.မေမေ့ ကိုချစ်လွန်းလို့ တင်းတင်း ကျပ်ကျပ် ဖတ်ထားပြီး ရယ်မောပျာ်ရွှင်နေကြတဲ့ မင်းသန့်မောင်မောင် တို့သားအမိနှစ်ယောက်

ပရိသတ်ကြီးရေ အကယ်ဒမီ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မေသန်းနုကတော့ တစ်ခေတ် တစ်ခါတည်းက အရမ်းအောင်မြင်ခဲ့ပြီး ပရိသတ်တွေ အရမ်းချစ်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။မေသန်းနုက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ် လူငယ်အနုပညာရှင်တွေကိုလည်းလက်တွဲခေါ်ဆောင်နေတာပါနော် ။မေသန်းနုကတော့ ယနေ့ အချိန်ထိနုပျိုလှပနေကာ ကျက်သရေရှိနေဆဲဖြစ်ပါတယ်။

မေသန်းနုကတော့ သားချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားလေးမင်းသန့်မောင်မောင်ကလည်း မိဘနှစ်ပါးရဲ့ အနုပညာသွေးတွေအပြည့်ပါတာကြောင့် အနုပညာ ကိုအရမ်းဝါသနာပါပါတယ်နော်။မင်းသန့်မောင်မောင်က ပြည်ပမှာလည်း အနုပညာနဲ့ပက်သက်တဲ့ပညာရပ်တွေကို သွားရောက်သင်ကြားလာပြီး အခုဆိုရင် မြန်မာပြည်ကိုပြန်လာက ဖေဖေဇင်ရော်မောင်မောင်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။

ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့မင်းသန့်မောင်မောင်တို့ ရိုက်ကူးတဲ့”တိမ်တွေပေါ်ကပန်း”ရုပ်ရှင်ဇာတ်ကားကြီးက ကိုရီးယားအနုပညာရှင်တွေလည်းပါဝင်ထားပြီး ရွှေကစ် ကျော်ထက်အောင်အပြင် မေသန်းနုနဲ့ အခြားအနုပညာရှင်များကပါဝင်ထားကြပါတယ်။တိမ်တွေပေါ်ကပန်း ရိုက်ကူးရေးအတွက် အဖွဲ့သားတွေအကုန်လုံး ချင်းတောင်ပေါ်ကိုရောက်ရှိနေကြပြီး မေသန်းနုကတော့ သားလေး မင်းသန့်မောင်မောင်နဲ့အတူ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:May Than Nu-Ma Sint/Min Thant Mg Mg,CRD-Myanmarload