အနုပညာကဝေကြီး နေတိုးရဲ့ “ရုးအောင်ချစ်မယ့်လူ” ဇာတ်ကားမှ ထိမိလှတဲ့ သရုပ်ဆောင်ချက်များ

ကျရာဇာတ်ရုပ်အတိုင်း အံဝင်ခွင်ကျအတိုင်း သရုပ်ဆောင်တတ်တဲ့ မင်းသားကြီး နေတိုးက အနုပညာလောကမှာ ဝါရင့်၊ သမ္ဘာရင့် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ နေတိုးက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့ပြီး အခုချိန်ထိလည်း အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်ဦး ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေလျက်ရှိပါတယ်။

နေတိုးရဲ့ နောက်ထပ် အနုပညာခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့အတူတူ တွဲဖက်ပြီး မမြင်တာကြာပြီဖြစ်တဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

“ရူးအောင်ချစ်မယ့်သူ” က စာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
မိုမိုလေးပရိသတ်တွေအတွက် “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှ နေတိုးရဲ့ သရုပ်ဆောင်ချက်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နေတိုးကတော့ အနုပညာကဝေလို့ တင်စားရလောက်အောင် သရုပ်ဆောင် စွမ်းရည်ကို ချီးကျူးလောက်ဖွယ် တွေ့ရပါတယ်။ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ (၁၂) ရက်နေ့မှစပြီး ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူး တင်ရှိပါတယ်။

RowenaSource: ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကား