ကြမ်းကြမ်းရမ်းရမ်းနဲ့ ခပ်မိုက်မိုက်ဇာတ်ဝင်ခန်းတစ်ခုကို မြင့်မြတ်နဲ့အတူတူ ပီပီပြင်ပြင်သရုပ်ဆောင်နေတဲ့မိုးအောင်ရင်




Source : Moe Aung Yin,CRD_Myanmarload

UNICODE

ချစ်ပရိတ်သတ်တို့ရေ… လက်တလောမှာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို အရင်ကထက် နှစ်ဆသုံးဆပိုပြီးရရှိနေပြီဖြစ်တဲ့ မိုးအောင်ရင်ဟာ လတ်တလောမှာ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်နော်။ အရင်ကတည်းက သရုပ်ဆောင်ကောင်းတဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အတွက် လူကြီးလူငယ်ပရိတ်သတ်တွေရဲ့အချစ်တွေကိုပိုင်ဆိုင်ထားခဲ့ရပါတယ်။

အခုလို သရုပ်ဆောင်အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာတဲ့အခါမှာလည်းအရင်ကနဲ့မတူတဲ့ ဖန်တီးမှုတွေ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ကောင်းကောင်းကြီးတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်နော်။ အရည်အချင်းရှိတဲ့အနုပညာရှင်တစ်ယောက်ကို အနုပညာလောကထဲမှာ ပြန်တွေ့ရလို့လည်း ပရိတ်သတ်တွေကဝမ်းသာပီတိဖြစ်နေကြပါတယ်နော်။ လတ်တလောမှာဆိုရင်လည်း မိုးအောင်ရင်ဟာ အောက်စီဂျင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေလျက်ရှိပါတယ်နော်။

ဒီဇာတ်ကားကိုတော့ သူ့ရဲ့သူငယ်ချင်းလည်းဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အချစ်တော် သဘာဝမင်းသား မြင့်မြတ်နဲ့အတူ ရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်နော်။ အခုလည်း ဒီဇာတ်ကားရဲ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေကို ချစ်ရတဲ့ပရိတ်သတ်တွေအတွက်ထုတ်ပြခဲ့ပါတယ်နော်။ သူငယ်ချင်းမြင့်မြတ်နဲ့အတူတူ ကြမ်းကြမ်းရမ်းရမ်းနဲ့ခပ်မိုက်မိုက် ဇာတ်ဝင်ခန်းတစ်ခုကို ပီပီပြင်ပြင် ကြိုးစားသရုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်မင်းသားချောနှစ်ယောက်မို့ မိန်းကလေးပရိတ်သတ်တွေရဲ့အားပေးမှုတွေလည်းမြင့်တက်နေခဲ့ပာတယ်နော်။ကဲ… မိုးအောင်ရင်တို့ရဲ့ ကိုက်ကွင်းကအမှတ်တရပုံရိပ်လေးတွေကို အားလုံးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Moe Aung Yin