Zawgyi
G-Fatt က အႏွစ္ ၂၀ ေလာက္ႀကိဳးစားခဲ့ရတဲ့ ခႏၶာကိုယ္က ဝ လာလို႔ ေပ်ာ္ေနပါတယ္။ ခ်စ္သူေလး နန္းဆုရတီစိုးကလည္း
G-Fatt တစ္ေယာက္ ဝလာမွ ပိုေခ်ာလာတယ္လို႔ ေျပာျပခဲ့ဖူးပါတယ္။
အဆိုေတာ္ G-Fatt တစ္ေယာက္ ဝ တဲ့သူတစ္ေယာက္ျဖစ္ဖို႔ အႏွစ္ ၂၀ ေလာက္ ႀကိဳးစားခဲ့ရတယ္လို႔ ဆိုပါတယ္။
ပရိသတ္ေတြက ပိန္တယ္ေျပာလို႔ ဝေအာင္ မနည္းႀကိဳးစားထားရတာပါတဲ့။
‘’မင္း ဝ လာ တယ္ ေနာ္ လို႔။ အေျပာခံရဖို႔ ႏွစ္ ႏွစ္ဆယ္ ေက်ာ္ ေစာင့္ခဲ့ ရတယ္’’ ဆိုၿပီးေတာ့ ဇြန္လ ၂၀ ရက္ေန႔ ေန႔လယ္ ၁
နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ G-Fatt တစ္ေယာက္ နန္းဆုနဲ႔ ခ်စ္သူေတြ ျဖစ္ၿပီးေတာ့မွ ပိုဝ
ၿပီး ပိုေခ်ာလာတယ္လို႔လည္း ပရိသတ္ေတြက Comment ေတြ ေပးထားၾကတာကို ေတြ႕ရပါတယ္။
G-Fatt ဟာ နန္းဆုရတီစိုးနဲ႔ တြဲလာတာ ၾကာတဲ့အခ်ိန္မွာေတာ့ ဝဝၿဖိဳးၿဖိဳးနဲ႔ ပိုၿပီးေတာ့ ၾကည့္ေကာင္းလာတာ ေတြ႕ရပါတယ္။
နန္းဆုကိုယ္တိုင္ကလည္း G-Fatt ပိုေခ်ာလာတဲ့ အေၾကာင္းကိုDuwun Media ကေန ဝန္ခံ ေျပာျပခဲ့ပါတယ္။
‘’ကိုယ္လည္း ျမင္တာ ပိုၿပီးေတာ့ ေခ်ာလာသလိုပဲ။ ပိုၿပီးေတာ့လည္း ဝလာတယ္။ပိုၿပီးေတာ့လည္း အသားျဖဴ လာတယ္။
ေကြၽးတာေလ သူ႔ကို ကိုယ္က ေလွ်ာ့စားလိုက္ၿပီးသူ႔ကို မ်ားမ်ားစားခိုင္းတယ္။ ႏို႔မို႔ဆိုရင္ သူကအ ရမ္းပိန္ေနရင္
ကိုယ္ကဝသလိုျဖစ္ေနမွာေလ။ အဲ့ဒါေၾကာင့္ သူက ဝလာေတာ့ အေနေတာ္ျဖစ္သြားတာေပါ့’’ လို႔ Zoey”အမွတ္တံဆိပ္
Handmade အိတ္ဆိုင္ဖြင့္လွစ္ျခင္းအခမ္းအနားကိုတက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
အဆိုေတာ္ G-Fatt တစ္ေယာက္ ဝဝၿဖိဳးၿဖိဳးျဖစ္လာမွ ေဖာင္းကားေနတာပဲလို႔ အေျပာခံရတဲ့အေပၚ ရင္ဖြင့္ေျပာျပလာပါတယ္။
‘’ပိန္ေညႇာင္ေနတာပဲ ဆိုလို႔ ဝ ေအာင္ေနတယ္ေလ။ အခု နဲနဲေလး ဝ လာမွ ေဖာင္းကားေနတာပဲ တဲ့လား’’ ဆိုၿပီးေတာ့ သူ႔ရဲ႕
ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါေသးတယ္။ သူတင္လိုက္တဲ့ စာေလးေၾကာင့္လည္း ပရိသတ္ေတြက
သေဘာက်လို႔ေနပါတယ္။
G-Fatt နဲ႔ နန္းဆုရတီစိုးတို႔ရဲ႕အခ်စ္ေရးကို ႐ူးေအာင္ခ်စ္ရသူ သီခ်င္းနဲ႔ ဆက္စပ္ၿပီး ပရိသတ္ေတြ စိတ္ဝင္စားခဲ့တာျဖစ္ပါ တယ္။
နန္းဆုရတီ စိုး က လက္ရွိမွာ သီခ်င္းမ်ားဖန္တီးေနၿပီးသီခ်င္းေခြအသစ္ထြက္ဖို႔လည္း စီစဥ္ေနတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕
ခ်စ္သူ GFatt ကလည္း ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားသူတစ္ဦးျဖစ္ပါတယ္။
credit – celeyatkwat
