ေက်ာ္ေက်ာ္နႏၵကို အေရးယူေတာ့မယ့္ ျမန္မာသဘင္အစည္းအရံုး ၏ ထုတ္ျပန္ခ်က္

( Video ဖိုင္ကို ေအာက္ဆံုးမွာတြဲျပီး တင္ေပးထားပါတယ္ )

ျမန္မာယဥ္ေက်းမႈဝတ္စံုကို သရုပ္ပ်က္စြာဝတ္ဆင္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵရဲ႕ ဖက္ရွင္ဒီဇိုင္းအေပၚ ေဝဖန္မႈေတြရွိခဲ့တာ ပရိသတ္ႀကီး မွတ္မိမယ္ထင္ပါတယ္….ခုေတာ့ အဲလိုဝတ္ဆင္တဲ့အတြက္ ေက်ာ္ေက်ာ္နႏၵကို အေရးယူမယ္လို႔
ျမန္မာသဘင္အစည္းအရံုးကေန ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္….

ပရိသတ္ေတြရဲ႕ ေဝဖန္မႈအျပင္ သဘင္ေလာက က အႏုပညာရွင္ေတြကပါ ျမန္မာ့ယဥ္ေက်းမႈဝတ္စံုကို သရုပ္ပ်က္ေစတဲ့ ဝတ္စားဆင္ယင္မႈအေပၚ ရႈံ႕ခ်လာခဲ့တဲ့ေနာက္ပိုင္း ခုလို ထုတ္ျပန္ခ်က္ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္….

ပထမဆံုးေဝဖန္ခဲ့သူကေတာ့ သဘင္ေလာကသား တစ္ဦးျဖစ္ၿပီး သဘင္ေလာက ျပန္ၾကားေရးတစ္ဦးျဖစ္တဲ့ ဦးေကာင္းေက်ာ္ပဲ ျဖစ္ပါတယ္…ဦးေကာင္းေက်ာ္က ဒီလို သရုပ္ပ်က္ ဝတ္စားဆင္ယင္မႈကို ရႈံ႕ခ်တယ္လို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ သဘင္အဖြဲ႕အစည္းမွာ အတြင္းေရးမွဴး တစ္ဦးျဖစ္တဲ့ ဦးေနဝင္းကလည္း ျမန္မာ့ယဥ္ေက်းမႈကို ပ်က္စီးေစတဲ့ သရုပ္ပ်က္ဝတ္စံု ဝတ္သူကို အေရးယူမယ္လို႔ အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္…
အခုေတာ့ တကယ္ပဲ အေရးေတာ့မယ့္ တရားဝင္ေၾကညာခ်က္ကို ထုတ္ျပန္လိုက္တာပဲ ျဖစ္ပါတယ္…

ေက်ာ္ေက်ာ္နႏၵဟာ ဖက္ရွင္ဒီဇိုင္နာ အဆိုေတာ္တစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ ဖက္ရွင္ေတြ သီခ်င္းေတြေၾကာင့္ လူသိမ်ားသူျဖစ္သလို မၾကာခဏ ေဝဖန္ခံရသူလည္း ျဖစ္ပါတယ္..
အခုေတာ့ ျမန္မာ့ယဥ္ေက်းမႈဝတ္စံုကို သရုပ္ပ်က္ဒီဇိုင္းထြင္ခဲ့တာေၾကာင့္ အေရးယူခံရေတာ့မွာပဲ ျဖစ္ပါတယ္။ေအာက္မွာ ေက်ာ္ေက်ာ္နႏၵနဲ႔ ပတ္သက္ၿပီး
ေျဖၾကားထားတဲ့ အင္တာဗ်ဴးဗီဒီယိုဖိုင္ေလးကို ၾကည့္ရႈသြားၾကပါအံုးေနာ္….

ရုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : ျမန္မာႏိုင္ငံသဘင္အစည္းအရံုးဗဟို,Popular Journal

ယူနီကုဒ်ဖြင့်ဖတ်ရန်

မြန်မာယဉ်ကျေးမှုဝတ်စုံကို သရုပ်ပျက်စွာဝတ်ဆင်ခဲ့တဲ့ ကျော်ကျော်နန္ဒရဲ့ ဖက်ရှင်ဒီဇိုင်းအပေါ် ဝေဖန်မှုတွေရှိခဲ့တာ ပရိသတ်ကြီး မှတ်မိမယ်ထင်ပါတယ်….ခုတော့ အဲလိုဝတ်ဆင်တဲ့အတွက် ကျော်ကျော်နန္ဒကို အရေးယူမယ်လို့
မြန်မာသဘင်အစည်းအရုံးကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်….

ပရိသတ်တွေရဲ့ ဝေဖန်မှုအပြင် သဘင်လောက က အနုပညာရှင်တွေကပါ မြန်မာ့ယဉ်ကျေးမှုဝတ်စုံကို သရုပ်ပျက်စေတဲ့ ဝတ်စားဆင်ယင်မှုအပေါ် ရှုံ့ချလာခဲ့တဲ့နောက်ပိုင်း ခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်….

ပထမဆုံးဝေဖန်ခဲ့သူကတော့ သဘင်လောကသား တစ်ဦးဖြစ်ပြီး သဘင်လောက ပြန်ကြားရေးတစ်ဦးဖြစ်တဲ့ ဦးကောင်းကျော်ပဲ ဖြစ်ပါတယ်…ဦးကောင်းကျော်က ဒီလို သရုပ်ပျက် ဝတ်စားဆင်ယင်မှုကို ရှုံ့ချတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သဘင်အဖွဲ့အစည်းမှာ အတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ ဦးနေဝင်းကလည်း မြန်မာ့ယဉ်ကျေးမှုကို ပျက်စီးစေတဲ့ သရုပ်ပျက်ဝတ်စုံ ဝတ်သူကို အရေးယူမယ်လို့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်…
အခုတော့ တကယ်ပဲ အရေးတော့မယ့် တရားဝင်ကြေညာချက်ကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်…

ကျော်ကျော်နန္ဒဟာ ဖက်ရှင်ဒီဇိုင်နာ အဆိုတော်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဖက်ရှင်တွေ သီချင်းတွေကြောင့် လူသိများသူဖြစ်သလို မကြာခဏ ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်..
အခုတော့ မြန်မာ့ယဉ်ကျေးမှုဝတ်စုံကို သရုပ်ပျက်ဒီဇိုင်းထွင်ခဲ့တာကြောင့် အရေးယူခံရတော့မှာပဲ ဖြစ်ပါတယ်။အောက်မှာ ကျော်ကျော်နန္ဒနဲ့ ပတ်သက်ပြီး
ဖြေကြားထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကို ကြည့်ရှုသွားကြပါအုံးနော်….

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို,Popular Journal