မွေးနေ့ကုသိုလ်အတွက် ဆရာလေး စရဏကာမီအဖြစ် နောက်တစ်ကြိမ်သာသနာ့ဘောင်ဝင်ခဲ့တဲ့ နန်းစန္ဒာလှထွန်း

ရေဝတီဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ အားလုံးရင်ကို လှုပ်ခတ်စေနိုင်ခဲ့တဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကို မှတ်မိကြမယ်ထင်ပါတယ်။ အနေအေးပြီး စကားပြောလိုက်တိုင်း လေသံအေးအေးနဲ့ ဆွဲဆောင်မှုရှိတဲ့ နန်းစန္ဒာလှထွန်းက ချစ်စရာကောင်းတဲ့ ရှမ်းတိုင်းရင်းသူလေး ဖြစ်ပါတယ်။ ” ပဉ္စလက်ရွာ၊ အရိပ် ၊ ဝက္ကပါရှင်းတမ်း” စတဲ့ ဇာတ်လမ်းတွဲလေးတွေများစွာ ရိုက်ကူးခဲ့ရတဲ့ နန်းစန္ဒာလှထွန်းက လက်ရှိမှာလည်း ဇာတ်လမ်းတွဲအသစ်လေးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ နန်းစန္ဒာလှထွန်းက သစ်တံခါးဆရာတော်ကြီး ကျောင်းတိုက်မှာ သီလရှင်ဆရာလေးဝတ်နေတာ တွေ့ရပါတယ်။ နန်းစန္ဒာလှထွန်းက လာမယ့် ဇွန်လ (၂၂) ရက်နေ့မှာ ကျရောက်တော့မယ့် မွေးနေ့ရက်မြတ်လေးအတွက် အခုကတည်းက သီလရှင်ဝတ်ပြီး ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက မွေးနေ့ကုသိုလ်အတွက် ဆရာလေး စရဏကာမီအဖြစ် သာသနာ့ဘောင်ကို နောက်တစ်ကြိမ် ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ပထမအကြိမ်တုန်းကလည်း နန်းက သူမရဲ့မေမေနဲ့အတူ သီလရှင်ဝတ်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူမရဲ့မေမေကိုယ်တိုင် ဆံပယ်ချပေးခဲ့တာ ဖြစ်ပါတယ်။ ဆရာလေး စရဏကာမီက အေးချမ်းကြည်လင်တဲ့ မျက်နှာလေးနဲ့ ကြည်ညိုချင်စရာကောင်းလောက်အောင် ကျက်သရေရှိနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့ကုသိုလ်အဖြစ် သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ ဆရာလေး စရဏကာမီရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nan Sandar Hla Htun;

Photo Credit- Zaw Min Tun
Share From swelsonenews