“အသက္(၄၀)ဆုိေပမယ့္ အခုထိ ႏုပ်ိဳလွပေနတဲ့ Chae Rim (သို႔) ဆန္းမီ။”

Zawgyi

ေတာင္ကိုရီးယားမင္းသမီးေခ်ာ Chae Rim ကေတာ့ ပရိသတ္ေတြနဲ႔ အထူးမိတ္ဆက္ေပးစရာ မလိုတဲ့ သူပါ။သူမ ကိုေတာ့

ဆည္းဆာရင္ခုန္သံ ( All About Eve) ဆိုတဲ့ ဇာတ္ကားထဲက ဆန္းမီ ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ျမန္မာ ပရိ သတ္ ေတြၾကားမွာ

လူသိမ်ားသူပါ။ဇာတ္ကားေတြ မရိုက္တာကေတာ့ ေတ္ာေတာ္ကို ၾကာခဲ့ပါၿပီ။ပရိသတ္ေရွ႕ကေန ေပ်ာက္

ခ်က္သားေကာင္းေနခဲ့တာပါ။ဒါေပမယ့္ သူမရဲ႕ IG မွာေတာ့ Active ျဖစ္ေနတုန္းပါ။သူမရဲ႕ ေန႔စဥ္ဘ၀ လႈပ္ရွား မႈ

ပံုရိပ္ေလးေတြကို ေ၀မွ်ေနတုန္းပါ။

 

 

 

 

 

ဆန္းမီကို လြမ္းေနတဲ့ သူမရဲ႕ ပရိသတ္ေတြအတြက္ All About Eve (2000) ဇာတ္ကားအၿပီး (၁၉)ႏွစ္အၾကာမွာ သူမ

ဘယ္လိုေတြ ေျပာင္းလဲ သြားလဲဆိုတာကို သိႏိုင္ဖုိ႔ သူမရဲ႕ ပံုရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။(၁၉၇၉) ခုႏွစ္

မတ္(၂၈)မွာ ေမြးဖြားခဲ့တဲ့ သူမဟာ အခုဆိုရင္ေတာ့ အသက္္ (၄၀)ရွိေနပါၿပီ။ဒါေပမယ့္ (၄၀) လို႔ ကို လံုး၀ ထင္ ရက္

စရာမရွိေအာင္ မေန႔တေန႔ကလိုပဲ ႏုပ်ိဳလွပေနတုန္းပါ။

 

 

 

သူမဟာ (၁၉၉၄)ခုႏွစ္မွာ မင္းသမီးတစ္ေယာက္ အျဖစ္ ပြဲဦးထြက္ခဲ့သူပါ။ All About Eve (2000), Dal-ja’s Spring

(2007),Oh! My Lady (2010) ဆုိတဲ့ ဇာတ္လမ္းတြဲ ေတြကေတာ့ သူမရဲ႕ အရမ္းကို နာမည္ႀကီး ခဲ့တဲ့

ဇာတ္ကားေကာင္းေတြပါ။သူမဟာ (၁၉၉၄)မွာ Miss Haitai အျဖစ္ ပြဲဦးထြက္ခဲ့တာပါ။ဆည္းဆာရင္ခုန္သံ ဇာတ္ကား ကေတာ့

သူမကို ေအာင္ျမင္မႈ အႀကီးအက်ယ္ကို ရေစခဲ့တဲ့ ဇာတ္ကားပါ။

 

ဒီဇာတ္ကားနဲ႔ပဲ ကိုရီးယားပရိသတ္ေတြ တင္မဟုတ္ပဲ အာရွပရိသတ္ေတြရဲ႕ အားေပးမႈကို ပါရခဲ့တာပါ။တရုတ္နဲ႔ ထိုင္၀မ္ မွာ

အားေပးတဲ့ ပရိသတ္ေတြ အမ်ားႀကီး ရခဲ့ပါတယ္။ဒါေၾကာင့္လည္း ေနာက္ပို္င္းမွာေတာ့ သူမဟာ တရုတ္ဇာတ္ကားေတြ မွာ

ပါ၀င္ သရုပ္ ေဆာင္ ခဲ့တာပါ။MBC variety show တစ္ခုျဖစ္တဲ့ Music Camp မွာ 1999 ကေန 2000 အထိ Co-Host