Unicode
G-Fatt က အနှစ် ၂၀ လောက်ကြိုးစားခဲ့ရတဲ့ ခန္ဓာကိုယ်က ဝ လာလို့ ပျော်နေပါတယ်။ ချစ်သူလေး နန်းဆုရတီစိုးကလည်း
G-Fatt တစ်ယောက် ဝလာမှ ပိုချောလာတယ်လို့ ပြောပြခဲ့ဖူးပါတယ်။
အဆိုတော် G-Fatt တစ်ယောက် ဝ တဲ့သူတစ်ယောက်ဖြစ်ဖို့ အနှစ် ၂၀ လောက် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
ပရိသတ်တွေက ပိန်တယ်ပြောလို့ ဝအောင် မနည်းကြိုးစားထားရတာပါတဲ့။
‘’မင်း ဝ လာ တယ် နော် လို့။ အပြောခံရဖို့ နှစ် နှစ်ဆယ် ကျော် စောင့်ခဲ့ ရတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ နေ့လယ်
၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ G-Fatt တစ်ယောက် နန်းဆုနဲ့ ချစ်သူတွေ
ဖြစ်ပြီးတော့မှ ပိုဝ ပြီး ပိုချောလာတယ်လို့လည်း ပရိသတ်တွေက Comment တွေ ပေးထားကြတာကို တွေ့ရပါတယ်။
G-Fatt ဟာ နန်းဆုရတီစိုးနဲ့ တွဲလာတာ ကြာတဲ့အချိန်မှာတော့ ဝဝဖြိုးဖြိုးနဲ့ ပိုပြီးတော့ ကြည့်ကောင်းလာတာ တွေ့ရပါတယ်။
နန်းဆုကိုယ်တိုင်ကလည်း G-Fatt ပိုချောလာတဲ့ အကြောင်းကိုDuwun Media ကနေ ဝန်ခံ ပြောပြခဲ့ပါတယ်။
‘’ကိုယ်လည်း မြင်တာ ပိုပြီးတော့ ချောလာသလိုပဲ။ ပိုပြီးတော့လည်း ဝလာတယ်။ပိုပြီးတော့လည်း အသားဖြူ လာတယ်။
ကျွေးတာလေ သူ့ကို ကိုယ်က လျှော့စားလိုက်ပြီးသူ့ကို များများစားခိုင်းတယ်။ နို့မို့ဆိုရင် သူကအ ရမ်းပိန်နေရင်
ကိုယ်ကဝသလိုဖြစ်နေမှာလေ။ အဲ့ဒါကြောင့် သူက ဝလာတော့ အနေတော်ဖြစ်သွားတာပေါ့’’ လို့ Zoey”အမှတ်တံဆိပ်
Handmade အိတ်ဆိုင်ဖွင့်လှစ်ခြင်းအခမ်းအနားကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
အဆိုတော် G-Fatt တစ်ယောက် ဝဝဖြိုးဖြိုးဖြစ်လာမှ ဖောင်းကားနေတာပဲလို့ အပြောခံရတဲ့အပေါ် ရင်ဖွင့်ပြောပြလာပါတယ်။
‘’ပိန်ညှောင်နေတာပဲ ဆိုလို့ ဝ အောင်နေတယ်လေ။ အခု နဲနဲလေး ဝ လာမှ ဖောင်းကားနေတာပဲ တဲ့လား’’ ဆိုပြီးတော့ သူ့ရဲ့
ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါသေးတယ်။ သူတင်လိုက်တဲ့ စာလေးကြောင့်လည်း ပရိသတ်တွေက
သဘောကျလို့နေပါတယ်။
G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါ
တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများဖန်တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့
သိရပါတယ်။ သူ့ရဲ့ ချစ်သူ GFatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု
အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။
credit – celeyatkwat