“နာမကျန်းဖြစ်နေတဲ့ လူကြမ်းတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင် အောင်ခိုင်။”
Zawgyi
အခုမင်းတို့ဆေးကုသစရိတ်ဟာကိုလူချော အဖွဲ့ရန်ပုံငွေထဲကတစ်ပြား တစ်ချပ်မှမပါဘူး။
Credit- Duwun
Unicode ဖြင့်ဖတ်ရန်
လူကြမ်းသရုပ်ဆောင် အောင်ခိုင်ဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ လုပ်ခွင့်မရတော့တဲ့
လူကြမ်းသရုပ်ဆောင်တွေအပေါ် စိတ်မကောင်းဘူးလို့ဆိုပါတယ်။
လူကြမ်း သရုပ်ဆောင် အောင်ခိုင်ဟာ လက်ရှိမှာ သူ့ရဲ့ ‘’ကိုလူချောအဖွဲ့’’ ကို ဥက္ကဌတစ်ဦးအနေနဲ့
ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားတွေ ဆက်မရိုက်နိုင်တော့တဲ့ အနုပညာ
ညီအစ်ကိုတွေအတွက် သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။
‘’ ဒီအချိန်မှာမင်းတို့ရင်ထဲဘယ်လောက်အထိခံစားနေရမလဲဆိုတာသူငယ်ချင်းတို့နေရာကနေငါကိုယ်ချင်းစာပါ တယ်။
ခုအချိန်အရေးပေါ်ကုသပေးရမဲ့သူတွေအတွက် ငါ လုပ်ပေးခဲ့တဲ့အပေါ်မှာ အခွင့်အရေးရတိုင်း
လိုချင်ကြတဲ့ကိုလူချောအဖွဲ့ဝင်တချို့ကအထင်လွဲချင်တယ်။ သူ တို့ဖြစ်တဲ့အချိန်တုန်းကလည်း ဒို့လုပ် ပေးခဲ့ကြတာပဲလေ။
အခုမင်းတို့ဆေးကုသစရိတ်ဟာကိုလူချော အဖွဲဲ့ရန်ပုံငွေထဲကတစ်ပြား တစ်ချပ်မှမပါဘူး။
အလှူရှင်များကစာနာစိတ်နဲ့လှူကြတာစိတ်ချကြပါသူငယ်ချင်းတို့ငါဟာဘယ် သူကိုမှမျက်နှာမလိုက်ဘူး။
သွေးမခွဲဘူးငါကျမ္မာရေးကောင်းနေသမျှအဖွဲ့ရှေ့မှာအမြဲရှိနေမယ်’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ မနက် ၉ နာရီ ၁၁
မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။
ကိုလူချောအဖွဲ့ကဆိုရင် လူကြမ်းသရုပ်ဆောင်များစွာတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီနောက်
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်ကြီးများရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့
ထောက်ပ့ံငွေတွေကိုလည်း မကြာခဏ ပေးအပ်လှူဒါန်းလေ့ရှိပါတယ်။ ကိုလူချောအဖွဲ့ ကို ဖွဲ့စည်းထားတာ
နှစ်တော်တော်ကြာနေပြီဖြစ်ပါတယ်။
ဦးအောင်ခိုင်ဟာ ”ငရဲသား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။
အခုချိိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း
၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ်
ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
Credit- Duwun
One thought on ““နာမကျန်းဖြစ်နေတဲ့ လူကြမ်းတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင် အောင်ခိုင်။”
Leave a Reply
Your email address will not be published.