You are here
Home > Celebrity > ခင္ပြန္းသည္နဲ႔ ရည္းစားျဖစ္တုန္းကအေၾကာင္းေလးေတြကို ဝတၳဳအျဖစ္ေရးသားၿပီး စာအုပ္ထုတ္လုိက္တဲ့ ဂူဟဲေဆာင္းန္

ခင္ပြန္းသည္နဲ႔ ရည္းစားျဖစ္တုန္းကအေၾကာင္းေလးေတြကို ဝတၳဳအျဖစ္ေရးသားၿပီး စာအုပ္ထုတ္လုိက္တဲ့ ဂူဟဲေဆာင္းန္

ျမန္မာပရိတ္သတ္ေတြ F4 မင္းသမီးလို႔ သိၾကတဲ့ သရုပ္ေဆာင္ ဂူဟဲေဆာင္းန္ဟာ အႏုပညာနဲ႔ ပတ္သတ္ရင္ သရုပ္ေဆာင္အလုပ္တစ္ခုတည္းသာမဟုတ္ပဲ က်န္တဲ့ အႏုပညာရပ္ေတြမွာပါ ပါရမီထူးကဲသူတစ္ဦးျဖစ္ပါတယ္။ မင္းသမီးေလး ဂူဟဲေဆာင္းန္ဟာ သရုပ္ေဆာင္အလုပ္အျပင္ ပန္းခ်ီဆရာမ တစ္ဦးအေနနဲ႔ ရပ္တည္ေနသူတစ္ဦးျဖစ္ၿပီး အခုဆိုရင္ သူမကိုယ္တိုင္ ေရးသားထားတဲ့ စာအုပ္ကို မိတ္ဆက္ေပးလုိက္ၿပီျဖစ္ပါတယ္။ ဂူဟဲေဆာင္းန္ ထြက္ရွိလာတဲ့ စာအုပ္နာမည္နဲ႔ စာအုပ္ထဲမွာ ပါဝင္မယ့္ အေၾကာင္းအရာေလးေတြက ဘယ္လုိျဖစ္မယ္ဆုိတာ သိရွိဖို႔ ဆက္လက္ဖတ္ရွုလုိက္ရေအာင္။

သရုပ္ေဆာင္ ဂူဟဲေဆာင္းန္ဟာ သရုပ္ေဆာင္တာအျပင္ ပန္းခ်ီဆရာ၊ စာေရးဆရာမ အလုပ္ေတြသာမက ရုပ္ရွင္ဒါရိုက္တာ၊ ေတးေရးဆရာ ၊ အဆုိေတာ္ အစရွိတဲ့အလုပ္မ်ားကိုလဲ လုပ္ကိုင္သူတစ္ဦးျဖစ္ပါတယ္။ အခုလို အႏုပညာမွာ အဖက္ဖက္က ထူးခၽြန္ေနတဲ့သရုပ္ေဆာင္ ဂူဟဲေဆာင္းန္ ထြက္ရွိမယ့္ စာအုပ္နာမည္ကေတာ့ “Tears are heart-shaped” ပဲျဖစ္ပါတယ္။

ယေန႔ ဇူလုိင္ (၁၀) ရက္ေန႔မွာ ဂူဟဲေဆာင္န္းဟာ သူမ စာအုပ္အသစ္ကို မိတ္ဆက္ခဲ့ၿပီး ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကို ေျပာျပလာပါတယ္။

“Sojoo လို႔ အမည္ရတဲ့ ထူးျခားတဲ့အမူအက်င့္ေတြ ပိုင္ဆုိင္ထားတဲ့ မိန္းကေလးတစ္ဦးနဲ႔ သူမကို ခ်စ္မိသြားတဲ့ Sang Sik လို႔အမည္ရတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္း ေရးသားထားတာျဖစ္ပါတယ္၊ ဒီဝတၳဳထဲက အေၾကာင္းအရာေတြက ျပင္ပမွာ ကၽြန္မအမ်ိဳးသားနဲ႔ ရည္းစားဘဝတုန္းက အေၾကာင္းအရာေလးေတြနဲ႔ သက္ဆိုင္ေနပါတယ္” ဆုိၿပီး ေျပာျပသြားပါတယ္။

တစ္ဖန္ ခင္ပြန္းျဖစ္သူ Ahn Jae Hyun က ဂူဟဲေဆာင္းန္ေရးသားထားတဲ့ “Tears are heart-shaped” ကိုဖတ္ၿပီး သူ႔အေတြ႕အႀကဳံနဲ႔တူေၾကာင္း ဒီဇာတ္လမ္းရဲ႕ ကာရုိက္တာက သူကိုယ္တုိင္လုိ႔ ခံစားရေၾကာင္း ေျပာၾကားလာပါတယ္။ ဂူဟဲေဆာင္းန္ ကိုယ္တုိင္ကလဲ ဒီဇာတ္လမ္းဟာ သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ အေၾကာင္းကို အေျခခံၿပီး ေရးထားတာျဖစ္ေၾကာင္း ဝန္ခံထားတာျဖစ္ၿပီး သူတုိ႔စုံတြဲကို အားက်တဲ့ ပရိတ္သတ္ေတြ ဝယ္ဖတ္သင့္တဲ့ စာအုပ္ေကာင္းေလးတစ္အုပ္ျဖစ္လာမွာပါ။