အျဖစ္ နဲ႔ ပါ၀င္ သရုပ္္ေဆာင္ခဲ့ပါတယ္။(၂၀၁၈)မွာေတာ့ သူမဟာ ေအဂ်င္စီ သစ္ Hunus Entertainment နဲ႔ စာ ခ်ဳပ္ ခ်ဳပ္

ဆုိခဲ့ပါတယ္။

 

Chae Rim ကေတာ့ အိမ္ေထာင္ႏွစ္ဆက္ ပါ။သူမဟာ (၂၀၀၃) ေမ (၂၄) တုန္းက အဆုိေတာ္ Lee Seung-hwan နဲ႔

လက္ထပ္ခဲ့ပါတယ္။ဒါေပမယ့္ (၂၀၀၆) မတ္ (၃၁)မွာေတာ့ သူတုိ႔ႏွစ္ေယာက္ကြာရွင္းလိုက္ၿပီလို႔ Lee ရဲ႕ ေအဂ်င္္စီ Cloud Fish

ကေန ေၾကညာခဲ့ပါတယ္။တကယ္ကေတာ့ (၂၀၀၅) ဒီဇင္ဘာတည္းက ႏွစ္ေယာက္ သားကြဲေနခဲ့ၾကတာျဖစ္ၿပီး

စိတ္ဘေဘာထားမတိုက္ဆိုင္မႈေတြေၾကာင့္ ကြာရွင္းခဲ့တာလုိ႔ ဆိုပါတယ္။(၂၀၁၄) မတ္ မွာေတာ့ သူမဟာ တရုတ္မင္းသား Gao

Ziqi နဲဲ႔ တြဲခဲ့ပါတယ္။

တရုတ္ကားေတြ ရိုက္တာ မ်ားၿပီး တရုတ္မင္းသားနဲ႔ အ ေၾကာင္းပါသြားခဲ့တာပါ။Gao နဲ႔ Chae Rim တုိ႔ဟာ (၂၀၁၄)

ေအာက္တိုဘာမွာေတာ့ တရုတ္မွာ လက္ထပ္ ခဲ့ ၾကပါတယ္။သူတို႔ရဲ႕ ပထမဆံုး ရင္္ေသြးေလးကိုေတာ့ (၂၀၁၇)ဒီဇင္ဘာမွာ

ေမြးဖြားခဲ့ပါတယ္။သားေလးကိုေတာ့ သူတုိ႔ ဇနီးေမာင္ႏွံ႕ ‘Liu’ (လက္ေဆာင္လို႔ အဓိပၸါယ္ရ) လို႔ ေခၚၾကပါတယ္။

#Auntymay (ref;wikipedia)

Unicode

တောင်ကိုရီးယားမင်းသမီးချော Chae Rim ကတော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ သူပါ။သူမ ကိုတော့

ဆည်းဆာရင်ခုန်သံ ( All About Eve) ဆိုတဲ့ ဇာတ်ကားထဲက ဆန်းမီ ဆိုတဲ့ ဇာတ်ကောင်နဲ့ မြန်မာ ပရိ သတ် တွေကြားမှာ

လူသိများသူပါ။ဇာတ်ကားတွေ မရိုက်တာကတော့ တေ်ာတော်ကို ကြာခဲ့ပါပြီ။ပရိသတ်ရှေ့ကနေ ပျောက်

ချက်သားကောင်းနေခဲ့တာပါ။ဒါပေမယ့် သူမရဲ့ IG မှာတော့ Active ဖြစ်နေတုန်းပါ။သူမရဲ့ နေ့စဉ်ဘ၀ လှုပ်ရှား မှု

ပုံရိပ်လေးတွေကို ဝေမျှနေတုန်းပါ။

 

 

 

ဆန်းမီကို လွမ်းနေတဲ့ သူမရဲ့ ပရိသတ်တွေအတွက် All About Eve (2000) ဇာတ်ကားအပြီး (၁၉)နှစ်အကြာမှာ သူမ

ဘယ်လိုတွေ ပြောင်းလဲ သွားလဲဆိုတာကို သိနိုင်ဖို့ သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁၉၇၉) ခုနှစ်

