အသက်ကြီးလာရင် မေ့တက်လာတယ် ဆိုတာကို သက်သေပြလိုက်တဲ့ မြတ်ကေသီအောင်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာ ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရှိခဲ့ပြီး ခုအချိန်ထိ ငယ်ရွယ်နုပျို နေတဲ့ အမျိုးသမီးတစ်ယောက်လဲဖြစ်ပါတယ်။ သူမက ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သူမက နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရင်ဘတ်ထဲက ဓါးရုပ်ရှင်ဇာတ်ကား ဘဲဖြစ်ပါတယ်။

သူမက အကယ်ဒမီ ၂ဆုရှင်ဖြစ်ပြီး ၁၉၉၉ခုနှစ်က ရင်ထဲကဆောင်းရာသီဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆု၊ ၂၀၀၅ခုနှစ်က ချစ်ခြင်းဖွဲ့ မေတ္တာ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ မြတ်ကေသီအောင်ဟာ ၀ါရင့်သရုပ်ဆောင်ပီပီ ပရိသတ်ချစ်အောင်လုပ်ရတဲ့ ဇာတ်ရုပ်မှာလဲ တကယ့်ကိုပီပြင်လွန်းလှသလို ၊ မုန်းအောင်လုပ်ရမယ့် ဇာတ်ရုပ်မှာလဲ ဆက်ကြည့်ချင်စိတ်မရှိတော့လောက်အောင်ကို မုန်းတီးသွားနိုင်တဲ့အထိ သရုပ်ဆောင် ပီပြင်လွန်းလှပါတယ်။

အကယ်ဒမီ မြတ်ကေသီအောင်ဟာ ယခုနောက်ပိုင်းမှာတော့ မောင်လေးနဲ့အတူ “Super Coffee LU Gallery” ဆိုတဲ့ ဆိုင်လေးကို ဖွင့်လှစ်ကာ စီးပွားရေးဘက်ကိုဘဲ ဦးတည်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် သူမက အားလပ်ချိန်တွေနဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကိုတော့ လူမှုကွန်ယက် စာမျက်နှာကနေ သူ့ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။ ယနေ့မှာတော့ သူမ ရဲ့ နမော်နမဲ့ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြလာပါတယ်။

သူမ ပြောပြခဲ့တာကတော့ “ ဗီဇာ သွားလျှောက် တာ ဘယ်လောက်နမော်နမဲ့ နိင်သလဲဆို အိပ်ခန်းထဲမှာ စီးတဲ့ ဖိနပ်နဲ့သွားလိုက်တာ …… ဓာတ်ပုံရိုက်မှပဲတွေ့တော့တယ် 😀 ( အသက်ကြီးလာတော့ မေ့တတ်လာပြီ)” လို့ ဆိုကာ ပုံလေးနဲ့ အတူရေးသား ခဲ့ပါတယ်။ အဲ့ဒီလိုမေ့တက်ပုံလေးတွေကို ကြုံတွေ့ရဖူးလားပရိသတ်ကြီး၊ အဲ့လိုအမှတ်တရလေးတွေရှိရင်လဲ ပြောပြခဲ့ပါဦး ။

ဖတ်ရှု့ပေးသူတွေကို မိုမိုလေးမှကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)

Source – Myat kaythi aung ‘sfb