You are here
Home > အနုပညာ > ခေတ် နဲ့ သစ်က အမေ နဲ့ အပြည့်အဝ တူကြောင်း သက်သေပြ လိုက်တဲ့ ချစ်သုဝေ

ခေတ် နဲ့ သစ်က အမေ နဲ့ အပြည့်အဝ တူကြောင်း သက်သေပြ လိုက်တဲ့ ချစ်သုဝေ

နိုင်ငံကျော် မင်းသမီးချောလေး ချစ်သုဝေက အနုပညာလောက မှာ အချိန်အတော်ကြာ အောင်မြင်မှု ရရှိနေသူလေး ဖြစ်ပါတယ်။ ချစ်သုဝေက အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က ချစ်စရာကောင်းပြီး စကားတတ်လွန်းလို့ ပရိသတ်တွေက သာမက အနုပညာ အသိုင်းအဝိုင်းကပါ ချစ်ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်သုဝေက သူနဲ့ တစ်ထေရာတည်းတူတဲ့ သမီးလေးနှစ်ယောက်ရဲံ ပုံလေးတွေ ကို မျှဝေထားပါတယ်။ ထိုပုံတွေမှာ ချစ်သုဝေနဲ့ ခေတ်နဲ့သစ်တို့ရဲံ မျက်နှာလေးက သားအမိလို့ မပြောရအောင် ချွတ်စွတ်တူနေတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေက သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ “အဖေနဲ့တူတာဆို…hoon… ဘယ်သူ နဲ့တူလဲပြော???” လို့ရေးပြီး လင်းလင်း ကိုတောင် မျက်နှာပြောင်ထားပါသေးတယ်။

ခေတ်နဲ့သစ်ရဲ့ ဆူ ပုပ်ပုပ် မျက်နှာလေးတွေ၊ အသည်းယားစရာ အကြည့်လေးတွေက မေမေ ချစ်သုဝေဆီက အမွေ ရရှိတယ်ဆိုတာကို ရှုင်းရှင်းလင်းလင်း သိသွားလိမ့်မယ် ထင်ပါတယ်နော်။

ခေတ်နဲ့သစ်တို့ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေကို အသည်းယားအောင် လုပ်နေတာ ပဲနော်။ ပရိသတ်ကြီးလည်း ချစ်သုဝေတို့ သားအမိသုံးယောက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

credit – momolay

Top
//thefacux.com/4/3018672