ခက်ခဲပင်ပန်းတဲ့အချိန်တွေကိုကျော်ဖြတ်ပြီး ဆေးရုံဆင်းတော့မှာဖြစ်တာကြောင့် လန်းဆန်းပြုံးပျော်နေတဲ့ ထက်ထက်မိုးဦး

ပရိသတ်အချစ်တော် မင်းသမီးချော ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ပရိသတ်တွေရဲ့နှလုံးသားမှာ နေရာယူခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် လူကြိုက်များအောင်မြင်လာခဲ့တဲ့ ထက်ထက်က လက်ရှိမှာတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထက်ထက်တစ်ယောက် ကျန်းမာရေးကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ပရိသတ်တစ်ဦးရဲ့ ပြောပြချက်အရ မင်းသမီး ထက်ထက်မိုးဦးက သူမရဲ့ကျန်းမာရေးကြောင့် ” မန္တလာဆေးရုံ ” မှာ ခွဲစိတ်ကုသနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံတက်ရောက်နေရတဲ့ ထက်ထက်ကို ဒီဇိုင်နာ မျိုးမင်းစိုးက သတင်းသွားမေးခဲ့ရာ ခွဲစိတ်မှုအောင်မြင်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ပြန်လည်ကြားသိခဲ့ရပါတယ်။ အခုဆိုရင်တော့ ထက်ထက်က နေကောင်းသွားပြီဖြစ်တာကြောင့် ဆေးရုံကဆင်းရပြီပဲ ဖြစ်ပါတယ်။

ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်တဲ့ ထက်ထက်ကတော့ ဖြူစင်လှပတဲ့ အပြုံးလေးတွေနဲ့ လန်းဆန်းတက်ကြွနေတာ ဖြစ်ပါတယ်။ ထက်ထက်ရဲ့Fan Page ကလည်း ” ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း ချစ်ထက် ချစ်ပရိတ်သတ်ကြီးအား အသိပေးအပ်ပါသည် ဆုတောင်း မေတ္တာပေးပို့သူအယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်နော် ” ဆိုပြီး ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နုပျိုလန်းဆန်းနေတဲ့ ထက်ထက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:HTET HTET MOE OO Only;

Photo credit to original uploader