အေမစုနဲ႕ ေမြးေန႕ တရက္ထဲ ထပ္တူညီကာ အသက္(၃၁) နွစ္ျပည္႕သြားခဲ့ျပီျဖစ္တဲ့ ေအာင္ရဲလင္း

ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပို္ကထားနိုင္သူ မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့ ေအာင္ရဲလင္းဟာ ဗီဒီယို၊ နဲ႕ ရုပ္ရွင္ေလာကမွာ အခိုင္အမာ ေနရာရရွိျပီးေအာင္ျမင္လာခဲ့သူတစ္ေယာက္ျဖစ္ျပီး ယေန႕တိုင္ သူ႕ရဲ႕ ေအာင္ျမင္မႈကို ထိန္းထားနိုင္သူလည္းျဖစ္ပါတယ္။

ေအာင္ျမင္ေက်ာ္ၾကားတဲ့ အနုပညာရွင္တစ္ေယာက္ အေနနဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္လို႕ အရွဴပ္ရွင္းကင္းသလို တကယ့္အျပင္မွာလည္း အေနေအးတဲ့ ေအာင္ရဲလင္းဟာ အေနအထိုင္ သိုသိပ္ျပီး ေအးေဆးသူတစ္ေယာက္ျဖစ္ပါတယ္။ ကို္ယ္ခႏၶာကိုယ္ အခ်ိဳးအစား က်စ္လ်စ္ကာ ေယာက်္ားဆန္တဲ့ ကိုယ္လူေခ်ာတစ္ေယာက္အျဖစ္ နႈတ္ခမ္းနီေလးေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားသူ အနုပညာရွင္ မင္းသားတစ္ေယာက္ျဖစ္သလို ေယာက်္ားေလးပရိသတ္ေတြကပါ အတုယူရတဲ့ Idol တစ္ေယာက္လည္းျဖစ္ပါတယ္။

မေန႕ကဇြန္လ(၁၉) ရက္ေန႕ ကေတာ့ နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ အေမစုရဲ႕ အသက္(၇၄) နွစ္ျပည္႕ ေမြးေန႕ျဖစ္ျပီး ထိုအတူ မင္းသားေခ်ာေလး ေအာင္ရဲလင္းရဲ႕ ေမြးေန႕လည္းျဖစ္ပါတယ္။ အေမစုနဲ႕ ေမြးေန႕ တရက္ထဲ ထပ္တူက်တဲ့ ေအာင္ရဲလင္းကေတာ့ သူ႕ရဲ႕ ေမြးေန႕မွာ ေရႊတိဂံုုဘုရားကို တက္ျပီး ေကာင္းမႈကုသိုုလ္ျပဳလုပ္ခဲ့တာမို႕ အသက္(၃၁) နွစ္ ျပည္႕သြားခဲ့ျပီးျဖစ္တဲ့ ေအာင္ရဲလင္းအတြက္ ေမြးေန႕ဆုေတာင္းစကားေလးမ်ား ဆိုခဲ့ၾကပါဦေးနာ္…။

Source : Aung Ye Lin
khinCeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုကထားနိုင်သူ မင်းသားချောတစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းဟာ ဗီဒီယို၊ နဲ့ ရုပ်ရှင်လောကမှာ အခိုင်အမာ နေရာရရှိပြီးအောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့တိုင် သူ့ရဲ့ အောင်မြင်မှုကို ထိန်းထားနိုင်သူလည်းဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ အရှူပ်ရှင်းကင်းသလို တကယ့်အပြင်မှာလည်း အနေအေးတဲ့ အောင်ရဲလင်းဟာ အနေအထိုင် သိုသိပ်ပြီး အေးဆေးသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကိုယ် အချိုးအစား ကျစ်လျစ်ကာ ယောကျ်ားဆန်တဲ့ ကိုယ်လူချောတစ်ယောက်အဖြစ် နှုတ်ခမ်းနီလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသူ အနုပညာရှင် မင်းသားတစ်ယောက်ဖြစ်သလို ယောကျ်ားလေးပရိသတ်တွေကပါ အတုယူရတဲ့ Idol တစ်ယောက်လည်းဖြစ်ပါတယ်။

မနေ့ကဇွန်လ(၁၉) ရက်နေ့ ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေစုရဲ့ အသက်(၇၄) နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ထိုအတူ မင်းသားချောလေး အောင်ရဲလင်းရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။ အမေစုနဲ့ မွေးနေ့ တရက်ထဲ ထပ်တူကျတဲ့ အောင်ရဲလင်းကတော့ သူ့ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားကို တက်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တာမို့ အသက်(၃၁) နှစ် ပြည့်သွားခဲ့ပြီးဖြစ်တဲ့ အောင်ရဲလင်းအတွက် မွေးနေ့ဆုတောင်းစကားလေးများ ဆိုခဲ့ကြပါဦေးနာ်…။