မတ်(၂၈)မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင်တော့ အသက် (၄၀)ရှိနေပါပြီ။ဒါပေမယ့် (၄၀) လို့ ကို လုံး၀ ထင် ရက်

စရာမရှိအောင် မနေ့တနေ့ကလိုပဲ နုပျိုလှပနေတုန်းပါ။

သူမဟာ (၁၉၉၄)ခုနှစ်မှာ မင်းသမီးတစ်ယောက် အဖြစ် ပွဲဦးထွက်ခဲ့သူပါ။ All About Eve (2000), Dal-ja’s Spring

(2007),Oh! My Lady (2010) ဆိုတဲ့ ဇာတ်လမ်းတွဲ တွေကတော့ သူမရဲ့ အရမ်းကို နာမည်ကြီး ခဲ့တဲ့

ဇာတ်ကားကောင်းတွေပါ။သူမဟာ (၁၉၉၄)မှာ Miss Haitai အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ဆည်းဆာရင်ခုန်သံ ဇာတ်ကား

ကတော့ သူမကို အောင်မြင်မှု အကြီးအကျယ်ကို ရစေခဲ့တဲ့ ဇာတ်ကားပါ။

 

 

 

ဒီဇာတ်ကားနဲ့ပဲ ကိုရီးယားပရိသတ်တွေ တင်မဟုတ်ပဲ အာရှပရိသတ်တွေရဲ့ အားပေးမှုကို ပါရခဲ့တာပါ။တရုတ်နဲ့ ထိုင်ဝမ်

မှာ အားပေးတဲ့ ပရိသတ်တွေ အများကြီး ရခဲ့ပါတယ်။ဒါကြောင့်လည်း နောက်ပိုင်းမှာတော့ သူမဟာ တရုတ်ဇာတ်ကားတွေ

မှာ ပါဝင် သရုပ် ဆောင် ခဲ့တာပါ။MBC variety show တစ်ခုဖြစ်တဲ့ Music Camp မှာ 1999 ကနေ 2000 အထိ Co-

Host အဖြစ် နဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။(၂၀၁၈)မှာတော့ သူမဟာ အေဂျင်စီ သစ် Hunus Entertainment နဲ့ စာ

ချုပ် ချုပ် ဆိုခဲ့ပါတယ်။

 

 

Chae Rim ကတော့ အိမ်ထောင်နှစ်ဆက် ပါ။သူမဟာ (၂၀၀၃) မေ (၂၄) တုန်းက အဆိုတော် Lee Seung-hwan နဲ့

လက်ထပ်ခဲ့ပါတယ်။ဒါပေမယ့် (၂၀၀၆) မတ် (၃၁)မှာတော့ သူတို့နှစ်ယောက်ကွာရှင်းလိုက်ပြီလို့ Lee ရဲ့ အေဂျင်စီ

Cloud Fish ကနေ ကြေညာခဲ့ပါတယ်။တကယ်ကတော့ (၂၀၀၅) ဒီဇင်ဘာတည်းက နှစ်ယောက် သားကွဲနေခဲ့ကြတာဖြစ်ပြီး

စိတ်ဘဘောထားမတိုက်ဆိုင်မှုတွေကြောင့် ကွာရှင်းခဲ့တာလို့ ဆိုပါတယ်။(၂၀၁၄) မတ် မှာတော့ သူမဟာ

တရုတ်မင်းသား Gao Ziqi နဲ့ တွဲခဲ့ပါတယ်။

 

တရုတ်ကားတွေ ရိုက်တာ များပြီး တရုတ်မင်းသားနဲ့ အ ကြောင်းပါသွားခဲ့တာပါ။Gao နဲ့ Chae Rim တို့ဟာ (၂၀၁၄)

အောက်တိုဘာမှာတော့ တရုတ်မှာ လက်ထပ် ခဲ့ ကြပါတယ်။သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကိုတော့

(၂၀၁၇)ဒီဇင်ဘာမှာ မွေးဖွားခဲ့ပါတယ်။သားလေးကိုတော့ သူတို့ ဇနီးမောင်နှံ့ ‘Liu’ (လက်ဆောင်လို့ အဓိပ္ပါယ်ရ) လို့

ခေါ်ကြပါတယ်။

#Auntymay (ref;wikipedia)

Leave a Reply

Your email address will not be published.