လအနည်းငယ်ကအနှီးလေးထုတ်ပြီးချီခဲ့ရပေမယ့် အခု ခြေထောက်လေးတွေပါစမ်းထောက်တတ်နေပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သမီးလေး




Source: Khine Hnin Wai,CRD-Myanmarload

UNICODE

ချစ်ပရိတ်သတ်တို့ရေ… ပရဟိတလုပိတဲ့နေရာမှာ ပြိုင်စံရှားမင်းသမီးတစ်လတ်လည်းဖြစ်သလို မျိုးဆက်သစ်လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေဟာ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကိုခံထားရသူတစ်ယောက်ပါနော်။ လက်ရှိမှာဆိုရင် မိဘမဲ့ ကလေးတွေအတွက် သူမရဲ့ မေတ္တာတရားတွေနဲ့ ကြိုးစားဖန်တီးထားပေးတဲ့ ခိုင်မိသားစုဂေဟာလေးဟာလည်း ကလေးတွေရဲ ဆည်းလည်းသံတွေနဲ့သာယာအေးချမ်းလျက်ရှိပါတယ်နော်။

သူမရဲ့ မိသားစုရိပ်မြုံလေးကို ရောက်ရှိလာတဲ့ကလေးတွေကိုလည်း မိခင်အရင်းသဖွယ်ပြုစု ဂရုစိုက်ပေးပြီး သူမရဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့ ကလေးတွေကို ပြူစုပျိုးထောင်ပေးနေခဲ့ပါတယ်နော်။ အခုလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ မီးမီးလေး ခိုင်ရွှေသွန်းမေအကြောင်းကိုလည်း ပရိတ်သတ်တွေကို အကြွားပိုခဲ့ပြန်ပါတယ်နော်။ မီးမီးလေးဟာ အရမ်းလည်းလိမ္မာသလို လူလည်းမကြောက်တတ်တဲ့အတွက် မေမေနဲ့ သမီးလေးကတော့ လုံးဝကိုတွဲဖက်ညီနေခဲ့ပါတယ်နော်။

” လွန်ခဲ့တဲ့ လအနည်းလောက်တုန်းကပေါ့ ကျမရဲ့အင်တာဗျူးတွေ,ရိုက်ကူးရေးတွေမှာ ကျမသမီးလေး ခိုင်ရွှေသွန်းမေကို အနှီးလေးထုပ်ပြီးချီခဲ့ရတာ …အခုကြည့်ပါအုန်း ဂါဝန်လေးနဲ့ခေါင်းစည်းလေးနဲ့ ထိုင်နိုင်နေပြီ, ခေါင်းလေးတွေကောင်းကောင်းထောင်နိုင်ပြီ, ခြေထောက်လေးတွေစမ်းထောက်နေပြီ…” ဆိုပြီးပြောပြခဲ့ပါတယ်နော်။ “သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုတွေက ကျမအတွက်အားအင်တွေပဲ. ကျမ ရဲ့ ကလေးလေးတွေ စိတ်ပိုင်းဆိုင်ရာ,ရုပ်ပိုင်းဆိုင်ရာတွေမှာ ညိုးငယ်မှုမရှိအောင်, သူတို့တွေက ကံကောင်းတဲ့ကလေးလေးတွေဆိုတာသိစေဖို့ မေတ္တာတရားနဲ့ပဲသွန်သင်ဆုံးမမယ်…စိတ်ကူးထဲအတွေးတွေထဲမှာ သား/သမီးတွေအတွက် ရည်ရွယ်ချက်တွေ,လုပ်ပေးချင်တာတွေအပြည့်ပဲ…” ဆိုပြီး သူမရဲ့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေနဲ့ ရင်ထဲက စကားတွေကို ချစ်ပရိတ်သတ်တွေကိုပြောပြခဲ့ပြန်ပါတယ်နော်။