ဂူဟဲေဆာင္းန္ဟာ Blood ရုပ္သံဇာတ္လမ္းတြဲမွာ အတူပါဝင္သရုပ္ေဆာင္ခဲ့တဲ့ မင္းသား Ahn Jae Hyun နဲ႔ ေမလပိုင္း ၂၀ ရက္ေန႔၊ ၂၀၁၆ ခုႏွစ္မွာ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုဆုိရင္ အိမ္ေထာင္သက္တမ္း သုံးႏွစ္တိတိရွိခဲ့ၿပီပဲျဖစ္ပါတယ္။ အသက္အရြယ္အားျဖင့္ ကြာျခားေပမယ့္ တစ္ဦးအေပၚတစ္ဦး ေဖးေဖးမမနဲ႔ အခ်စ္မျပယ္တဲ့ မနဲ႔ေမာင္ပါပဲ။

Source-allkpop,CRD-Popolay

UNICODE

ခင်ပွန်းသည်နဲ့ ရည်းစားဖြစ်တုန်းကအကြောင်းလေးတွေကို ဝတ္ထုအဖြစ်ရေးသားပြီး စာအုပ်ထုတ်လိုက်တဲ့ ဂူဟဲဆောင်းန်

မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ အနုပညာနဲ့ ပတ်သတ်ရင် သရုပ်ဆောင်အလုပ်တစ်ခုတည်းသာမဟုတ်ပဲ ကျန်တဲ့ အနုပညာရပ်တွေမှာပါ ပါရမီထူးကဲသူတစ်ဦးဖြစ်ပါတယ်။ မင်းသမီးလေး ဂူဟဲဆောင်းန်ဟာ သရုပ်ဆောင်အလုပ်အပြင် ပန်းချီဆရာမ တစ်ဦးအနေနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပြီး အခုဆိုရင် သူမကိုယ်တိုင် ရေးသားထားတဲ့ စာအုပ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဂူဟဲဆောင်းန် ထွက်ရှိလာတဲ့ စာအုပ်နာမည်နဲ့ စာအုပ်ထဲမှာ ပါဝင်မယ့် အကြောင်းအရာလေးတွေက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ သရုပ်ဆောင်တာအပြင် ပန်းချီဆရာ၊ စာရေးဆရာမ အလုပ်တွေသာမက ရုပ်ရှင်ဒါရိုက်တာ၊ တေးရေးဆရာ ၊ အဆိုတော် အစရှိတဲ့အလုပ်များကိုလဲ လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။ အခုလို အနုပညာမှာ အဖက်ဖက်က ထူးချွန်နေတဲ့သရုပ်ဆောင် ဂူဟဲဆောင်းန် ထွက်ရှိမယ့် စာအုပ်နာမည်ကတော့ “Tears are heart-shaped” ပဲဖြစ်ပါတယ်။

ယနေ့ ဇူလိုင် (၁၀) ရက်နေ့မှာ ဂူဟဲဆောင်န်းဟာ သူမ စာအုပ်အသစ်ကို မိတ်ဆက်ခဲ့ပြီး ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြလာပါတယ်။

“Sojoo လို့ အမည်ရတဲ့ ထူးခြားတဲ့အမူအကျင့်တွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ဦးနဲ့ သူမကို ချစ်မိသွားတဲ့ Sang Sik လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်း ရေးသားထားတာဖြစ်ပါတယ်၊ ဒီဝတ္ထုထဲက အကြောင်းအရာတွေက ပြင်ပမှာ ကျွန်မအမျိုးသားနဲ့ ရည်းစားဘဝတုန်းက အကြောင်းအရာလေးတွေနဲ့ သက်ဆိုင်နေပါတယ်” ဆိုပြီး ပြောပြသွားပါတယ်။

တစ်ဖန် ခင်ပွန်းဖြစ်သူ Ahn Jae Hyun က ဂူဟဲဆောင်းန်ရေးသားထားတဲ့ “Tears are heart-shaped” ကိုဖတ်ပြီး သူ့အတွေ့အကြုံနဲ့တူကြောင်း ဒီဇာတ်လမ်းရဲ့ ကာရိုက်တာက သူကိုယ်တိုင်လို့ ခံစားရကြောင်း ပြောကြားလာပါတယ်။ ဂူဟဲဆောင်းန် ကိုယ်တိုင်ကလဲ ဒီဇာတ်လမ်းဟာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရေးထားတာဖြစ်ကြောင်း ဝန်ခံထားတာဖြစ်ပြီး သူတို့စုံတွဲကို အားကျတဲ့ ပရိတ်သတ်တွေ ဝယ်ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်လာမှာပါ။

ဂူဟဲဆောင်းန်ဟာ Blood ရုပ်သံဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ahn Jae Hyun နဲ့ မေလပိုင်း ၂၀ ရက်နေ့၊ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း သုံးနှစ်တိတိရှိခဲ့ပြီပဲဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ကွာခြားပေမယ့် တစ်ဦးအပေါ်တစ်ဦး ဖေးဖေးမမနဲ့ အချစ်မပြယ်တဲ့ မနဲ့မောင်ပါပဲ။

 

Top
//grunoaph.net/4/3018672