နှစ်ပြည့် မွေးနေ့မင်္ဂလာနေ့ရက်လေးပဲ ဖြစ်ပါတယ်။ အမေစုကို အရမ်းချစ်ကြတဲ့ လင်းလင်းတို့ မိသားစုတွေကတော့ အမေစုရဲ့မွေးနေ့လေးမှာ နေပြည်တော်အထိသွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ပြီး ဂါရဝပြုခဲ့ကြတာ တွေ့ရပါတယ်။ ချစ်သုဝေကတော့ အမေစုဆီသွားရင်း သူမကိုယ်သူမ တာဝန်မကျေ အားမကိုးရတဲ့ သမီးတစ်ယောက်လို ခံစားမိတဲ့အကြောင်းပြောရင်း အမေစုရဲ့မွေးနေ့အတွက် ဆုတောင်းပေးခဲ့ပါသေးတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခေတ်လေး သစ်လေးတို့နဲ့အတူ အမေစုကိုသွားတွေ့ခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သုဝေကတော့ “ပျော်ရွှင်စရာမွေးနေ့ပါ အမေစုဒီတစ်ခါအမေ့ဆီသွားတော့ တာဝန်မကျေအားမကိုးရတဲ့သမီး တစ်ယောက်လို စိတ်ထဲအတော်ခံစားခဲ့ရတယ်..ဟုတ်တယ် ..သမီးလေးတွေမွေးပြီးကတည်းက သမီး၂ယောက်အပေါ်တာဝန်တွေကျေဖို့ကြိုးစားရင်း မိသားစုအတွက် အတ္တတွေသိပ်ကြီးလာခဲ့တဲ့ကိုယ်ဟာ အမေ့ရှေ့မှာ အားတုံ့အားနာမှုတွေခံစားရတာမဆန်းပါဘူး..ဘာလို့ဆို ဒီတိုင်းသူပြည်သားတွေနဲ့ ဒီမြေအတွက် မိန်းမတစ်ယောက်,မိခင်တစ်ယောက် မစွန့်နိုင်သောအရာတွေကို သူစွန့်ခဲ့ရတာကိုး..

ကိုယ်ဆို စိတ်ကလေးတောင်ယောင်ရမ်းမတွေးကြည့်နိုင်ဘူး..အမေဟာ မေတ္တာကြီးတယ် ရဲရင့်တယ် ပြတ်သားတယ် သမာဓိအားကြီးတယ် တိုင်းပြည်လူမျိုးကို ကိုယ်ကျိုးစွန့်ချစ်တယ်..တကယ့်ကို တစ်ယောက်တည်းသာရှိတဲ့ စံပြနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပဲ..သမီးနိုင်တဲ့ဘက်ကနေတော့ အမေ့ရဲ့နောက်လိုက်သားသမီးကောင်းဖြစ်အောင်တော့ ကြိုးစားသွားပါ့မယ်အမေ…ချစ်ခင်လေးစားလျက် သမီးtreza” ဆိုပြီး ဒီမြေအတွက် မိန်းမတစ်ယောက်,မိခင်တစ်ယောက် မစွန့်နိုင်သောအရာတွေကို စွန့်ခဲ့ရတဲ့ အမေစုကို အရမ်းလေးစားတဲ့အကြောင်းနဲ့ သူမသာဆို တွေးတောင် မတွေးရဲတဲ့အကြောင်းကို ရေးသားထားတာပါ။

ခေတ်လေးနဲ့ သစ်လေးတို့ကတော့ မကြာခဏဆိုသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဂါရဝပြုလေ့ရှိတဲ့ သမီးလိမ္မာလေးတွေပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Chit Thu Wai’s Facebook
Share From momolay