“ေရာဂါရွိသူက စကားေျပာရင္ (၃)ေ ပ၊ ႏွာေစးေခ်ာင္းဆိုးရင္ (၆)ေပအထိ ေရာက္ႏိုင္တဲ႔ H1N1 ေရာဂါပိုးအေၾကာင္း။”

Zawgyi

Q, ဘတ္စ္ကားစီးရသူေတြ၊ အထူးသျဖင့္ ကားက်ပ္က်ပ္စီးရခ်ိန္မွာ H1N1 တုပ္ေကြးပိုး ကူးစက္မွာကို စိုးရိမ္ေနၾကပါတယ္။

ဘယ္လို ေဆာင္သင့္၊ ေရွာင္သင့့္တယ္ဆိုတာေလး ေျပာေပးပါဦး ဆရာ။

A. အေရးႀကီးတာက H1N1 ပိုးရွိသူပါပဲ။ ပိုးရွိမွန္း သူ႔ကိုယ္သူ မသိရင္ ေတာင္ အနည္းဆံုးေတာ့ ဖ်ားေနပါလိမ့္မယ္။ ဒီေတာ့

ဖ်ားတဲ့သူေတြက လူမ်ားတဲ့ ေနရာေတြ မသြားသင့္ပါဘူး၊ ဘတ္စ္ကားစီးတာေတြ မလုပ္သင့္ပါဘူး။ အိမ္မွာပဲ

ေအးေအးေဆးေဆး အနားယူၿပီးေတာ့ ေဆးကုသမႈ ခံယူသင့္ပါတယ္။ ဒီလို မလုိက္နာဘဲ ဘတ္စ္ကားစီးရင္ စကားေျပာရင္

သံုးေပ၊ ႏွာေစးေခ်ာင္းဆိုးရင္ ေျခာက္ေပအထိ ဒီပိုး ေတြက ေရာက္ႏိုင္ေတာ့ နီးစပ္တဲ့သူေတြ ကူးစက္ႏိုင္

ပါတယ္။သာမန္က်န္းမာတဲ့ သူေတြကို မွာခ်င္တာက ေဘးနားက လူ ႏွာေခ်တယ္၊ ေခ်ာင္းဆိုးတယ္ဆိုရင္ ကိုယ့္ႏွာေခါင္းကို

ပိတ္ထားဖို႔ပါပဲ။ အခု H1N1ပိုး ကူးမွာေၾကာက္တဲ့ သူေတြက ႏွာေခါင္းစည္းတပ္ၾကတယ္။ ႏွာေခါင္းစည္းမွာ

ဆရာ၀န္သံုးႏွာေခါင္းစည္း(Surgical Mask)က ဘက္တီးရီးယားပိုးကိုပဲ အကာအကြယ္ရႏိုင္တယ္။ အခုဗိုင္းရပ္စ္ပိုးမႊား ေတြ

က်ေတာ့N95 Mask ႏွာေခါင္းစည္းနဲ႔မွပဲ အကာအကြယ္ရႏိုင္ပါတယ္။

H1N1 တုပ္ေကြးကာကြယ္ေရးမွာ တတ္ႏိုင္သမွ် လူစုလူေ၀းရွိတဲ့ ေနရာကို ေရွာင္ပါလို႔ ေျပာထားတာပါ။ မေရွာင္ႏိုင္ရင္ေတာ့

ဖ်ားေနတဲ့သူနဲ႔ နီးနီးမွာ မေနပါနဲ႔။ လက္ထဲမွာ တစ္သွ်ဴးလို အအုပ္အကာေလးေတြ ေဆာင္ထားပါ။ ျဖစ္ႏိုင္ရင္ ႏွာေခါင္းေကာ

ပါးစပ္ပါ အုပ္ႏိုင္တဲ့ ႏွာေခါင္းစည္း တပ္ပါ။ လက္ေဆးဆပ္ျပာဂ်ဲလ္ေလးေတြ ေဆာင္ထားၿပီး လက္ကို မၾကာခဏ ေဆးပါ။

ကိုယ္ခံအားေကာင္းေအာင္ အိပ္ေရး၀၀ အိပ္စက္ပါ၊ အာဟာရ ျပည့္ျပည့္၀၀ စားေသာက္ပါ။ ဖ်ားေနရင္၊ နာမက်န္းျဖစ္ေနရင္

အိမ္မွာပဲ နားေနၿပီး ေဆးကုသမႈ ခံယူပါ၊ လုပ္ငန္းခြင္ထဲ မသြားသင့္ပါဘူး။H1N1 တုပ္ေကြးက ရိုးရိုး အေအးမိတာ၊

တုပ္ေကြးစတာေတြနဲ႔ လကၡဏာတူတဲ့ အတြက္ H1N1 ျပန္႔ႏွံ႔မႈကို #တားဆီးခ်င္တယ္ဆိုရင္ ကိုယ္လက္ ကိုက္ခဲဖ်ားနာေနတဲ့

ဘယ္သူမဆို အိမ္ထဲမွာ အနားယူသင့္ပါ တယ္။ လူထူထပ္တဲ့ေနရာတို႔၊ လုပ္ငန္းခြင္တို႔မသြားသင့္ပါဘူး၊ သူ႔ဆီက ပိုး ေလထဲ

