Mytel VR Experience ရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ နေတိုး

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချောနေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ အပိုအလိုမရှိ သရုက်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလမ်းမပေါ်မှာ အောင်မြင်စွာ ရပ်တည်နေတဲ့ နေတိုးကအခုဆိုရင် အကယ်ဒမီဆုကြီး သုံးဆုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နေတိုးကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့အနယ်နယ်မှာ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ နေတိုးက မနေ့က ဇူလိုင်လ(၁၃) ရက်နေ့မှာတော့ Mytel VR Experience အတွက်ရိုက်ကူးရေး လုပ်ပေးခဲ့ပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် မင်းသားချော နေတိုးရဲ့ Mytel VR Experience shooting ပေါ်မှ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

နေတိုးသရုပ်ဆောင်ထားတဲ့ Mytel ရဲ့ Mytel မိုက်တယ် ကြော်ငြာကလည်း ပရိသတ်တွေကြားမှာ တော်တော်လေးရေပန်းစားပြီး လူကြိုက်များခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ အသက်သုံးဆယ်ကျော်အရွယ်ထိတိုင် နုပျိုလန်းဆန်းနေတာဖြစ်ပြီး တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ပိုလို့တောင် တိုးလာတာပဲ ဖြစ်ပါတယ်။

နေတိုးက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မကြာခင်မှာလည်း “စစ်ကား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်တို့နဲ့ အတူတူ သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

နေတိုးက လက်ရှိမှာတော့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေသလို အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: Nay Toe’s fb