အားလပ်ချိန်မှာလုပ်ဖြစ်တဲ့အရာလေးတွေကို ပြောပြလာခဲ့တဲ့ စိုးပြည့်သဇင်

နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင် ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေထံကို အကောင်းဆုံး ချပြပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပြီး ချစ်ရတဲ့မိသားစုတွေကိုလည်း အချိန်ပေးပြီးခရီးတွေထွက်ရင်း ဘဝခရီးကို ပျော်ပျော်ကြီးခရီးဆက်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဘဝခရီးကို ပျော်ပျော်ကြီးခရီးဆက်နေတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း ရပ်ရပ်ရောရော လှူဒါန်းပေးလှူတတ်သူလေးတစ်ယောက်ပါ။ အရမ်းကို ကြင်နာတတ်တဲ့ စိုးပြည့်ကတော့ အားလုံးရဲ့ လေးစားမှုတွေနဲ့အတူ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စိုးပြည့်က သူမရဲ့ အားလပ်ရက်တွေမှာ လုပ်ဖြစ်တဲ့အရာလေးတွေကို အစီအစဉ်တစ်ခုအနေနဲ့ ရိုက်ကူးပြသပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ လုပ်လေ့လုပ်ထရှိတဲ့ စိုးပြည့်ရဲ့အကြောင်းလေးကလည်း အရမ်းကို စိတ်ဝင်စားစရာကောင်းလှပါတယ်နော်။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် အားလပ်ရက်တွေမှာ လုပ်လေ့လုပ်ထရှိတဲ့ စိုးပြည့်ရဲ့အကြောင်းကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ အားလပ်ရက်တွေမှာ လုပ်လေ့လုပ်ထရှိတဲ့အကြောင်းကို အစီအစဉ်တစ်ခုအနေနဲ့ရိုက်ကူးခဲ့တဲ့ စိုးပြည့်ရဲ့ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

သူမအားလပ်ချိန်တွေမှာ လုပ်ဖြစ်တဲ့အကြောင်းအရာလေးတွေကို ပြောပြလာခဲ့တဲ့ စိုးပြည့်ကတော့ ” ၈နှစ်ကျော်ခဲ့ပြီပေါ့…သူတို့လေးတွေနေ့တိုင်း တနေ့ကိုနှစ်ကြိမ်လာစားကြပါတယ် ” ဆိုပြီး (၈) နှစ်ကျော်ကြာခဲ့သည့်တိုင်အောင် ခိုလေးတွေကို အစာကျွေးဖြစ်ကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်အလုပ်အပြင် ဂီတအလုပ်ဖြစ်တဲ့ အဆိုအလုပ်ကိုပါ အရမ်းဝါသနာပါတဲ့ စိုးပြည့်လေးကတော့ ” ဝါသနာတွေထဲကတစ်ခု.. ” ဆိုပြီး အားလပ်ရက်တွေမှာ သံစဉ်တွေနဲ့ စီးမျှောကြောင်းကို ပြောပြလာခဲ့တာပါ။

နောက်တစ်ခုအနေနဲ့ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တဲ့ သူမကတော့ အိမ်မှုကိစ္စတွေကိုလုပ်ရတာလည်း ဝါသနာပါသူလေးမို့ “ဒုတိယဝါသနာလေးပါ.” ဆိုပြီး အားလပ်ရက်တွေမှာ မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင်ဟင်းတွေချက်ဖြစ်ကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

စိုးပြည့်က သူမရဲ့အားလပ်ရက်တွေမှာ အမြဲလုပ်လေ့လုပ်ထရှိတဲ့အကြောင်းကို ပြောပြလာခဲ့တဲ့အတွက် ပရိသတ်တွေလည်း သဘောကျမိမယ်လို့ ထင်ပါတယ်။ အများမသိသေးတဲ့ သူမရဲ့ အားလပ်ရက်တွေအကြောင်းကို ပြောပြလာခဲ့တဲ့ စိုးပြည့်ကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay

Ref : Soe Pyae Thazin’s Facebook