မျပန္႔ႏွံ႔ေစဖို႔ ေရာဂါရွိသူက N 95 ႏွာေခါင္းစည္းကို တပ္သင့္ပါတယ္။ ဒီအေၾကာင္းကို မီဒီယာေတြက က်ယ္က်ယ္ျပန္႔ျပန္႔

ပညာေပးသင့္ပါတယ္။

Q. နာတာရွည္ေရာဂါရွိသူေတြအတြက္ H1N1တုပ္ေကြးပိုး ကာကြယ္ေရး မွာ ဘယ္လို အခ်က္ေတြကို

အထူးလိုက္နာသင့္ပါသလဲ ဆရာ။

A. ျပင္ပ ကူးစက္ပိုးတစ္ခုခု ၀င္လာရင္ ခႏၶာကိုယ္က ျပန္တိုက္ပါတယ္။ လူက က်န္းမာတယ္၊ ကိုယ္လက္ လႈပ္ရွားမႈ

မ်ားမ်ားလုပ္တယ္၊ အသီးအရြက္၊ သစ္သီး ၀လံမ်ားမ်ားစားတယ္ . .ကိုယ္ခံအားစနစ္ ေကာင္း တယ္ဆိုရင္ H1N1 ပဲ

၀င္လာပေစဦး၊ သာမန္ႏွာေစး၊ ေခ်ာင္းဆိုး၊ ဖ်ားနာတာေလာက္နဲ႔ ၿပီးသြားပါတယ္။

ဆီးခ်ဳိ၊ ကင္ဆာ၊ ကင္ဆာကုသမႈ ခံယူေနသူ စတဲ့ လူနာေတြနဲ႔ က်န္းမာေရးနဲ႔ အညီ မေနတဲ့သူေတြ (ဥပမာ အရက္ေသာက္တာ၊

ေဆးလိပ္ေသာက္တာ၊ ကိုယ္လက္လႈပ္ရွားမႈ မရွိဘဲ အထိုင္မ်ားတာ) က ကိုယ္ခံအားစနစ္ သိပ္မေကာင္းတတ္ဘူး။

ဒီလိုလူေတြမွာ ပိုး၀င္ရင္ ပိုခံစားရတတ္တယ္။ ဒါေၾကာင့္ ကိုယ္ခံအားစနစ္ျမင့္တက္ေစတဲ့ မုန္လာဥနီေဖ်ာ္ရည္၊

ခ်င္း(ဂ်င္း)ျပဳတ္ရည္ စတာေတြကိုလည္း ေသာက္ပါ။

ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံေတြမွာပါတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ရရွိထားတယ္၊ အိပ္ေရး၀၀ အိပ္တယ္၊

ကိုယ္လက္လႈပ္ရွားမႈ လုပ္ထားတယ္ဆို ရင္ မေတာ္တဆ ပိုး၀င္ခဲ့ရင္ေတာင္ ကိုယ္ခံအားစနစ္ ေကာင္းေနတဲ့အတြက္

ခံႏိုင္ရည္ရွိေနမွာ ျဖစ္ပါတယ္။

Roma Yadav

Unicode

Q, ဘတ်စ်ကားစီးရသူတွေ၊ အထူးသဖြင့် ကားကျပ်ကျပ်စီးရချိန်မှာ H1N1 တုပ်ကွေးပိုး ကူးစက်မှာကို

စိုးရိမ်နေကြပါတယ်။ ဘယ်လို ဆောင်သင့်၊ ရှောင်သင့်တယ်ဆိုတာလေး ပြောပေးပါဦး ဆရာ။

A. အရေးကြီးတာက H1N1 ပိုးရှိသူပါပဲ။ ပိုးရှိမှန်း သူ့ကိုယ်သူ မသိရင် တောင် အနည်းဆုံးတော့ ဖျားနေပါလိမ့်မယ်။

ဒီတော့ ဖျားတဲ့သူတွေက လူများတဲ့ နေရာတွေ မသွားသင့်ပါဘူး၊ ဘတ်စ်ကားစီးတာတွေ မလုပ်သင့်ပါဘူး။ အိမ်မှာပဲ

အေးအေးဆေးဆေး အနားယူပြီးတော့ ဆေးကုသမှု ခံယူသင့်ပါတယ်။ ဒီလို မလိုက်နာဘဲ ဘတ်စ်ကားစီးရင် စကားပြောရင်

သုံးပေ၊ နှာစေးချောင်းဆိုးရင် ခြောက်ပေအထိ ဒီပိုး တွေက ရောက်နိုင်တော့ နီးစပ်တဲ့သူတွေ ကူးစက်နိုင်

ပါတယ်။သာမန်ကျန်းမာတဲ့ သူတွေကို မှာချင်တာက ဘေးနားက လူ နှာချေတယ်၊ ချောင်းဆိုးတယ်ဆိုရင်

ကိုယ့်နှာခေါင်းကို ပိတ်ထားဖို့ပါပဲ။ အခု H1N1ပိုး ကူးမှာကြောက်တဲ့ သူတွေက နှာခေါင်းစည်းတပ်ကြတယ်။

