ချစ်သမီးချောလေး စံထိပ်ထားဦးနဲ့ အတူ ဆင်တူဝတ်စုံလေးဝတ်ပြီး လူငယ်ဆန်ဆန်လွတ်လပ်ပေါ့ပါး စွာလှပနေတဲ့ခိုင်သင်းကြည်

ပြည်သူချစ်အနုပညာရှင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ဇာတ်ကောင်းပေါင်းများစွာမှာ နေရာယူခဲ့ပြီး ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်လို့ အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ခိုင်သင်းကြည် က သူမရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အနုပညာအလုပ်ကို အလေးထားပြီး ကြိုးစားသူတစ်ယောက်ဖြစ်လို့ အောင်မြင်မှု့တွေကို ရရှိလာခဲ့တာပါ။သူမကို မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြကာ စိတ်သဘော ထားရိုးရှင်းဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကိုလည်း ပိုင်ဆိုင် ထားပြီး ချစ်ရတဲ့ ယောကျာ်းရယ် သမီးလေးရယ်နဲ့ အတူတူ ဘဝခရီးကို လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။သူမရဲ့ အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မက်မက် ကြိုးစားသလို သူမရဲ့ မိသားစု ကိုလည်း လစ်ဟာမှု့မရှိအောင် ဂရုစိုက်တဲ့သူတစ်ယောက်ပါ။ယခုချိန်ထိ နုငယ်ပျိုမျစ်ဆဲအလှတွေနဲ့အတူ လူငယ်လေးတွေလို သွက်သွက်လက်လက်နဲ့ နေထိုင်တဲ့သူတစ်ယောက်မို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။

ခိုင်သင်းကြည်က အခုချိန်ထိလည်း အနုပညာအလုပ်တွေ ကို ဆက်လက်လုပ်ကိုင်နေပြီး ပိုမိုကောင်းမွန်တဲ့ သူမရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေက ပရိသတ်ရဲ့ ရင်ထဲထိ ထိမှန်စေပါတယ်နော်။အသက်အရွယ်တစ်ခုကို ရောက်လာတာတောင် လှပပျိုမျစ်နေဆဲဖြစ်တဲ့ သူမရဲ့ အလှတရားတွေက မိန်းကလေးတိုင်းအားကျစရာပါနော်။အခုဆိုရင်လည်း မခိုင်လေးက ချစ်သမီးချောလေးစံထိပ်ထားဦးနဲ့အတူ ဆင်တူဝတ်စုံလေးဝတ်ပြီး လူငယ်ဆန်ဆန်လွတ်လပ်ပေါ့ပါးစွာလှပနေတဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

crd : myanmarload