နှာခေါင်းစည်းမှာ ဆရာဝန်သုံးနှာခေါင်းစည်း(Surgical Mask)က ဘက်တီးရီးယားပိုးကိုပဲ အကာအကွယ်ရနိုင်တယ်။

အခုဗိုင်းရပ်စ်ပိုးမွှား တွေ ကျတော့N95 Mask နှာခေါင်းစည်းနဲ့မှပဲ အကာအကွယ်ရနိုင်ပါတယ်။

H1N1 တုပ်ကွေးကာကွယ်ရေးမှာ တတ်နိုင်သမျှ လူစုလူဝေးရှိတဲ့ နေရာကို ရှောင်ပါလို့ ပြောထားတာပါ။

မရှောင်နိုင်ရင်တော့ ဖျားနေတဲ့သူနဲ့ နီးနီးမှာ မနေပါနဲ့။ လက်ထဲမှာ တစ်သျှူးလို အအုပ်အကာလေးတွေ ဆောင်ထားပါ။

ဖြစ်နိုင်ရင် နှာခေါင်းကော ပါးစပ်ပါ အုပ်နိုင်တဲ့ နှာခေါင်းစည်း တပ်ပါ။ လက်ဆေးဆပ်ပြာဂျဲလ်လေးတွေ ဆောင်ထားပြီး

လက်ကို မကြာခဏ ဆေးပါ။ ကိုယ်ခံအားကောင်းအောင် အိပ်ရေး၀၀ အိပ်စက်ပါ၊ အာဟာရ ပြည့်ပြည့်၀၀ စားသောက်ပါ။

ဖျားနေရင်၊ နာမကျန်းဖြစ်နေရင် အိမ်မှာပဲ နားနေပြီး ဆေးကုသမှု ခံယူပါ၊ လုပ်ငန်းခွင်ထဲ မသွားသင့်ပါဘူး။H1N1

တုပ်ကွေးက ရိုးရိုး အအေးမိတာ၊ တုပ်ကွေးစတာတွေနဲ့ လက္ခဏာတူတဲ့ အတွက် H1N1 ပြန့်နှံ့မှုကို

#တားဆီးချင်တယ်ဆိုရင် ကိုယ်လက် ကိုက်ခဲဖျားနာနေတဲ့ ဘယ်သူမဆို အိမ်ထဲမှာ အနားယူသင့်ပါ တယ်။

လူထူထပ်တဲ့နေရာတို့၊ လုပ်ငန်းခွင်တို့မသွားသင့်ပါဘူး၊ သူ့ဆီက ပိုး လေထဲ မပြန့်နှံ့စေဖို့ ရောဂါရှိသူက N 95

နှာခေါင်းစည်းကို တပ်သင့်ပါတယ်။ ဒီအကြောင်းကို မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့်ပါတယ်။

Q. နာတာရှည်ရောဂါရှိသူတွေအတွက် H1N1တုပ်ကွေးပိုး ကာကွယ်ရေး မှာ ဘယ်လို အချက်တွေကို

အထူးလိုက်နာသင့်ပါသလဲ ဆရာ။

A. ပြင်ပ ကူးစက်ပိုးတစ်ခုခု ဝင်လာရင် ခန္ဓာကိုယ်က ပြန်တိုက်ပါတယ်။ လူက ကျန်းမာတယ်၊ ကိုယ်လက် လှုပ်ရှားမှု

များများလုပ်တယ်၊ အသီးအရွက်၊ သစ်သီး ဝလံများများစားတယ် . .ကိုယ်ခံအားစနစ် ကောင်း တယ်ဆိုရင် H1N1 ပဲ

ဝင်လာပစေဦး၊ သာမန်နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာလောက်နဲ့ ပြီးသွားပါတယ်။

ဆီးချို၊ ကင်ဆာ၊ ကင်ဆာကုသမှု ခံယူနေသူ စတဲ့ လူနာတွေနဲ့ ကျန်းမာရေးနဲ့ အညီ မနေတဲ့သူတွေ (ဥပမာ

အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတာ) က ကိုယ်ခံအားစနစ်

သိပ်မကောင်းတတ်ဘူး။ ဒီလိုလူတွေမှာ ပိုးဝင်ရင် ပိုခံစားရတတ်တယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်မြင့်တက်စေတဲ့

မုန်လာဥနီဖျော်ရည်၊ ချင်း(ဂျင်း)ပြုတ်ရည် စတာတွေကိုလည်း သောက်ပါ။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိထားတယ်၊ အိပ်ရေး၀၀ အိပ်တယ်၊

ကိုယ်လက်လှုပ်ရှားမှု လုပ်ထားတယ်ဆို ရင် မတော်တဆ ပိုးဝင်ခဲ့ရင်တောင် ကိုယ်ခံအားစနစ် ကောင်းနေတဲ့အတွက်

ခံနိုင်ရည်ရှိနေမှာ ဖြစ်ပါတယ်။

Roma Yadav

Leave a Reply

Your email address will not be published.